ΞΟΔΟΣ 10
Septuagint (Greek Old Testament), second editionOriginal language
Septuagint (Greek Old Testament), second edition
Judson Burmese Bible (1840)
1ΕΙΠΕ δὲ Κύριος πρὸς Μωυσῆν λέγων· εἴσελθε πρὸς Φαραώ· ἐγὼ γὰρ ἐσκλήρυνα αὐτοῦ τὴν καρδίαν καὶ τῶν θεραπόντων αὐτοῦ, ἵνα ἑξῆς ἐπέλθῃ τὰ σημεῖα ταῦτα ἐπ᾿ αὐτούς·
1တဖန် ထာဝရဘုရား က၊ သင်သည် ဖာရော ဘုရင်ထံ သို့ဝင် လော့။ ငါသည် ဤ နိမိတ် တို့ကို သူ ရှေ့ ၌ ပြ ခြင်းငှာ ၎င်း၊
2ὅπως διηγήσησθε εἰς τὰ ὦτα τῶν τέκνων ὑμῶν καὶ τοῖς τέκνοις τῶν τέκνων ὑμῶν, ὅσα ἐμπέπαιχα τοῖς Αἰγυπτίοις, καὶ τὰ σημεῖά μου, ἃ ἐποίησα ἐν αὐτοῖς, καὶ γνώσεσθε ὅτι ἐγὼ Κύριος.
2အဲဂုတ္တုပြည်၌ ငါပြုသောအမှု၊ အဲဂုတ္တု လူတို့တွင် ငါပြ သောနိမိတ် တို့ကို၊ သင် ၏သား မြေးတို့အား ကြား ပြောသဖြင့် ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိ စေခြင်းငှာ ၎င်း၊ သူ ၏နှလုံး ၊ သူ ၏ကျွန် တို့နှလုံး ကို ငါ ခိုင်မာ စေပြီဟု မောရှေ အား မိန့် တော်မူ၏။
3εἰσῆλθε δὲ Μωυσῆς καὶ Ἀαρὼν ἐναντίον Φαραὼ καὶ εἶπαν αὐτῷ· τάδε λέγει Κύριος ὁ Θεὸς τῶν Ἑβραίων· ἕως τίνος οὐ βούλῃ ἐντραπῆναί με; ἐξαπόστειλον τὸν λαόν μου, ἵνα λατρεύσωσί μοι.
3မောရှေ နှင့် အာရုန် တို့သည်၊ ဖာရော ဘုရင်ထံ သို့ဝင် ပြီးလျှင် ၊ ဟေဗြဲ လူတို့၏ ဘုရား သခင်ထာဝရဘုရား က၊ သင်သည် ငါ့ ရှေ့မှာ ကိုယ်ကိုကိုယ်မ နှိမ့်ချ ဘဲ အဘယ်မျှ ကာလ ပတ်လုံးနေလိမ့်မည်နည်း။ ငါ ၏လူ တို့ သည် ငါ့ အား ဝတ်ပြု မည်အကြောင်း ၊ သွားရသောအခွင့် ကိုပေး လော့။
4ἐὰν δὲ μὴ θέλῃς σὺ ἐξαποστεῖλαι τὸν λαόν μου, ἰδοὺ ἐγὼ ἐπάγω ταύτην τὴν ὥραν αὔριον ἀκρίδα πολλὴν ἐπὶ πάντα τὰ ὅριά σου,
4သို့မဟုတ် ငါ ၏လူ တို့ကို မ လွှတ် ဘဲနေလျှင် ၊ ကြည့်ရှု လော့။ ကျိုင်းကောင် တို့ကို သင် ၏ပြည် သို့ နက်ဖြန် ငါ ဆောင် ခဲ့မည်။
5καὶ καλύψει τὴν ὄψιν τῆς γῆς, καὶ οὐ δυνήσῃ κατιδεῖν τὴν γῆν, καὶ κατέδεται πᾶν τὸ περισσὸν τῆς γῆς τὸ καταλειφθέν, ὃ κατέλιπεν ὑμῖν ἡ χάλαζα, καὶ κατέδεται πᾶν ξύλον τὸ φυόμενον ὑμῖν ἐπὶ τῆς γῆς·
5မြေ မ ထင်ပေါ် နိုင် အောင် သူတို့သည် မြေ မျက်နှာ ကို ဖုံးလွှမ်း ကြလိမ့်မည်။ မိုဃ်းသီး မဖျက်၊ သင် တို့၌ ကျန် ကြွင်း သေးသမျှကို၎င်း၊ သင် တို့အဘို့ မြေ ၌ ပေါက် သမျှသော အပင် တို့ကို၎င်းစား ကြလိမ့်မည်။
6καὶ πλησθήσονταί σου αἱ οἰκίαι καὶ αἱ οἰκίαι τῶν θεραπόντων σου καὶ πᾶσαι αἱ οἰκίαι ἐν πάσῃ γῇ τῶν Αἰγυπτίων, ἃ οὐδέποτε ἑωράκασιν οἱ πατέρες σου, οὐδ᾿ οἱ πρόπαπποι αὐτῶν, ἀφ᾿ ἧς ἡμέρας γεγόνασιν ἐπὶ τῆς γῆς ἕως τῆς ἡμέρας ταύτης. καὶ ἐκκλίνας Μωυσῆς ἐξῆλθεν ἀπὸ Φαραώ.
