ΙΕΖΕΚΙΗΛ
Chapter 45
Septuagint (Greek Old Te…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

ΙΕΖΕΚΙΗΛ 45

Septuagint (Greek Old Testament), second edition
Judson Burmese Bible (1840)
1ΚΑΙ ἐν τῷ καταμετρεῖσθαι ὑμᾶς τὴν γῆν ἐν κληρονομίᾳ ἀφοριεῖτε ἀπαρχὴν τῷ Κυρίῳ ἅγιον ἀπὸ τῆς γῆς, πέντε καὶ εἴκοσι χιλιάδας μῆκος καὶ εὖρος εἴκοσι χιλιάδας· ἅγιον ἔσται ἐν πᾶσι τοῖς ὁρίοις αὐτοῦ κυκλόθεν.
1သင်တို့သည် မြေ ကို အမွေခံ ခြင်းငှါစာရေးတံချ ၍ ပိုင်းခြားသောအခါ ၊ သန့်ရှင်း သောမြေ တကွက်ကို ထာဝရဘုရား အား ပူဇော် ရကြမည်။ ထိုအကွက်သည် အလျား ကျူလုံးအပြန်နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ရှိရမည်။ နယ်နိမိတ် ရှိသမျှ သည်လည်း သန့်ရှင်း ရမည်။
2καὶ ἔσται ἐκ τούτου εἰς ἁγίασμα πεντακόσιοι ἐπὶ πεντακοσίους τετράγωνον κυκλόθεν, καὶ πεντήκοντα πήχεις διάστημα αὐτῷ κυκλόθεν.
2ထိုမြေကွက်အလယ်၌ အလျားအတောင်ငါး ရာ ၊ အနံလည်း အတောင်ငါး ရာ ရှိသော စတုရန်း အကွက် သည် သန့်ရှင်း ရာဌာနဘို့ ဖြစ် ရမည်။ ထိုအကွက် ပတ်လည် ၌ သန့်ရှင်းသော နယ် လည်းအတောင် ငါးဆယ် ရှိရမည်။
3καὶ ἐκ ταύτης τῆς διαμετρήσεως διαμετρήσεις μῆκος πέντε καὶ εἴκοσι χιλιάδας καὶ εὖρος εἴκοσι χιλιάδας, καὶ ἐν αὐτῇ ἔσται τὸ ἁγίασμα ἅγια τῶν ἁγίων.
3ထိုသို့အလျား နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ကိုတိုင်း ပြီးမှ အလွန် သန့်ရှင်းသောအရပ်နှင့် သန့်ရှင်း သောဌာနတည်ရာ ဖြစ် ရမည်။
4ἀπὸ τῆς γῆς ἔσται τοῖς ἱερεῦσι τοῖς λειτουργοῦσιν ἐν τῷ ἁγίῳ καὶ ἔσται τοῖς ἐγγίζουσι λειτουργεῖν τῷ Κυρίῳ, καὶ ἔσται αὐτοῖς τόπος εἰς οἴκους ἀφωρισμένους τῷ ἁγιασμῷ αὐτῶν.
4ထိုသန့်ရှင်း သောမြေ သည် ထာဝရဘုရား ၏ အမှုတော်ကို ဆောင် ခြင်းငှါ အထံတော်သို့ချဉ်းကပ် ၍၊ သန့်ရှင်း ရာဌာန၏ အမှု စောင့်၊ ယဇ်ပုရောဟိတ် တို့အဘို့ ဖြစ်ရမည်။ သူ တို့ အိမ် ဆောက်စရာနှင့် သန့်ရှင်း ရာဌာနတည်စရာဘို့ သန့်ရှင်း သော မြေဖြစ် ရမည်။
5εἴκοσι καὶ πέντε χιλιάδας μῆκος καὶ εὖρος εἴκοσι χιλιάδες ἔσται τοῖς Λευίταις τοῖς λειτουργοῦσι τῷ οἴκῳ, αὐτοῖς εἰς κατάσχεσιν, πόλεις τοῦ κατοικεῖν.
