דְּבָרִים 27
Hebrew Old Testament (Masoretic Text)Original language
Hebrew Old Testament (Masoretic Text)
Judson Burmese Bible (1840)
1וַיְצַ֤ו מֹשֶׁה֙ וְזִקְנֵ֣י יִשְׂרָאֵ֔ל אֶת־הָעָ֖ם לֵאמֹ֑ר שָׁמֹר֙ אֶת־כָּל־הַמִּצְוָ֔ה אֲשֶׁ֧ר אָנֹכִ֛י מְצַוֶּ֥ה אֶתְכֶ֖ם הַיֹּֽום׃
1တဖန် မောရှေ သည်၊ ဣသရေလ အမျိုး၌ အသက်ကြီး သူတို့နှင့်တကွ လူ များတို့ကို မှာ ထားသည်ကား၊ ယနေ့ ငါ ထား သမျှ သောပညတ် တို့ကို စောင့်ရှောက် ကြလော့။
2וְהָיָ֗ה בַּיֹּום֮ אֲשֶׁ֣ר תַּעַבְר֣וּ אֶת־הַיַּרְדֵּן֒ אֶל־הָאָ֕רֶץ אֲשֶׁר־יְהוָ֥ה אֱלֹהֶ֖יךָ נֹתֵ֣ן לָ֑ךְ וַהֲקֵמֹתָ֤ לְךָ֙ אֲבָנִ֣ים גְּדֹלֹ֔ות וְשַׂדְתָּ֥ אֹתָ֖ם בַּשִּֽׂיד׃
2သင်သည် ယော်ဒန် မြစ်ကို ကူး ၍ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် သို့ ရောက် သောအခါ ၊ ကြီး သောကျောက် တို့ကို ထူထောင် ၍ အင်္ဂတေ နှင့် မွမ်းမံ ရမည်။
3וְכָתַבְתָּ֣ עֲלֵיהֶ֗ן אֶֽת־כָּל־דִּבְרֵ֛י הַתֹּורָ֥ה הַזֹּ֖את בְּעָבְרֶ֑ךָ לְמַ֡עַן אֲשֶׁר֩ תָּבֹ֨א אֶל־הָאָ֜רֶץ אֲֽשֶׁר־יְהוָ֥ה אֱלֹהֶ֣יךָ ׀ נֹתֵ֣ן לְךָ֗ אֶ֣רֶץ זָבַ֤ת חָלָב֙ וּדְבַ֔שׁ כַּאֲשֶׁ֥ר דִּבֶּ֛ר יְהוָ֥ה אֱלֹהֵֽי־אֲבֹתֶ֖יךָ לָֽךְ׃
3ဘိုးဘေး တို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား သည်၊ ဂတိ တော်ရှိသည်အတိုင်း သင့် အား ပေး တော်မူသော ပြည် ၊ နို့ နှင့် ပျားရည် စီး သောပြည် သို့ ဝင်စား အံ့သောငှာ ကူး သွားပြီးမှ ၊ ဤ တရား စကား တော် အလုံးစုံ တို့ကို ထို ကျောက်ပေါ် မှာ ရေးထား ရမည်။
4וְהָיָה֮ בְּעָבְרְכֶ֣ם אֶת־הַיַּרְדֵּן֒ תָּקִ֜ימוּ אֶת־הָאֲבָנִ֣ים הָאֵ֗לֶּה אֲשֶׁ֨ר אָנֹכִ֜י מְצַוֶּ֥ה אֶתְכֶ֛ם הַיֹּ֖ום בְּהַ֣ר עֵיבָ֑ל וְשַׂדְתָּ֥ אֹותָ֖ם בַּשִּֽׂיד׃
4ယော်ဒန် မြစ်ကို ကူး ပြီးမှ ၊ ယနေ့ ငါ မှာထား သော ကျောက် တို့ကို ဧဗလ တောင် ပေါ် မှာ ထူထောင် ၍ အင်္ဂတေ နှင့် မွမ်းမံ ရမည်။
5וּבָנִ֤יתָ שָּׁם֙ מִזְבֵּ֔חַ לַיהוָ֖ה אֱלֹהֶ֑יךָ מִזְבַּ֣ח אֲבָנִ֔ים לֹא־תָנִ֥יף עֲלֵיהֶ֖ם בַּרְזֶֽל׃
5ထို အရပ်၌လည်း သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့၊
6אֲבָנִ֤ים שְׁלֵמֹות֙ תִּבְנֶ֔ה אֶת־מִזְבַּ֖ח יְהוָ֣ה אֱלֹהֶ֑יךָ וְהַעֲלִ֤יתָ עָלָיו֙ עֹולֹ֔ת לַיהוָ֖ה אֱלֹהֶֽיךָ׃
6ယဇ် ပလ္လင်ကို ကျောက် နှင့်တည် ရမည်။ သံ တန်ဆာကို မ သုံးဆောင် ဘဲ၊ မ ကွဲမပြတ်သော ကျောက် တို့နှင့် တည် ရမည်။ သင် ၏ဘုရားသခင် ထာဝရဘုရား အား မီးရှို့ ရာယဇ်တို့ကို ထိုပလ္လင် ပေါ် မှာ ပူဇော် ရမည်။
7וְזָבַחְתָּ֥ שְׁלָמִ֖ים וְאָכַ֣לְתָּ שָּׁ֑ם וְשָׂ֣מַחְתָּ֔ לִפְנֵ֖י יְהוָ֥ה אֱלֹהֶֽיךָ׃