6သင် ၏ဘိုးဘေး တို့သည် မြေ ပေါ် မှာဖြစ် သည် ကာလ မှစ၍ ၊ ယနေ့ တိုင်အောင် မ မြင် ဘူးသကဲ့သို့၊ သင် ၏အိမ် များ၊ သင် ၏ကျွန် တို့အိမ် များ၊ အဲဂုတ္တု လူအပေါင်း တို့၏ အိမ် များတို့ကို ဖြည့် ကြလိမ့်မည်ဟု ဆို ပြီးလျှင် ၊ လှည့် ၍ ဖာရော ဘုရင်ထံမှ ထွက် သွားလေ၏။
7καὶ λέγουσιν οἱ θεράποντες Φαραὼ πρὸς αὐτόν· ἕως τίνος ἔσται τοῦτο ἡμῖν σκῶλον; ἐξαπόστειλον τοὺς ἀνθρώπους, ὅπως λατρεύσωσι τῷ Θεῷ αὐτῶν· ἢ εἰδέναι βούλῃ ὅτι ἀπόλωλεν Αἴγυπτος;
7ဖာရော ဘုရင်၏ ကျွန် တို့ကလည်း ၊ ဤ လူသည် ငါ တို့ကို အဘယ်မျှ ကာလ ပတ်လုံးနှောင့်ရှက် ပါလိမ့်မည်နည်း။ ထိုသူတို့သည် သူ တို့၏ဘုရား သခင်ထာဝရဘုရား အား ဝတ်ပြု မည်အကြောင်း အခွင့် ပေးတော်မူပါ။ အဲဂုတ္တု ပြည်ပျက် ကြောင်း ကို သိ တော်မ မူသေးသလောဟုလျှောက် ကြလျှင် ၊
8καὶ ἀπέστρεψαν τόν τε Μωυσῆν καὶ Ἀαρὼν πρὸς Φαραώ, καὶ εἶπεν αὐτοῖς· πορεύεσθε καὶ λατρεύσατε Κυρίῳ τῷ Θεῷ ὑμῶν· τίνες δὲ καὶ τίνες εἰσὶν οἱ πορευόμενοι;
8မောရှေ နှင့် အာရုန် ကို တဖန် ဖာရော ဘုရင်ထံ သို့သွင်း ပြန်၍ ၊ သင် တို့၏ဘုရား သခင်ထာဝရ ဘုရားအား ဝတ်ပြု ခြင်းငှာသွား ကြလော့။ သို့ရာတွင် သွား ရသောသူတို့သည် အဘယ်သူ နည်းဟုမေး လျှင်၊
9καὶ λέγει Μωυσῆς· σὺν τοῖς νεανίσκοις καὶ πρεσβυτέροις πορευσόμεθα, σὺν τοῖς υἱοῖς καὶ θυγατράσι καὶ προβάτοις καὶ βουσὶν ἡμῶν· ἔστι γὰρ ἑορτὴ Κυρίου τοῦ Θεοῦ ἡμῶν.
