ΓΕΝΕΣΙΣ 4
Septuagint (Greek Old Testament), second editionOriginal language
Septuagint (Greek Old Testament), second edition
Judson Burmese Bible (1840)
1ΑΔΑΜ δὲ ἔγνω Εὔαν τὴν γυναῖκα αὐτοῦ, καὶ συλλαβοῦσα ἔτεκε τὸν Κάϊν καὶ εἶπεν· ἐκτησάμην ἄνθρωπον διά τοῦ Θεοῦ.
1ထိုနောက်၊ လူ အာဒံသည် မယား ဧဝ နှင့်ဆက်ဆံ သဖြင့် ၊ ဧဝသည် ပဋိသန္ဓေ စွဲယူ၍ ၊ ကာဣန ကို ဘွားမြင် လျှင် ၊ ထာဝရ ဘုရား၏ လူ ကို ငါရ ပြီဟုဆို လေ၏။
2καὶ προσέθηκε τεκεῖν τὸ ἀδελφὸν αὐτοῦ, τὸν Ἄβελ. καὶ ἐγένετο Ἄβελ ποιμὴν προβάτων, Κάϊν δὲ ἦν ἐργαζόμενος τὴν γῆν.
2တဖန် သူ့ ညီ အာဗေလ ကို ဘွားမြင် လေ၏။ အာဗေလ ကား သိုး ထိန်း ဖြစ် ၏။ ကာဣန ကားလယ် လုပ် သောသူဖြစ် ၏။
3καὶ ἐγένετο μεθ᾿ ἡμέρας ἤνεγκε Κάϊν ἀπὸ τῶν καρπῶν τῆς γῆς θυσίαν τῷ Κυρίῳ,
3အချိန် စေ့ သောအခါ ၊ ကာဣန သည် ထာဝရဘုရား ထံ ပူဇော်သက္ကာ ဘို့၊ မြေ အသီး ကို ဆောင် ခဲ့၏။
4καὶ Ἄβελ ἤνεγκε καὶ αὐτὸς ἀπὸ τῶν πρωτοτόκων τῶν προβάτων αὐτοῦ καὶ ἀπὸ τῶν στεάτων αὐτῶν. καὶ ἐπεῖδεν ὁ Θεὸς ἐπί Ἄβελ καὶ ἐπὶ τοῖς δώροις αὐτοῦ,
4အာဗေလ သည်လည်း မိမိ သိုး စုတွင် အဦး ဘွားသော သားအချို့နှင့်၊ သိုး ဆီ ဥကိုဆောင် ခဲ့၏။ ထာဝရဘုရား သည် အာဗေလ နှင့် သူ ၏ပူဇော်သက္ကာ ကို ပမာဏ ပြုတော်မူ၏။
5ἐπὶ δὲ Κάϊν καὶ ἐπὶ ταῖς θυσίαις αὐτοῦ οὐ προσέσχε. καὶ ἐλυπήθη Κάϊν λίαν, καὶ συνέπεσε τῷ προσώπῳ αὐτοῦ.
5ကာဣန နှင့် သူ ၏ ပူဇော်သက္ကာ ကို ပမာဏ ပြုတော်မ မူ၊ ထိုကြောင့် ကာဣန သည် အလွန် စိတ်ဆိုး ၍ မျက်နှာ ပျက် လေ၏။
6καὶ εἶπε Κύριος ὁ Θεὸς τῷ Κάϊν· ἵνα τί περίλυπος ἐγένου, καὶ ἵνα τί συνέπεσε τὸ πρόσωπόν σου;
6ထာဝရဘုရား ကလည်း သင် သည် အဘယ်ကြောင့် စိတ်ဆိုး သနည်း။ အဘယ်ကြောင့် မျက်နှာ ပျက် သနည်း။
7οὐκ ἐὰν ὀρθῶς προσενέγκῃς, ὀρθῶς δὲ μὴ διέλῃς, ἥμαρτες; ἡσύχασον· πρὸς σὲ ἡ ἀποστροφὴ αὐτοῦ, καὶ σὺ ἄρξεις αὐτοῦ.
