מְלָכִים א 4
Hebrew Old Testament (Masoretic Text)Original language
Hebrew Old Testament (Masoretic Text)
Judson Burmese Bible (1840)
1וַֽיְהִי֙ הַמֶּ֣לֶךְ שְׁלֹמֹ֔ה מֶ֖לֶךְ עַל־כָּל־יִשְׂרָאֵֽל׃ ס
1ရှောလမုန် မင်းကြီး သည် ဣသရေလ နိုင်ငံလုံး ကို စိုးစံ လျက် နေတော်မူ၏။
2וְאֵ֥לֶּה הַשָּׂרִ֖ים אֲשֶׁר־לֹ֑ו עֲזַרְיָ֥הוּ בֶן־צָדֹ֖וק הַכֹּהֵֽן׃ ס
2မှူး တော်မတ်တော်ဟူမူကား ၊ ယဇ်ပုရောဟိတ် ဇာဒုတ် သား အာဇရိ၊
3אֱלִיחֹ֧רֶף וַאֲחִיָּ֛ה בְּנֵ֥י שִׁישָׁ֖א סֹפְרִ֑ים יְהֹושָׁפָ֥ט בֶּן־אֲחִיל֖וּד הַמַּזְכִּֽיר׃
3ရှိရှ သား ဧလိဟောရပ် နှင့် အဟိယ တို့သည် စာရေး တော်ကြီးဖြစ်၏။ အဟိလုပ် သား ယောရှဖတ် သည် အတွင်းဝန် ဖြစ်၏။
4וּבְנָיָ֥הוּ בֶן־יְהֹויָדָ֖ע עַל־הַצָּבָ֑א וְצָדֹ֥וק וְאֶבְיָתָ֖ר כֹּהֲנִֽים׃ ס
4ယောယဒ သား ဗေနာယ သည် ဗိုလ်ချုပ်မင်း ဖြစ်၏။ ဇာဒုတ် နှင့် အဗျာသာ တို့သည် ယဇ်ပုရောဟိတ် ဖြစ်၏။
5וַעֲזַרְיָ֥הוּ בֶן־נָתָ֖ן עַל־הַנִּצָּבִ֑ים וְזָב֧וּד בֶּן־נָתָ֛ן כֹּהֵ֖ן רֵעֶ֥ה הַמֶּֽלֶךְ׃
5နာသန် သား အာဇရိ သည် ဝန် စာရေးအုပ်ဖြစ် ၏။ နာသန် သား ဇာဗုဒ် သည် မင်းသား အရာနှင့် တိုင်ပင် မတ်ဖြစ်၏။
6וַאֲחִישָׁ֖ר עַל־הַבָּ֑יִת וַאֲדֹנִירָ֥ם בֶּן־עַבְדָּ֖א עַל־הַמַּֽס׃ ס
6အဟိရှာ သည် နန်းတော် အုပ်ဖြစ်၏။ အာဗဒ သား အဒေါနိရံ သည် အခွန် တော်ဝန်ဖြစ်၏။
7וְלִשְׁלֹמֹ֞ה שְׁנֵים־עָשָׂ֤ר נִצָּבִים֙ עַל־כָּל־יִשְׂרָאֵ֔ל וְכִלְכְּל֥וּ אֶת־הַמֶּ֖לֶךְ וְאֶת־בֵּיתֹ֑ו חֹ֧דֶשׁ בַּשָּׁנָ֛ה יִהְיֶ֥ה עַל־*אֶחָד (הָאֶחָ֖ד) לְכַלְכֵּֽל׃ ס
7ရှောလမုန် သည် ဣသရေလ နိုင်ငံအရပ်ရပ် ၌ ခန့်ထား သော ဝန်စာရေးတကျိပ် နှစ် ယောက်တို့သည် တယောက်တလ စီ ရှင်ဘုရင် နှင့် နန်းတော် သားတို့ အဘို့ စားစရာကို ပြင်ဆင် ရကြ၏။
8וְאֵ֣לֶּה שְׁמֹותָ֔ם בֶּן־ח֖וּר בְּהַ֥ר אֶפְרָֽיִם׃ ס
8သူ တို့အမည် ဟူမူကား ၊ ဧဖရိမ် တောင် ရပ်မှာ ဟုရ ၏သား၊