9မောရှေ က၊ အကျွန်ုပ်တို့သည် သူငယ် ၊ သူအို၊ သားသမီး ၊ သိုး ၊ နွား ပါလျက် သွား ပါမည်။ အကြောင်းမူကား ၊ ထာဝရဘုရား ရှေ့တော်၌ ပွဲ ခံရပါမည်ဟု ပြန်ဆို လေသော်၊
10καὶ εἶπε πρὸς αὐτούς· ἔστω οὕτω, Κύριος μεθ᾿ ὑμῶν· καθότι ἀποστέλλω ὑμᾶς, μὴ καὶ τὴν ἀποσκευὴν ὑμῶν; ἴδετε ὅτι πονηρία πρόσκειται ὑμῖν.
10ဖာရောမင်းက၊ သင် တို့နှင့် သူငယ် များကို ငါလွှတ် သည်အတိုင်း ၊ ထာဝရဘုရား သည် သင် တို့၌ ရှိစေသော။ သတိပြု ၊ မကောင်း သောအကြံကို ကြံကြသည်တကား။
11μὴ οὕτως· πορευέσθωσαν δὲ οἱ ἄνδρες, καὶ λατρευσάτωσαν τῷ Θεῷ· τοῦτο γὰρ αὐτοὶ ἐκζητεῖτε. ἐξέβαλον δὲ αὐτοὺς ἀπὸ προσώπου Φαραώ.
11ထိုသို့ မ ဖြစ်ရာ။ အရင်တောင်း လျှောက်သည်အတိုင်း၊ ယောက်ျား ဖြစ်သောသူတို့သာသွား ၍ ထာဝရ ဘုရားအား ဝတ်ပြု ကြဟု မိန့် တော်မူသဖြင့်၊ သူ တို့ကို အထံ တော်မှ နှင် ကြလေ၏။
12εἶπε δὲ Κύριος πρὸς Μωυσῆν· ἔκτεινον τὴν χεῖρα ἐπὶ γῆν Αἰγύπτου, καὶ ἀναβήτω ἀκρὶς ἐπὶ τὴν γῆν καὶ κατέδεται πᾶσαν βοτάνην τῆς γῆς καὶ πάντα τὸν καρπὸν τῶν ξύλων, ὃν ὑπελίπετο ἡ χάλαζα.
12ထာဝရဘုရား ကလည်း ၊ ကျိုင်း တို့သည် အဲဂုတ္တု ပြည် သို့ ရောက် လာ၍ မိုဃ်းသီး မဖျက်၊ မြေ ပေါ်မှာ ကျန်ရစ် သောအပင် ရှိသမျှ တို့ကို စား စေခြင်းငှာ ၊ အဲဂုတ္တု ပြည် အပေါ် မှာ လက် ကိုဆန့် လော့ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
13καὶ ἐπῇρε Μωυσῆς τὴν ράβδον εἰς τὸν οὐρανόν, καὶ Κύριος ἐπήγαγεν ἄνεμον νότον ἐπὶ τὴν γῆν, ὅλην τὴν ἡμέραν ἐκείνην καὶ ὅλην τὴν νύκτα· τὸ πρωΐ ἐγενήθη, καὶ ὁ ἄνεμος ὁ νότος ἀνέλαβε τὴν ἀκρίδα
13မောရှေ သည် မိမိ လှံတံ ကို အဲဂုတ္တု ပြည် အပေါ် မှာ ဆန့် သဖြင့် ၊ ထို နေ့ နှင့် ထိုညဉ့် ပတ်လုံး ၊ အရှေ့ လေ ကို မြေ ပေါ် မှာထာဝရဘုရား လာ စေတော်မူ၍၊ နံနက် ရောက် မှ အရှေ့ လေ သည် ကျိုင်း တို့ကို ဆောင် ခဲ့လေ၏။
14καὶ ἀνήγαγεν αὐτὴν ἐπὶ πᾶσαν τὴν γῆν Αἰγύπτου, καὶ κατέπαυσεν ἐπὶ πάντα τὰ ὅρια Αἰγύπτου πολλὴ σφόδρα· προτέρα αὐτῆς οὐ γέγονε τοιαύτη ἀκρὶς καὶ μετὰ ταῦτα οὐκ ἔσται οὕτως.