7သင်သည် ကောင်းမွန် စွာ ပြုလုပ်အခွင့် မ ရလော။ ကောင်းမွန် စွာ မ ပြုလျှင် ၊ အပြစ် ဖြေသော ယဇ်ကောင် သည်တံခါး နား မှာ ဝပ် လျက်ရှိ၏။ သူ သည် သင် ၏ အလို သို့လိုက်၍၊ သင် သည် သူ့ ကို အုပ်စိုး ရ၏ဟု ကာဣန ကို မိန့် တော်မူ၏။
8καὶ εἶπε Κάϊν πρὸς Ἄβελ τὸν ἀδελφὸν αὐτοῦ· διέλθωμεν εἰς τὸ πεδίον. καὶ ἐγένετο ἐν τῷ εἶναι αὐτοὺς ἐν τῷ πεδίῳ, ἀνέστη Κάϊν ἐπὶ Ἄβελ τὸν ἀδελφὸν αὐτοῦ καὶ ἀπέκτεινεν αὐτόν.
8ကာဣန ကလည်း လယ်သို့ သွားကြကုန်အံ့ဟု ညီ အာဗေလ ကို ခေါ် ၍ ၊ လယ် သို့ ရောက်သောအခါ၊ ညီ အာဗေလ ကိုရန် ဘက်ပြု၍ သတ် လေ၏။
9καὶ εἶπε Κύριος ὁ Θεὸς πρὸς Κάϊν· ποῦ ἔστιν Ἄβελ ὁ ἀδελφός σου; καὶ εἶπεν· οὐ γινώσκω· μὴ φύλαξ τοῦ ἀδελφοῦ μου εἰμὶ ἐγώ;
9ထာဝရဘုရား ကလည်း သင့် ညီ အာဗေလ သည် အဘယ်မှာ ရှိသနည်းဟု ကာဣန ကို မေး တော်မူလျှင် အကျွန်ုပ်မ သိ ပါ။ အကျွန်ုပ် သည် ညီ ကို စောင့် ရသောသူ ဖြစ် ပါသလောဟု လျှောက် ဆို၏။
10καί εἶπε Κύριος· τί πεποίηκας; φωνὴ αἵματος τοῦ ἀδελφοῦ σου βοᾷ πρός με ἐκ τῆς γῆς.
10ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ ပြု ပြီးသနည်း။ သင် ညီ အသွေး ၏အသံ သည် မြေ ထဲက ငါ့ ကို အော်ဟစ် လျက်ရှိသည်တကား။
11καὶ νῦν ἐπικατάρατος σὺ ἀπὸ τῆς γῆς, ἣ ἔχανε τὸ στόμα αὐτῆς δέξασθαι τὸ αἷμα τοῦ ἀδελφοῦ σου ἐκ τῆς χειρός σου·
11သို့ဖြစ်၍ သင့် ညီ ၏ အသွေး ကိုခံယူ ခြင်းငှါ ၊ မိမိ ပစပ် ကိုဖွင့် သော မြေကြီး ၏ ကျိန် ခြင်းကို သင် သည် ခံရသောကြောင့်၊
12ὅτε ἐργᾷ τὴν γῆν, καὶ οὐ προσθήσει τὴν ἰσχὺν αὐτῆς δοῦναί σοι· στένων καὶ τρέμων ἔσῃ ἐπὶ τῆς γῆς.
12ယခုမှစ၍မြေ ၌လုပ် သောအခါ ပကတိ အတိုင်း အသီးအနှံ ကို မ ရရ။ မြေကြီး ပေါ် မှ ပြေးရသောသူ၊ အရပ်ရပ်လည် ရသောသူဖြစ် ရလိမ့်မည်ဟု မိန့် တော်မူ၏။
13καὶ εἶπε Κάϊν πρὸς Κύριον τὸν Θεόν· μείζων ἡ αἰτία μου τοῦ ἀφεθῆναί με·
13ကာဣန ကလည်း အကျွန်ုပ် အပြစ် သည် မဖြေ နိုင်အောင် ကြီး ပါသလော။
14εἰ ἐκβάλλεις με σήμερον ἀπὸ προσώπου τῆς γῆς καὶ ἀπὸ τοῦ προσώπου σου κρυβήσομαι, καὶ ἔσομαι στένων καὶ τρέμων ἐπὶ τῆς γῆς, καὶ ἔσται πᾶς ὁ εὑρίσκων με, ἀποκτενεῖ με.