9בֶּן־דֶּ֛קֶר בְּמָקַ֥ץ וּבְשַֽׁעַלְבִ֖ים וּבֵ֣ית שָׁ֑מֶשׁ וְאֵילֹ֖ון בֵּ֥ית חָנָֽן׃ ס
9မာကတ် မြို့၊ ရှာလဗိမ် မြို့၊ ဗက်ရှေမက် မြို့၊ ဧလုမ္ဘေသနန် မြို့မှာ ဒေကာ ၏သား၊
10בֶּן־חֶ֖סֶד בָּֽאֲרֻבֹּ֑ות לֹ֥ו שֹׂכֹ֖ה וְכָל־אֶ֥רֶץ חֵֽפֶר׃ ס
10စောခေါ မြို့၊ ဟေဖာ ပြည် လုံး နှင့်တကွ အရုဗုတ် မြို့မှာ ဟေသက် ၏သား၊
11בֶּן־אֲבִֽינָדָ֖ב כָּל־נָ֣פַת דֹּ֑אר טָפַת֙ בַּת־שְׁלֹמֹ֔ה הָ֥יְתָה לֹּ֖ו לְאִשָּֽׁה׃ ס
11ဒေါရ ပြည် လုံး ကိုစီရင်သောသူ ရှောလမုန် ၏ သမီး တော်တာဖတ် နှင့်စုံဘက်သော အဘိနဒပ် ၏သား၊
12בַּֽעֲנָא֙ בֶּן־אֲחִיל֔וּד תַּעְנַ֖ךְ וּמְגִדֹּ֑ו וְכָל־בֵּ֣ית שְׁאָ֡ן אֲשֶׁר֩ אֵ֨צֶל צָרְתַ֜נָה מִתַּ֣חַת לְיִזְרְעֶ֗אל מִבֵּ֤ית שְׁאָן֙ עַ֚ד אָבֵ֣ל מְחֹולָ֔ה עַ֖ד מֵעֵ֥בֶר לְיָקְמֳעָֽם׃ ס
12တာနက် မြို့၊ မေဂိဒ္ဒေါ မြို့နှင့်တကွ ဗက်ရှန် မြို့မှ အာဗေလမဟောလ မြို့တိုင်အောင် မက၊ ယုတ်နန် မြို့ အလွန် ၊ ယေဇရေလ မြို့ အောက် ဇာတန မြို့နှင့်နီးစပ် သော ဗက်ရှန် မြို့နယ်လုံး ကို စီရင်သော အဟိလုပ် ၏သား ဗာန၊
13בֶּן־גֶּ֖בֶר בְּרָמֹ֣ת גִּלְעָ֑ד לֹ֡ו חַוֹּת֩ יָאִ֨יר בֶּן־מְנַשֶּׁ֜ה אֲשֶׁ֣ר בַּגִּלְעָ֗ד לֹ֚ו חֶ֤בֶל אַרְגֹּב֙ אֲשֶׁ֣ר בַּבָּשָׁ֔ן שִׁשִּׁים֙ עָרִ֣ים גְּדֹלֹ֔ות חֹומָ֖ה וּבְרִ֥יחַ נְחֹֽשֶׁת׃ ס
13ဂိလဒ် ပြည်၌ မနာရှေ ၏သား ယာဣရ ပိုင်သော မြို့ များ၊ ဗာရှန် ပြည်၊ အာဂေါဘ အရပ် ၌မြို့ရိုး ၊ ကြေးဝါ တံခါးကျင် နှင့်ပြည့်စုံသော မြို့ ကြီး ခြောက် ဆယ်ကို စီရင် သော ဂိလဒ်ပြည်ရာမုတ် မြို့မှ ဂေဗာ ၏သား၊
14אֲחִֽינָדָ֥ב בֶּן־עִדֹּ֖א מַחֲנָֽיְמָה׃
14မဟာနိမ် မြို့မှာ ဣဒေါ ၏သား အဟိနဒပ်၊
15אֲחִימַ֖עַץ בְּנַפְתָּלִ֑י גַּם־ה֗וּא לָקַ֛ח אֶת־בָּשְׂמַ֥ת בַּת־שְׁלֹמֹ֖ה לְאִשָּֽׁה׃
15နဿလိ ခရိုင်ကိုစီရင်သောသူ၊ ရှောလမုန် ၏ သမီး တော် ဗာသမတ် နှင့်စုံဘက် သောအဟိမတ်၊
