אִיּוֹב
Chapter 14
Hebrew Old Testament (Ma…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

אִיּוֹב 14

Hebrew Old Testament (Masoretic Text)
Judson Burmese Bible (1840)
1אָ֭דָם יְל֣וּד אִשָּׁ֑ה קְצַ֥ר יָ֝מִ֗ים וּֽשְׂבַֽע־רֹֽגֶז׃
1လူ သည် မိန်းမ ဘွား သောသူဖြစ်သဖြင့်၊ အသက် တို၍ ဒုက္ခ နှင့် ပြည့်စုံ ပါ၏။
2כְּצִ֣יץ יָ֭צָא וַיִּמָּ֑ל וַיִּבְרַ֥ח כַּ֝צֵּ֗ל וְלֹ֣א יַעֲמֹֽוד׃
2ပန်းပွင့် ကဲ့သို့ ပွင့် ၍ ရိတ် ဖြတ်ခြင်းကိုခံရပါ၏။ မ တည် မရပ်ဘဲ အရိပ် ကဲ့သို့ ရွေ့ သွားတတ်ပါ၏။
3אַף־עַל־זֶ֭ה פָּקַ֣חְתָּ עֵינֶ֑ךָ וְאֹ֘תִ֤י תָבִ֖יא בְמִשְׁפָּ֣ט עִמָּֽךְ׃
3ထိုသို့ သောသူကို ကိုယ်တော် ကြည့် မှတ်တော်မူသလော။ အကျွန်ုပ် နှင့်ဘက်၍ တရား တွေ့တော်မူမည် လော။
4מִֽי־יִתֵּ֣ן טָ֭הֹור מִטָּמֵ֗א לֹ֣א אֶחָֽד׃
4မ သန့်ရှင်းသောအရာထဲက သန့်ရှင်း သောအရာကို အဘယ် သူထုတ်ဘော် နိုင်သနည်း။ အဘယ်သူ မျှမထုတ်မဘော်နိုင်ပါ။
5אִ֥ם חֲרוּצִ֨ים ׀ יָמָ֗יו מִֽסְפַּר־חֳדָשָׁ֥יו אִתָּ֑ךְ *חֻקֹּו (חֻקָּ֥יו) עָ֝שִׂ֗יתָ וְלֹ֣א יַעֲבֹֽור׃
5လူ ၏နေ့ ရက်တို့ကို မှတ်သား ၍၊ သူ နေရသော လ အရေ အတွက်ကို ကိုယ်တော်သည်သိသဖြင့်၊ သူ မ လွန် နိုင်သော အပိုင်း အခြားကို ထား တော်မူသောကြောင့်၊
6שְׁעֵ֣ה מֵעָלָ֣יו וְיֶחְדָּ֑ל עַד־יִ֝רְצֶ֗ה כְּשָׂכִ֥יר יֹומֹֽו׃
6မျက်စိတော်ကို လွှဲ ၍ လူသည်သူငှါး ကဲ့သို့ မိမိ နေ့ ရက်ကို လွန်စေသည်တိုင်အောင် ငြိမ်ဝပ် ရသောအခွင့် ကိုပေးတော်မူပါ။
7כִּ֤י יֵ֥שׁ לָעֵ֗ץ תִּ֫קְוָ֥ה אִֽם־יִ֭כָּרֵת וְעֹ֣וד יַחֲלִ֑יף וְ֝יֹֽנַקְתֹּ֗ו לֹ֣א תֶחְדָּֽל׃
7သစ်ပင် ကိုခုတ် သော်လည်း ၊ အငုတ်အချည်းစည်း မရှိဘဲ အတက် ပေါက် လေဦးမည်ဟု မြော်လင့် စရာ ရှိ ၏။
8אִם־יַזְקִ֣ין בָּאָ֣רֶץ שָׁרְשֹׁ֑ו וּ֝בֶעָפָ֗ר יָמ֥וּת גִּזְעֹֽו׃
8မြေ ထဲ မှာ အမြစ် ဟောင်း ၍ ၊ မြေ ပေါ် မှာ အငုတ် သေ သော်လည်း၊
9מֵרֵ֣יחַ מַ֣יִם יַפְרִ֑חַ וְעָשָׂ֖ה קָצִ֣יר כְּמֹו־נָֽטַע׃
9ရေ ငွေ့ ကြောင့် အတက် ပေါက်၍ ၊ ပျိုး ပင်ကဲ့သို့ အညွန့်တို့နှင့် ပြည့်စုံ လိမ့်မည်။
10וְגֶ֣בֶר יָ֭מוּת וַֽיֶּחֱלָ֑שׁ וַיִּגְוַ֖ע אָדָ֣ם וְאַיֹּֽו׃
10လူ မူကား သေ ၍ ဆွေးမြေ့ တတ်၏။ လူ သည် အသက် ချုပ်ပြီးလျှင် အဘယ် မှာရှိသနည်း။
11אָֽזְלוּ־מַ֭יִם מִנִּי־יָ֑ם וְ֝נָהָ֗ר יֶחֱרַ֥ב וְיָבֵֽשׁ׃
11အိုင် ရေ ပြတ် သကဲ့သို့၎င်း ၊ မြစ် ရေခန်း ခြောက် သကဲ့သို့၎င်း ၊
12וְאִ֥ישׁ שָׁכַ֗ב וְֽלֹא־יָ֫ק֥וּם עַד־בִּלְתִּ֣י שָׁ֭מַיִם לֹ֣א יָקִ֑יצוּ וְלֹֽא־יֵ֝עֹ֗רוּ מִשְּׁנָתָֽם׃
12လူ သည်အိပ် ပြီးမှ နောက်တဖန်မ ထ ရ။ မိုဃ်း ကောင်းကင် မကုန်မဆုံး မှီတိုင်အောင် မ နိုး ရ။ အအိပ် အပျော်မ ပျက် ရ။