7မိဿဟာယ ယဇ်တို့ကိုလည်း ပူဇော် ၍ ၊ ထို အရပ် တွင် စား သောက်လျက် ရှေ့ တော်၌ ပျော်မွေ့ ခြင်းကို ပြုရမည်။
8וְכָתַבְתָּ֣ עַל־הָאֲבָנִ֗ים אֶֽת־כָּל־דִּבְרֵ֛י הַתֹּורָ֥ה הַזֹּ֖את בַּאֵ֥ר הֵיטֵֽב׃ ס
8ထိုကျောက် ပေါ် မှာ ဤ တရား စကား တော် အလုံးစုံ တို့ကို သေချာ စွာ ရေးထား ရမည်ဟု ပြောဆိုကြ၏။
9וַיְדַבֵּ֤ר מֹשֶׁה֙ וְהַכֹּהֲנִ֣ים הַלְוִיִּ֔ם אֶ֥ל כָּל־יִשְׂרָאֵ֖ל לֵאמֹ֑ר הַסְכֵּ֤ת ׀ וּשְׁמַע֙ יִשְׂרָאֵ֔ל הַיֹּ֤ום הַזֶּה֙ נִהְיֵ֣יתָֽ לְעָ֔ם לַיהוָ֖ה אֱלֹהֶֽיךָ׃
9တဖန် မောရှေ နှင့် ယဇ် ပုရောဟိတ်များ၊ လေဝိ သားများတို့က၊ အိုဣသရေလ အမျိုး၊ သတိ နှင့် နားထောင် လော့။ ယနေ့ သင်သည် သင် ၏ဘုရားသခင် ထာဝရဘုရား ၏ လူမျိုး ဖြစ် လေပြီ။
10וְשָׁ֣מַעְתָּ֔ בְּקֹ֖ול יְהוָ֣ה אֱלֹהֶ֑יךָ וְעָשִׂ֤יתָ אֶת־מִצְוֹתָו֙ וְאֶת־חֻקָּ֔יו אֲשֶׁ֛ר אָנֹכִ֥י מְצַוְּךָ֖ הַיֹּֽום׃ ס
10သို့ဖြစ်၍ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ရမည်။ ယနေ့ ငါ တို့ ဆင့်ဆိုသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ကျင့်ရမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အား ပြောဆိုကြ၏။
11וַיְצַ֤ו מֹשֶׁה֙ אֶת־הָעָ֔ם בַּיֹּ֥ום הַה֖וּא לֵאמֹֽר׃
11တဖန် မောရှေ သည် ထို နေ့၌ လူ များတို့ကို မှာထား သည်မှာ၊
12אֵ֠לֶּה יֽ͏ַעַמְד֞וּ לְבָרֵ֤ךְ אֶת־הָעָם֙ עַל־הַ֣ר גְּרִזִ֔ים בְּעָבְרְכֶ֖ם אֶת־הַיַּרְדֵּ֑ן שִׁמְעֹון֙ וְלֵוִ֣י וִֽיהוּדָ֔ה וְיִשָּׂשכָ֖ר וְיֹוסֵ֥ף וּבִנְיָמִֽן׃
12သင် တို့သည် ယော်ဒန် မြစ်ကို ကူး သောနောက် ၊ လူ များတို့အား ကောင်းကြီး ပေးခြင်းအလိုငှာ ဂေရဇိမ် တောင် ပေါ် မှာ ရပ် ရသောသူဟူမူကား ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ ၊ ဣသခါ ၊ ယောသပ် ၊ ဗင်္ယာမိန် တည်း။
13וְאֵ֛לֶּה יֽ͏ַעַמְד֥וּ עַל־הַקְּלָלָ֖ה בְּהַ֣ר עֵיבָ֑ל רְאוּבֵן֙ גָּ֣ד וְאָשֵׁ֔ר וּזְבוּלֻ֖ן דָּ֥ן וְנַפְתָּלִֽי׃
13ကျိန် ခြင်းအလိုငှာ ၊ ဧဗလ တောင် ပေါ် မှာ ရပ် ရသော သူဟူမူကား ၊ ရုဗင် ၊ ဂဒ် ၊ အာရှာ ၊ ဇာဗုလုန် ၊ ဒန် ၊ နဿလိ တည်း။
14וְעָנ֣וּ הַלְוִיִּ֗ם וְאָֽמְר֛וּ אֶל־כָּל־אִ֥ישׁ יִשְׂרָאֵ֖ל קֹ֥ול רָֽם׃ ס
14ထိုအခါ လေဝိ သားတို့သည် ကြီး သောအသံ နှင့် ဣသရေလ အမျိုးသား အပေါင်း တို့အား ဟစ်ကြော် ရ သောစကားဟူမူကား၊
15אָר֣וּר הָאִ֡ישׁ אֲשֶׁ֣ר יַעֲשֶׂה֩ פֶ֨סֶל וּמַסֵּכָ֜ה תֹּועֲבַ֣ת יְהוָ֗ה מַעֲשֵׂ֛ה יְדֵ֥י חָרָ֖שׁ וְשָׂ֣ם בַּסָּ֑תֶר וְעָנ֧וּ כָל־הָעָ֛ם וְאָמְר֖וּ אָמֵֽן׃ ס
15ထာဝရဘုရား စက်ဆုပ် ရွံရှာသောအရာ၊ လက်သမား လက် နှင့် ထု လုပ်သော ရုပ်တု ၊ သွန်း သော ဆင်းတုကို လုပ်၍ မ ထင်ရှားသော အရပ်၌ ထား သောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