16בַּֽעֲנָא֙ בֶּן־חוּשָׁ֔י בְּאָשֵׁ֖ר וּבְעָלֹֽות׃ ס
16အာရှာ ခရိုင်နှင့် အာလုပ် မြို့မှာ ဟုရှဲ ၏သား ဗာနာ၊
17יְהֹושָׁפָ֥ט בֶּן־פָּר֖וּחַ בְּיִשָׂשכָֽר׃ ס
17ဣသခါ ခရိုင်မှာ ပါရွာ ၏သား ယောရှဖတ်၊
18שִׁמְעִ֥י בֶן־אֵלָ֖א בְּבִנְיָמִֽן׃ ס
18ဗင်္ယာမိန် ခရိုင်မှာ ဧလာ ၏သား ရှိမိ၊
19גֶּ֥בֶר בֶּן־אֻרִ֖י בְּאֶ֣רֶץ גִּלְעָ֑ד אֶ֜רֶץ סִיחֹ֣ון ׀ מֶ֣לֶךְ הָאֱמֹרִ֗י וְעֹג֙ מֶ֣לֶךְ הַבָּשָׁ֔ן וּנְצִ֥יב אֶחָ֖ד אֲשֶׁ֥ר בָּאָֽרֶץ׃
19အာမောရိ ရှင်ဘုရင် ရှိဟုန် ၏နိုင်ငံ ၊ ဗာရှန် ရှင်ဘုရင် ဩဃ ၏နိုင်ငံ၊ ဂိလဒ် ပြည် မှာ အခြားသောမင်း မရှိ။ တပါး တည်းစီရင်သော ဥရိ ၏သား ဂေဗ တည်း။
20יְהוּדָ֤ה וְיִשְׂרָאֵל֙ רַבִּ֔ים כַּחֹ֥ול אֲשֶׁר־עַל־הַיָּ֖ם לָרֹ֑ב אֹכְלִ֥ים וְשֹׁתִ֖ים וּשְׂמֵחִֽים׃
20ထိုကာလ၌၊ ယုဒ အမျိုးနှင့် ဣသရေလ အမျိုးသားတို့သည် အရေအတွက် အားဖြင့် သမုဒ္ဒရာ သဲလုံး နှင့်အမျှ များပြား ၍ စား သောက် ပျော်မွေ့ လျက် နေကြ၏။
no verse 21 in this text
21ရှောလမုန် သည်လည်း မြစ် ကြီးမှစ၍ ဖိလိတ္တိ ပြည် ၊ အဲဂုတ္တု ပြည် တိုင်အောင် တိုင်း နိုင်ငံလုံး ကို အစိုးရ သဖြင့်၊ အရပ်ရပ်သားတို့သည် လက်ဆောင် ပဏ္ဏာတို့ကို ဆက် ၍ ၊ ရှောလမုန် လက်ထက် ကာလပတ်လုံး မင်းမှုကို ဆောင်ရွက် ရကြ၏။
no verse 22 in this text
22တနေ့ တနေ့လျှင် နန်းတော်၌ ကုန်သောရိက္ခါ ဟူမူကား၊ ဂျုံမုန့်ညက် ကောရ သုံး ဆယ်၊ မုယောမုန့်ညက် ကောရ ခြောက် ဆယ်၊
no verse 23 in this text
23ဆူဖြိုး အောင်ကျွေးသောနွား တဆယ် ၊ ကျက်စား ရာထဲက နွား နှစ် ဆယ်၊ ဆတ် သမင် ဒရယ် အမျိုးမျိုးကို မဆိုဘဲသိုး တရာ ၊ ဆူဖြိုး အောင် ကျွေးသောငှက် မျိုး တည်း။
no verse 24 in this text
24ရှောလမုန်သည် မြစ် ကြီးအနောက် ဘက်၊ တိဖသ မြို့မှ အဇ္ဇာ မြို့တိုင်အောင် ရှင် ဘုရင်အပေါင်း တို့ကို အစိုးရ သဖြင့် ပတ်ဝန်းကျင် အရပ် တို့၌ စစ်မှု စစ်ရေးမရှိ။
no verse 25 in this text