14ထိုကျိုင်း တို့သည် အဲဂုတ္တု ပြည် လုံး ကို လွှမ်းမိုး ၍ ၊ ပြည် နယ်နိမိတ် ရှိသမျှ အပေါ် မှာ နား သဖြင့် အလွန် များပြား ကြ၏။ ထိုသို့ သော ကျိုင်း တို့သည် ရှေး ကမ ဖြစ် စဖူး၊ နောက် ၌လည်း မ ဖြစ် ရလတံ့။
15καὶ ἐκάλυψε τὴν ὄψιν τῆς γῆς, καὶ ἐφθάρη ἡ γῆ· καὶ κατέφαγε πᾶσαν βοτάνην τῆς γῆς καὶ πάντα τὸν καρπὸν τῶν ξύλων, ὃς ὑπελείφθη ἀπὸ τῆς χαλάζης· οὐχ ὑπελείφθη χλωρὸν οὐδὲν ἐν τοῖς ξύλοις καὶ ἐν πάσῃ βοτάνῃ τοῦ πεδίου, ἐν πάσῃ γῇ Αἰγύπτου.
15မြေ မည်း သည်တိုင်အောင်မြေ တပြင်လုံး ကို ဖုံးအုပ် ၍ တပြည် လုံးတွင် မြက်ပင် ရှိသမျှ မိုဃ်းသီး နှင့် လွတ် သောသစ်သီး ရှိသမျှ ကို စား ကြသဖြင့် ၊ အဲဂုတ္တု ပြည် တရှောက်လုံး တွင် သစ်ပင် မြက်ပင် တို့၌ စိမ်း သောအရာ တစုံတခုမျှ မ ကျန်ရစ်။
16κατέσπευδε δὲ Φαραὼ καλέσαι Μωυσῆν καὶ Ἀαρὼν λέγων· ἡμάρτηκα ἐναντίον Κυρίου τοῦ Θεοῦ ὑμῶν καὶ εἰς ὑμᾶς·
16ထိုအခါ ဖာရော ဘုရင်သည် မောရှေ နှင့် အာရုန် ကို အလျင်အမြန် ခေါ် ၍ ၊ သင် တို့၏ ဘုရား သခင် ထာဝရဘုရား ကို၎င်း ၊ သင် တို့ကို၎င်း ငါပြစ်မှား ပါပြီ။
17προσδέξασθε οὖν μου τὴν ἁμαρτίαν ἔτι νῦν καὶ προσεύξασθε πρὸς Κύριον τὸν Θεὸν ὑμῶν, καὶ περιελέτω ἀπ᾿ ἐμοῦ τὸν θάνατον τοῦτον.
17သို့ဖြစ်၍ သည်တခါ ငါ့ အပြစ် ကို သည်းခံ ပါလော့။ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည်၊ ဤ သေဘေး တခုကိုသာ ငါ မှ ပယ်ရှား ပါမည်အကြောင်း တောင်းပန် ပါဟု ဆို သည်ရှိသော်၊
18ἐξῆλθε δὲ Μωυσῆς ἀπὸ Φαραὼ καὶ ηὔξατο πρὸς τὸν Θεόν.
18မောရှေသည် အထံ တော်မှ ထွက် ၍ ၊ ထာဝရဘုရား ကို တောင်းပန် လေ၏။
19καὶ μετέβαλε Κύριος ἄνεμον ἀπὸ θαλάσσης σφοδρόν, καὶ ἀνέλαβε τὸν ἀκρίδα καὶ ἔβαλεν αὐτὴν εἰς τὴν ἐρυθρὰν θάλασσαν, καὶ οὐχ ὑπελείφθη ἀκρὶς μία ἐν πάσῃ γῇ Αἰγύπτου.
19ထာဝရဘုရား သည် အားကြီး သော အနောက် လေ ကို လွှတ် တော်မူသဖြင့် ၊ ထိုလေသည် ကျိုင်း တို့ကို ဆောင်သွား ၍ ဧဒုံ ပင်လယ် ၌ ချ ပစ်လေ၏။ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ကျိုင်း တကောင် မျှ မ ကျန်ရစ်။
20καὶ ἐσκλήρυνε Κύριος τὴν καρδίαν Φαραώ. καὶ οὐκ ἐξαπέστειλε τοὺς υἱοὺς Ἰσραήλ.