16אָר֕וּר מַקְלֶ֥ה אָבִ֖יו וְאִמֹּ֑ו וְאָמַ֥ר כָּל־הָעָ֖ם אָמֵֽן׃ ס
16မိဘ ကို မထီမဲ့မြင် ပြုသောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
17אָר֕וּר מַסִּ֖יג גְּב֣וּל רֵעֵ֑הוּ וְאָמַ֥ר כָּל־הָעָ֖ם אָמֵֽן׃ ס
17အိမ်နီးချင်း ၏ မြေ မှတ်တိုင်ကို ရွှေ့ သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
18אָר֕וּר מַשְׁגֶּ֥ה עִוֵּ֖ר בַּדָּ֑רֶךְ וְאָמַ֥ר כָּל־הָעָ֖ם אָמֵֽן׃ ס
18မျက်စိ မမြင်သောသူကို လမ်းလွဲ စေသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
19אָר֗וּר מַטֶּ֛ה מִשְׁפַּ֥ט גֵּר־יָתֹ֖ום וְאַלְמָנָ֑ה וְאָמַ֥ר כָּל־הָעָ֖ם אָמֵֽן׃ ס
19တရား တွေ့ခြင်းအမှုမှာတပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ ကို မ တရားသဖြင့် အရှုံးပေးသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
20אָר֗וּר שֹׁכֵב֙ עִם־אֵ֣שֶׁת אָבִ֔יו כִּ֥י גִלָּ֖ה כְּנַ֣ף אָבִ֑יו וְאָמַ֥ר כָּל־הָעָ֖ם אָמֵֽן׃ ס
20အဘ နှင့် သာဆိုင်သော အဘ ၏ မယား နှင့် ပေါင်းဘော် သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
21אָר֕וּר שֹׁכֵ֖ב עִם־כָּל־בְּהֵמָ֑ה וְאָמַ֥ר כָּל־הָעָ֖ם אָמֵֽן׃ ס
21တိရစ္ဆာန် တစုံ တမျိုးနှင့် ပေါင်းဘော် သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
22אָר֗וּר שֹׁכֵב֙ עִם־אֲחֹתֹ֔ו בַּת־אָבִ֖יו אֹ֣ו בַת־אִמֹּ֑ו וְאָמַ֥ר כָּל־הָעָ֖ם אָמֵֽן׃ ס
22အဘ ၏ သမီး ၊ အမိ ၏ သမီး တည်းဟူသောမိမိ အစ်မ နှမနှင့် ပေါင်းဘော် သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
23אָר֕וּר שֹׁכֵ֖ב עִם־חֹֽתַנְתֹּ֑ו וְאָמַ֥ר כָּל־הָעָ֖ם אָמֵֽן׃ ס
23မယား ၏ အမိနှင့် ပေါင်းဘော် သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
24אָר֕וּר מַכֵּ֥ה רֵעֵ֖הוּ בַּסָּ֑תֶר וְאָמַ֥ר כָּל־הָעָ֖ם אָמֵֽן׃ ס
24အိမ်နီးချင်း ကို မ ထင်မရှား ရိုက် သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
25אָרוּר֙ לֹקֵ֣חַ שֹׁ֔חַד לְהַכֹּ֥ות נֶ֖פֶשׁ דָּ֣ם נָקִ֑י וְאָמַ֥ר כָּל־הָעָ֖ם אָמֵֽן׃ ס
25အပြစ် မရှိသောသူ ၏ အသက် ကို သတ် ခြင်းငှာ အခ ကို ယူ သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
26אָר֗וּר אֲשֶׁ֧ר לֹא־יָקִ֛ים אֶת־דִּבְרֵ֥י הַתֹּורָֽה־הַזֹּ֖את לַעֲשֹׂ֣ות אֹותָ֑ם וְאָמַ֥ר כָּל־הָעָ֖ם אָמֵֽן׃ פ
26ဤ ပညတ် တရားစကား တို့ကို အမြဲမ ကျင့် သောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
Tip: use the ← and → keys to turn chapters.