13מִ֤י יִתֵּ֨ן ׀ בִּשְׁאֹ֬ול תַּצְפִּנֵ֗נִי תַּ֭סְתִּירֵנִי עַד־שׁ֣וּב אַפֶּ֑ךָ תָּ֤שִׁ֥ית לִ֖י חֹ֣ק וְתִזְכְּרֵֽנִי׃
13ကိုယ်တော်သည် အကျွန်ုပ် ကို သင်္ချိုင်း တွင်း၌ ဝှက်ထား တော်မူပါစေ။ အမျက် တော်မလွန် မှီတိုင်အောင် ကွယ်ကာ တော်မူပါစေ။ အကျွန်ုပ် ကိုအောက်မေ့ စရာ အချိန် ကို ချိန်းချက် တော်မူပါစေ။
14אִם־יָמ֥וּת גֶּ֗בֶר הֲיִ֫חְיֶ֥ה כָּל־יְמֵ֣י צְבָאִ֣י אֲיַחֵ֑ל עַד־בֹּ֝֗וא חֲלִיפָתִֽי׃
14လူ သည် သေ လျှင် အသက် ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲ ချိန်မ ရောက် မှီ၊ ပင်ပန်း စွာ အမှုထမ်းရသော နေ့ ရက်ကာလပတ်လုံး သည်းခံ လျက်နေ ပါမည်။
15תִּ֭קְרָא וְאָנֹכִ֣י אֶֽעֱנֶ֑ךָּ לְֽמַעֲשֵׂ֖ה יָדֶ֣יךָ תִכְסֹֽף׃
15အကျွန်ုပ် ကို ခေါ် တော်မူပါ။ အကျွန်ုပ် ပြန် လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်း တော်မူသောအရာကို သနားခြင်းစိတ်ရှိတော်မူပါ။
16כִּֽי־עַ֭תָּה צְעָדַ֣י תִּסְפֹּ֑ור לֹֽא־תִ֝שְׁמֹ֗ור עַל־חַטָּאתִֽי׃
16ယခုမှာ အကျွန်ုပ် ခြေရာ တို့ကို ကိုယ်တော်သည် ရေတွက် ၍၊ အကျွန်ုပ် အပြစ် တို့ကို စောင့် တော်မူ၏။
17חָתֻ֣ם בִּצְרֹ֣ור פִּשְׁעִ֑י וַ֝תִּטְפֹּ֗ל עַל־עֲוֹנִֽי׃
17အကျွန်ုပ် သည် မှား ခြင်းအကြောင်းအရာကို အိတ် ၌ တံဆိပ် ခတ်၍၊ အကျွန်ုပ် ဒုစရိုက် အပြစ်အပေါ် မှာ အထပ်ထပ်အပြစ်တင်တော်မူ၏။
18וְ֭אוּלָם הַר־נֹופֵ֣ל יִבֹּ֑ול וְ֝צ֗וּר יֶעְתַּ֥ק מִמְּקֹמֹֽו׃
18ပြို သောတောင် သည် ကွယ်ပျောက် တတ်ပါ၏။ ကျောက် သည်လည်း မိမိ နေရာ မှ ရွေ့ လျော့တတ်ပါ၏။ ရေ တိုက် သောကျောက်ခဲ သည်လည်း ပွန်း တတ်ပါ၏။
19אֲבָנִ֤ים ׀ שָׁ֥חֲקוּ מַ֗יִם תִּשְׁטֹֽף־סְפִיחֶ֥יהָ עֲפַר־אָ֑רֶץ וְתִקְוַ֖ת אֱנֹ֣ושׁ הֶאֱבַֽדְתָּ׃
19လွှမ်းမိုးသောရေနှင့်အတူ မြေ မှုန့် ပါသွားတတ်ပါ၏။ ထိုအတူ ကိုယ်တော်သည် လူ မြော်လင့် စရာ အကြောင်းကို ဖျက် တော်မူ၏။
20תִּתְקְפֵ֣הוּ לָ֭נֶצַח וַֽיַּהֲלֹ֑ךְ מְשַׁנֶּ֥ה פָ֝נָ֗יו וַֽתְּשַׁלְּחֵֽהוּ׃
20ကိုယ်တော်သည် လူ ကို အစဉ် နိုင် တော်မူ၍ ၊ လူသည်ကွယ်ပျောက် တတ်ပါ၏။ ထူးခြားသောမျက်နှာ ကိုပေး ၍ အခြားသို့ လွှတ် လိုက်တော်မူ၏။
21יִכְבְּד֣וּ בָ֭נָיו וְלֹ֣א יֵדָ֑ע וְ֝יִצְעֲר֗וּ וְֽלֹא־יָבִ֥ין לָֽמֹו׃
21သူ ၏သား တို့သည် ချီးမြှောက် ခြင်းသို့ ရောက်သော်လည်း သူသည်မ သိ ရပါ။ နှိမ့်ချ ခြင်းသို့ ရောက်သော်လည်း ထိုအမှုကိုပင် မ ရိပ်မိ ပါ။
22אַךְ־בְּ֭שָׂרֹו עָלָ֣יו יִכְאָ֑ב וְ֝נַפְשֹׁ֗ו עָלָ֥יו תֶּאֱבָֽל׃ פ
22သို့ရာတွင် သူ ၏ကိုယ် သည်ကိုက်ခဲ လျက်၊ သူ ၏ဝိညာဉ် သည်ညည်းတွား လျက်နေရပါသည်ဟု မြွက်ဆို၏။

Tip: use the ← and → keys to turn chapters.