14အကျွန်ုပ် ကို မြေကြီး ပြင် မှယနေ့ နှင်ထုတ် တော်မူပြီ၊ မျက်နှာ တော်ကိုလည်း မမြင် ရ။ မြေကြီး ပေါ် မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူဖြစ် ပါရမည်။ တွေ့ သမျှ သောသူတို့ သည် အကျွန်ုပ် ကိုသတ် ပါလိမ့်မည် ဟု ထာဝရဘုရား ကို လျှောက် ဆို၏။
15καὶ εἶπεν αὐτῷ Κύριος ὁ Θεός· οὐχ οὕτως, πᾶς ὁ ἀποκτείνας Κάϊν ἑπτὰ ἐκδικούμενα παραλύσει. καὶ ἔθετο Κύριος ὁ Θεὸς σημεῖον τῷ Κάϊν τοῦ μὴ ἀνελεῖν αὐτὸν πάντα τὸν εὑρίσκοντα αὐτόν.
15ထာဝရဘုရား ကလည်း သို့ဖြစ်၍ ကာဣန ကို သတ် သောသူမည်သည်ကား၊ ခုနစ် ဆသောအပြစ် ဒဏ်ကိုခံ ရလိမ့်မည်ဟု မိန့် တော်မူပြီးလျှင်၊ ကာဣန ကိုတွေ့ သောသူ တစုံတယောက် မျှ မ သတ် စေခြင်းငှါ၊ ထာဝရဘုရား သည် သူ ၌ အမှတ် ပေး တော်မူ၏။
16ἐξῆλθε δὲ Κάϊν ἀπὸ προσώπου τοῦ Θεοῦ καὶ ᾤκησεν ἐν γῇ Ναὶδ κατέναντι Ἐδέμ.
16ကာဣန သည် ထာဝရဘုရား ထံ တော်မှ ထွက်သွား ၍ ၊ ဧဒင် ပြည် အရှေ့ ၊ နောဒ ပြည် တွင် နေ လေ၏။
17Καὶ ἔγνω Κάϊν τὴν γυναῖκα αὐτοῦ, καὶ συλλαβοῦσα ἔτεκε τὸν Ἐνώχ. καὶ ἦν οἰκοδομῶν πόλιν καὶ ἐπωνόμασε τὴν πόλιν ἐπὶ τῷ ὀνόματι τοῦ υἱοῦ αὐτοῦ, Ἐνώχ.
17ထိုအခါ ကာဣန သည် မိမိ မယား နှင့် ဆက်ဆံ သဖြင့်၊ သူ သည် ပဋိသန္ဓေစွဲယူ၍ ၊ သားဧနောက် ကို ဘွားမြင် လေ၏။ ကာဣန သည်လည်း မြို့ ကိုတည် ၍ မိမိ သား ၏ အမည် အလိုက် ၊ ထိုမြို့ ကို ဧနောက် မြို့ဟု သမုတ် လေ၏။
18ἐγεννήθη δὲ τῷ Ἐνὼχ Γαϊδάδ, καὶ Γαϊδὰδ ἐγέννησε τὸν Μαλελεήλ, καὶ Μαλελεὴλ ἐγέννησε τὸν Μαθουσάλα, καὶ Μαθουσάλα ἐγέννησε τὸν Λάμεχ.
18ဧနောက် သားကား၊ ဣရဒ် ၊ ဣရဒ် သားကား၊ မဟုယေလ ၊ မဟုယေလ သားကား၊ မသုရှလ ၊ မသုရှလ သားကား၊ လာမက် တည်း။
19καὶ ἔλαβεν ἑαυτῷ Λάμεχ δύο γυναῖκας, ὄνομα τῇ μιᾷ Ἀδά, καὶ ὄνομα τῇ δευτέρᾳ Σελλά.
19လာမက် သည်၊ အာဒ နှင့် ဇိလ အမည် ရှိသောမိန်းမ နှစ် ယောက်နှင့် အိမ်ထောင် ဘက်ပြု၍၊
20καὶ ἔτεκεν Ἀδὰ τὸν Ἰωβήλ· οὗτος ἦν πατὴρ οἰκούντων ἐν σκηναῖς κτηνοτροὑφων.
20အာဒံ သည် သားယာဗလ ကိုဘွား မြင်လေ၏။ ထိုသားကား၊ တဲ ၌နေ သောသူ ၊ သိုး နွားစသည်တို့ကို မွေးသောသူတို့ ၏ အဘ ဆရာ ဖြစ် လေသတည်း။
21καὶ ὄνομα τῷ ἀδελφῷ αὐτοῦ Ἰουβάλ· οὗτος ἦν ὁ καταδείξας ψαλτήριον καὶ κιθάραν.