5အလျား နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ရှိသောအကွက်သည် အိမ် တော်အမှု စောင့်လေဝိ လူတို့ နေရာအခန်း နှစ်ဆယ် တည်ဆောက်စရာဘို့ ဖြစ် ရမည်။
6καὶ τὴν κατάσχεσιν τῆς πόλεως δώσεις πέντε χιλιάδας εὖρος καὶ μῆκος πέντε καὶ εἴκοσι χιλιάδας· ὃν τρόπον ἡ ἀπαρχὴ τῶν ἁγίων παντὶ οἴκῳ Ἰσραὴλ ἔσονται.
6မြို့ တော်နှင့်ဆိုင်သောမြေသည် သန့်ရှင်း သော အရပ်တဘက်တချက် ၌ အလျားတသောင်း ငါးထောင်၊ အနံ ငါး ထောင် ရှိ၍၊ ဣသရေလ အမျိုးသား အပေါင်း တို့ အဘို့ ဖြစ် ရမည်။
7καὶ τῷ ἡγουμένῳ ἐκ τούτου καὶ ἀπὸ τούτου εἰς τὰς ἀπαρχὰς τῶν ἁγίων εἰς κατάσχεσιν τῆς πόλεως, κατὰ πρόσωπον τῶν ἀπαρχῶν τῶν ἁγίων καὶ κατὰ πρόσωπον τῆς κατασχέσεως τῆς πόλεως τὰ πρὸς θάλασσαν καὶ ἀπὸ τῶν πρὸς θάλασσαν πρὸς ἀνατολάς, καὶ τὸ μῆκος ὡς μία τῶν μερίδων ἀπὸ τῶν ὁρίων τῶν πρὸς θάλασσαν καὶ τό μῆκος ἐπὶ τὰ ὅρια τὰ πρὸς ἀνατολὰς τῆς γῆς.
7သန့်ရှင်း သောမြေကွက် နှင့် မြို့ တော် နယ်နိမိတ်အနောက် ဘက်တရှောက်လုံးတပိုင်း၊ အရှေ့ ဘက် တရှောက်လုံးတပိုင်းသည် မင်းသား အဘို့ ဖြစ်ရမည်။
8καὶ ἔσται αὐτῷ εἰς κατάσχεσιν ἐν τῷ Ἰσραήλ, καὶ οὐ καταδυναστεύσουσιν οὐκέτι οἱ ἀφηγούμενοι τοῦ Ἰσραὴλ τὸν λαόν μου, καὶ τὴν γῆν κατακληρονομήσουσιν οἶκος Ἰσραὴλ κατὰ φυλὰς αὐτῶν.
8ငါ ၏မင်းသား တို့သည် နောက် တဖန် ငါ ၏လူ တို့ ကို မ ညှဉ်းဆဲ မည်အကြောင်း၊ ထိုမြေသည် ဣသရေလ ပြည်၌ မင်းသားပိုင် သော မြေ ဖြစ် ရမည်။ ကြွင်းသော မြေ ကို ဣသရေလ အမျိုးအနွယ် အသီးအသီးတို့အား ပေးဝေ ရမည်။
9τάδε λέγει Κύριος Θεός· ἱκανούσθω ὑμῖν, οἱ ἀφηγούμενοι τοῦ Ἰσραήλ· ἀδικίαν καὶ ταλαιπωρίαν ἀφέλεσθε καὶ κρίμα καὶ δικαιοσύνην ποιήσατε, ἐξάρατε καταδυναστείαν ἀπὸ τοῦ λαοῦ μου, λέγει Κύριος Θεός.
9အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုဣသရေလ မင်းသား တို့၊ ရောင့်ရဲ သောစိတ် ရှိကြလော့။ အနိုင်အထက်ပြု ခြင်း၊ လုယူ ခြင်းအမှုတို့ကို ပယ်ရှား ၍ ၊ တရား သောအမှု ၊ ဟုတ်မှန် သော အမှုတို့ကို ပြု ကြလော့။ နောက်တဖန်ငါ ၏ လူ တို့ကို မ ညှဉ်းဆဲ မနှိပ်စက်ကြနှင့်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
10ζυγὸς δίκαιος καὶ μέτρον δίκαιον καὶ χοῖνιξ δικαία ἔστω ὑμῖν.
10မှန် သောချိန်ခွင် ၊ မှန် သောဧဖါ ၊ မှန် သော ဗတ် တို့ကို သုံး ရကြမည်။
11τὸ μέτρον καὶ ἡ χοῖνιξ ὁμοίως μία ἔσται τοῦ λαμβάνειν· τὸ δέκατον τοῦ γομὸρ ἡ χοῖνιξ, καὶ τὸ δέκατον τοῦ γομὸρ τὸ μέτρον, πρὸς τὸ γομὸρ ἔσται ἴσον.
11ဧဖါ နှင့် ဗတ် သည် အညီအမျှ ရှိ ရမည်။ နှစ်ပါးသည် ဟောမဲ ကို အမှီပြု၍၊ ဧဖါ သည်တဟောမဲ တွင် ဆယ်စုတစု ၊ ဗတ် သည်လည်း တဟောမဲ တွင် ဆယ်စုတစု ရှိ ရမည်။
12καὶ τὰ στάθμια εἴκοσιν ὀβολοί· οἱ πέντε σίκλοι πέντε, καὶ οἱ δέκα σίκλοι δέκα, καὶ πεντήκοντα σίκλοι ἡ μνᾶ ἔσται ὑμῖν.
12ဂေရာ နှစ်ဆယ် ကိုတကျပ် ၊ အကျပ် ခြောက်ဆယ် ကို တမာနေ ရှိ ရမည်။
13Καὶ αὕτη ἡ ἀπαρχή, ἣν ἀφοριεῖτε, ἕκτον μέτρου ἀπὸ τοῦ γομὸρ τοῦ πυροῦ καὶ τὸ ἕκτον τοῦ οἰφὶ ἀπὸ τοῦ κόρου τῶν κριθῶν.
13ချီးမြှောက် ရာ ပူဇော်သက္ကာပြုသောအခါ၊ ဂျုံ ဆန်ဖြစ်စေ၊ မုယော ဆန်ဖြစ်စေ၊ တဟောမဲတွင်တဩမဲ ကို ပူဇော် ရမည်။
14καὶ τὸ πρόσταγμα τοῦ ἐλαίου· κοτύλην ἐλαίου ἀπὸ δέκα κοτυλῶν, ὅτι αἱ δέκα κοτύλαι εἰσὶ γομόρ.
14ဆီ နှင့်ဆိုင်သော ပညတ် ဟူမူကား၊ တ ကောရတွင် ဗတ် ဆယ်စုတစု ကို ပူဇော်ရမည်။ တဟောမဲ သည် ဆယ် ဗတ် ဖြစ်သောကြောင့် တကောရသည်ဆယ် ဗတ် ဖြစ်သတည်း။
15καὶ πρόβατον ἀπὸ τῶν δέκα προβάτων ἀφαίρεμα ἐκ πασῶν τῶν πατριῶν τοῦ Ἰσραὴλ εἰς θυσίας καὶ εἰς ὁλοκαυτώματα καὶ εἰς σωτηρίου τοῦ ἐξιλάσκεσθαι περὶ ὑμῶν λέγει Κύριος Θεός.