25လက်ထက် တော်ကာလပတ်လုံး ၊ ယုဒ အမျိုးနှင့် ဣသရေလ အမျိုးသားတို့သည်ဒန် မြို့မှစ၍ ဗေရရှေဘ မြို့ တိုင်အောင် အသီးအသီးမိမိ စပျစ်ပင် ၊ မိမိ သင်္ဘောသဖန်းပင် အောက် မှာ ငြိမ်ဝပ် စွာ နေ ရကြ၏။
no verse 26 in this text
26ရှောလမုန် သည်လည်း ၊ ရထား တော်များနှင့် ဆိုင်သော မြင်း တင်းကုပ် လေးထောင်၊ မြင်းစီး သူရဲ တသောင်း နှစ်ထောင်ရှိ၏။
no verse 27 in this text
27ဝန် စာရေးတို့သည်လည်း ရှောလမုန် မင်းကြီး နှင့် စားပွဲ တော်သို့ ဝင် သောသူအပေါင်း တို့အဘို့ တယောက် တလ စီစုံလင် စွာ ပြင်ဆင် ရကြ ၏။
no verse 28 in this text
28မုယော စပါးကို၎င်း ၊ မြင်း တော်များ၊ လား တော် များဘို့ မြက် ခြောက်ကို၎င်း၊ အလှည့် သင့်သည်အတိုင်း နေရာ အရပ်သို့ ဆောင် ခဲ့ရကြ၏။
no verse 29 in this text
29ဘုရား သခင်သည် များစွာ သော ဉာဏ် ပညာ ကို ၎င်း၊ သမုဒ္ဒရာ သဲလုံး နှင့်အမျှ ကျယ်ဝန်း သော နှလုံး ကို၎င်းပေး တော်မူသည်ဖြစ်၍၊
no verse 30 in this text
30ပညာ တော်သည် အရှေ့ ပြည်သား ပညာ နှင့် အဲဂုတ္တု ပြည်သားပညာ ကို လွန်ကဲ ၏။
no verse 31 in this text
31ရှောလမုန်သည် ဧဇရဟိတ် အမျိုးဧသန် ၊ မဟောလ သား ဟေမန် ၊ ခါလကောလ ၊ ဒါရဒ အစရှိသော လူ အပေါင်း တို့ထက် သာ၍ပညာ ရှိသဖြင့် ၊ ခပ်သိမ်း သော တိုင်း နိုင်ငံအရပ်ရပ် ၌ ကျော်စော လေ၏။
no verse 32 in this text
32စီရင် တော်မူသောသုတ္တံ စကားသုံး ထောင် နှင့် သီချင်း တ ထောင် ငါး ခုရှိ ၏။
no verse 33 in this text
33လေဗနုန် အာရဇ် ပင်မှစ၍ အုတ်ရိုး နားမှာ ပေါက် တတ်သော ဟုဿုပ် ပင်တိုင်အောင် မြွက်ဆို ၏။ သား မျိုး၊ ငှက် မျိုး၊ ပိုးကောင် မျိုး၊ ငါး မျိုးတို့၏ အကြောင်း ကိုလည်း မြွက်ဆို ၏။
no verse 34 in this text
34ရှောလမုန်မင်း၏ ပညာ သိတင်းကို ကြား သော ရှင်ဘုရင် အမျိုးမျိုး စေလွှတ်သောသူတို့ သည် ပညာ စကား တော်ကို နားထောင် ခြင်းငှါ လာ ကြ၏။
Tip: use the ← and → keys to turn chapters.