21ယုဗလ အမည် ရှိသောညီ မူကား၊ စောင်း မျိုး၊ နှဲခရာ မျိုးတို့ကို တီးမှုတ် တတ်သောသူ အပေါင်း တို့၏ အဘ ဆရာဖြစ် လေသတည်း။
22Σελλὰ δὲ καὶ αὐτὴ ἔτεκε τὸν Θόβελ, καὶ ἦν σφυροκόπος χαλκεὺς χαλκοῦ καὶ σιδήρου· ἀδελφὴ δὲ Θόβελ Νοεμά.
22ဇိလ သည်လည်း ၊ သားတုဗလကာဣန ကို ဘွားမြင် လေ၏။ သူသည် ပန်းတဉ်း သမား၊ ပန်းပဲ သမား အပေါင်း တို့၏ဆရာ ဖြစ်လေ၏။ တုဗလကာဣန ၏နှမ ကား၊ နေမ အမည်ရှိ၏။
23εἶπε δὲ Λάμεχ ταῖς ἑαυτοῦ γυναιξίν· Ἀδὰ καὶ Σελλά, ἀκούσατέ μου τῆς φωνῆς, γυναῖκες Λάμεχ, ἐνωτίσασθέ μου τοὺς λόγους, ὅτι ἄνδρα ἀπέκτεινα εἰς τραῦμα ἐμοὶ καὶ νεανίσκον εἰς μώλωπα ἐμοί·
23လာမက် ကလည်း အာဒံ နှင့် ဇိလ ၊ ငါ ပြော သံကို မှတ် ကြလော့။ လာမက် မယား တို့၊ ငါ့ စကား ကို နားထောင် ကြလော့။ ငါ့ ကိုထိခိုက် သော လူ တယောက်တည်းဟူသော ၊ ငါ့ ကိုညှဉ်းဆဲ သောလူပျို တယောက်ကို ငါသတ် ခဲ့ပြီ။
24ὅτι ἑπτάκις ἐκδεδίκηται ἐκ Κάϊν, ἐκ δὲ Λάμεχ ἑβδομηκοντάκις ἑπτά.
24ကာဣန သည် ခုနစ် ဆသောတရား ကိုရလျှင်၊ အကယ်၍ လာမက် သည်၊ အဆခုနှစ် ဆယ် ခုနစ် ဆသော တရားကို ရလိမ့်မည်ဟု မိမိမယားတို့ကိုပြောဆို၏။
25Ἔγνω δὲ Ἀδὰμ Εὔαν τὴν γυναῖκα αὐτοῦ, καὶ συλλαβοῦσα ἔτεκεν υἱόν, καὶ ἐπωνόμασε τὸ ὄνομα αὐτοῦ Σήθ, λέγουσα· ἐξανέστησε γάρ μοι ὁ Θεὸς σπέρμα ἕτερον ἀντὶ Ἄβελ, ὃν ἀπέκτεινε Κάϊν.
25အာဒံ သည်လည်း မိမိ မယား နှင့် တဖန် ဆက်ဆံ ပြန်လျှင်၊ မယားသည် သား ကို ဘွားမြင် ၍ ရှေသ ဟူသောအမည် ဖြင့် မှည့် လေ၏။ အကြောင်းမူကား ၊ ကာဣန သတ် သော အာဗေလ ကိုယ်စား တပါး သောအနွယ် ကို အကျွန်ုပ် အဘို့ ဘုရား သခင်၌ ခန့်ထားတော်မူပြီဟု ဆိုသတည်း။
26καὶ τῷ Σὴθ ἐγένετο υἱός, ἐπωνόμασε δὲ τὸ ὄνομα αὐτοῦ Ἐνώς· οὗτος ἤλπισεν ἐπικαλεῖσθα τὸ ὄνομα Κυρίου τοῦ Θεοῦ.
26ရှေသ သည်လည်း သား ကိုရ ၍ ဧနုတ် ဟူသောအမည် ဖြင့် မှည့် လေ၏။ ထိုကာလ၌ ထာဝရဘုရား ၏ နာမတော် ကို အမှီပြု၍ ကိုးကွယ်စ ပြုကြလေ၏၊
Tip: use the ← and → keys to turn chapters.