15သူ တို့အပြစ် ကို ဖြေခြင်းငှါ ဣသရေလ ကျက်စား ရာ၊ ရေများသော အရပ်၌ရှိသောသိုး နှစ်ရာ တွင် သိုးသငယ် တကောင် ကို ဘော်ဇဉ် ပူဇော်သက္ကာနှင့်တကွ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကိုပူဇော်ရကြမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
16καὶ πᾶς ὁ λαὸς δώσει τὴν ἀπαρχὴν ταύτην τῷ ἀφηγουμένῳ τοῦ Ἰσραήλ.
16ထိုချီးမြှောက် ရာပူဇော်သက္ကာကို ပြည်သူ ပြည်သားအပေါင်း တို့သည် ဣသရေလ မင်းသား အား ဆက် ရကြမည်။
17καὶ διὰ τοῦ ἀφηγουμένου ἔσται τὰ ὁλοκαυτώματα καὶ αἱ θυσίαι καὶ αἱ σπονδαὶ ἔσονται ἐν ταῖς ἑορταῖς καὶ ἐν ταῖς νουμηνίαις καὶ ἐν τοῖς σαββάτοις καὶ ἐν πάσαις ταῖς ἑορταῖς οἴκου Ἰσραήλ· αὐτὸς ποιήσει τὰ ὑπὲρ ἁμαρτίας καὶ τὴν θυσίαν καὶ τὰ ὁλοκαυτώματα καὶ τὰ τοῦ σωτηρίου τοῦ ἐξιλάσκεσθαι ὑπὲρ τοῦ οἴκου Ἰσραήλ.
17မင်းသားသည်လည်းပွဲသဘင် နေ့၊ လဆန်း နေ့၊ ဥပုသ် နေ့၊ ဣသရေလ အမျိုး ပရိသတ် စည်းဝေးသော နေ့ရက်အစဉ်အတိုင်းမီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာတို့ကို ပူဇော် ရမည်။ ဣသရေလ အမျိုး ၏အပြစ် ကို ဖြေခြင်းငှါ အပြစ် ဖြေရာ ယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်ကိုလည်း ပူဇော် ရမည်။
18Τάδε λέγει Κύριος Θεός· ἐν τῷ πρώτῳ μηνὶ μιᾷ τοῦ μηνὸς λήψεσθε μόσχον ἐκ βοῶν ἄμωμον τοῦ ἐξιλάσασθαι τὸ ἅγιον.
18အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ပဌမ လ တ ရက်နေ့တွင် ၊ အပြစ် မပါ၊ အသက်ပျို သော နွားထီး တကောင်ကိုယူ ၍ သန့်ရှင်း ရာဌာနကို စင်ကြယ် စေရမည်။
19καὶ λήψεται ὁ ἱερεὺς ἀπὸ τοῦ αἵματος τοῦ ἐξιλασμοῦ καὶ δώσει ἐπὶ τὰς φλιὰς τοῦ οἴκου καὶ ἐπὶ τὰς τέσσαρας γωνίας τοῦ ἱεροῦ καὶ ἐπὶ τὸ θυσιαστήριον καὶ ἐπὶ τὰς φλιὰς τῆς πύλης τῆς αὐλῆς τῆς ἐσωτέρας.
19ယဇ်ပုရောဟိတ် သည် အပြစ် ဖြေရာ ယဇ်ကောင်အသွေး အချို့ကို ယူ ၍ အိမ် တော်တိုင် ၌ ၎င်း ၊ ယဇ်ပလ္လင် အောက်ထစ် လေး ထောင့် ၌ ၎င်း ၊ အတွင်း တန်တိုင်း တံခါး တိုင် ၌ ၎င်း ထည့် ရမည်။
20καὶ οὕτως ποιήσεις ἐν τῷ μηνὶ τῷ ἑβδόμῳ, μιᾷ τοῦ μηνός, λήψῃ παρ' ἑκάστου ἀπόμοιραν καὶ ἐξιλάσεσθε τὸν οἶκον.
20ထိုမှတပါး ၊ မှားယွင်း သောသူနှင့် မိုက် သောသူ အတွက် ခုနှစ် ရက်နေ့တွင်၊ ထိုနည်းတူ ပူဇော် ၍၊ အိမ် တော်အတွက် အပြစ် ဖြေရာမင်္ဂလာကို ပြုရမည်။
21καὶ ἐν τῷ πρώτῳ μηνί, τεσσαρεσκαιδεκάτῃ τοῦ μηνός, ἔσται ὑμῖν τὸ πάσχα ἑορτή· ἑπτὰ ἡμέρας ἄζυμα ἔδεσθε.
21ပဌမ လ တဆယ် လေး ရက် နေ့တွင် ၊ ပသခါ ပွဲ ကို ခံ ရမည်။ ခုနစ် ရက် ပတ်လုံးပွဲခံစဉ်တွင်တဆေးမဲ့ မုန့်ကိုသာ စား ရမည်။
22καὶ ποιήσει ὁ ἀφηγούμενος ἐν ἐκείνῃ τῇ ἡμέρᾳ ὑπὲρ αὐτοῦ καὶ τοῦ οἴκου καὶ ὑπὲρ παντὸς τοῦ λαοῦ τῆς γῆς μόσχον ὑπὲρ ἁμαρτίας.
22ထို နေ့ ၌ မင်းသား သည် ကိုယ် ဘို့ ၎င်း ၊ ပြည်သူ ပြည်သားအပေါင်း တို့ဘို့ ၎င်း၊ နွားထီး တကောင်ကို အပြစ် ဖြေရာ ယဇ်ပူဇော် ရမည်။
23καὶ τὰς ἑπτὰ ἡμέρας τῆς ἑορτῆς ποιήσει ὁλοκαυτώματα τῷ Κυρίῳ, ἑπτὰ μόσχους καὶ ἑπτὰ κριοὺς ἀμώμους καθ' ἡμέραν, τὰς ἑπτὰ ἡμέρας καὶ ὑπὲρ ἁμαρτίας ἔριφον αἰγῶν καθ' ἡμέραν.
23ပွဲ နေ့ခုနစ် ရက် ပတ်လုံးထာဝရဘုရား အား မီးရှို့ ရာယဇ်ကို နွားထီး ခုနစ် ကောင်၊ အပြစ် မပါသော သိုးထီး ခုနစ် ကောင်ကို၎င်း၊ အပြစ် ဖြေရာ ယဇ်ဘို့ဆိတ်သငယ် တကောင်ကို၎င်းနေ့ တိုင်းပူဇော် ရမည်။
24καὶ θυσίαν πέμμα τῷ μόσχῳ καὶ πέμμα τῷ κριῷ ποιήσεις καὶ ἐλαίου τὸ εἲν τῷ πέμματι.
24နွား ဖြစ်စေ၊ သိုး ဖြစ်စေ၊ တကောင်တကောင်နှင့် ပါရသော ဘောဇဉ် ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါ ၊ ဆီ တဟိန် ကို ပြင်ဆင် ရမည်။
25καὶ ἐν τῷ ἑβδόμῳ μηνί, πεντεκαιδεκάτῃ τοῦ μηνός, ἐν τῇ ἑορτῇ, ποιήσεις κατὰ τὰ αὐτὰ ἑπτὰ ἡμέρας καθὼς τὰ ὑπὲρ τῆς ἁμαρτίας καὶ καθὼς τὰ ὁλοκαυτώματα καὶ καθὼς τὸ μαναὰ καὶ καθὼς τὸ ἔλαιον.
25သတ္တမ လ တဆယ် ငါး ရက် နေ့တွင် ၊ ပွဲ ခံ၍ ယခင် အပြစ် ဖြေရာ ယဇ်၊ မီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ ဆီ ပူဇော်သက္ကာပြုသည်အတိုင်း ခုနစ် ရက် ပတ်လုံးပြု ရမည်။

Tip: use the ← and → keys to turn chapters.