20သို့သော်လည်း ၊ ထာဝရဘုရား သည် ဖာရော ဘုရင်၏နှလုံး ကို ခိုင်မာ စေတော်မူသဖြင့် ၊ သူသည် ဣသရေလ အမျိုးသား တို့ကို မ လွှတ် ဘဲနေပြန်လေ၏။
21Εἶπε δὲ Κύριος πρὸς Μωυσῆν· ἔκτεινον τὴν χεῖρά σου εἰς τὸν οὐρανόν, καὶ γενηθήτω σκότος ἐπὶ γῆς Αἰγύπτου, ψηλαφητὸν σκότος.
21တဖန် ထာဝရဘုရား က၊ အဲဂုတ္တု ပြည် တရှောက်လုံး၌ မှောင်မိုက် သာမညမဟုတ်၊ စမ်းသပ် ၍ တွေ့ရသောမှောင်မိုက် ဖြစ် စေခြင်းငှာ ၊ သင် ၏လက် ကို မိုဃ်းကောင်းကင် သို့ ဆန့် လော့ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
22ἐξέτεινε δὲ Μωυσῆς τὴν χεῖρα εἰς τὸν οὐρανόν, καὶ ἐγένετο σκότος γνόφος, θύελλα ἐπὶ πᾶσαν γῆν Αἰγύπτου τρεῖς ἡμέρας,
22မောရှေ သည် မိမိ လက် ကို မိုဃ်းကောင်းကင် သို့ ဆန့် ၍ ၊ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ထူထပ် သော မှောင်မိုက် သည် သုံး ရက် ပတ်လုံးဖြစ် လေ၏။
23καὶ οὐκ εἶδεν οὐδεὶς τὸν ἀδελφὸν αὐτοῦ τρεῖς ἡμέρας, καὶ οὐκ ἐξανέστη οὐδεὶς ἐκ τῆς κοίτης αὐτοῦ τρεῖς ἡμέρας· πᾶσι δὲ τοῖς υἱοῖς Ἰσραὴλ φῶς ἦν ἐν πᾶσιν, οἷς κατεγίνοντο.
23ထိုအခါ တယောက်ကိုတယောက်မ မြင် နိုင်ကြ။ သုံး ရက် ပတ်လုံးအဘယ်သူမျှ မိမိ နေရာ မှ မ ထ ရကြ။ သို့ရာတွင် ဣသရေလ အမျိုးသား အပေါင်း တို့သည်၊ မိမိ တို့နေရာ ၌ အလင်း ကို ရ ကြ၏။
24καὶ ἐκάλεσε Φαραὼ Μωυσῆν καὶ Ἀαρὼν λέγων· βαδίζετε, λατρεύσατε Κυρίῳ τῷ Θεῷ ὑμῶν, πλὴν τῶν προβάτων καὶ τῶν βοῶν ὑπολείπεσθε· καὶ ἡ ἀποσκευὴ ὑμῶν ἀποτρεχέτω μεθ᾿ ὑμῶν,
24ထိုအခါ ဖာရော ဘုရင်သည် မောရှေ နှင့် အာရုန်ကို ခေါ် ၍ ထာဝရ ဘုရားအား ဝတ်ပြု ခြင်းငှာသွား ကြလော့။ သို့ရာတွင်သိုး နွား များကို ထား ခဲ့ကြစေ။ သူငယ် များကို ခေါ် ကြစေဟု မိန့် တော်မူ၏။
25καὶ εἶπε Μωυσῆς· ἀλλὰ καὶ σὺ δώσει ἡμῖν ὁλοκαυτώματα καὶ θυσίας, ἃ ποιήσομεν Κυρίῳ τῷ Θεῷ ἡμῶν·
25မောရှေ ကလည်း ၊ ကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား အား ယဇ်ပူဇော် စရာဘို့ ယဇ်ကောင် များ၊ မီးရှို့ ရာပူဇော်သက္ကာများကို ကိုယ်တော် ပေး ရမည်။
26καὶ τὰ κτήνη ἡμῶν πορεύσεται μεθ᾿ ἡμῶν, καὶ οὐχ ὑπολειψόμεθα ὁπλήν· ἀπ᾿ αὐτῶν γὰρ ληψόμεθα λατρεῦσαι Κυρίῳ τῷ Θεῷ ἡμῶν, ἡμεῖς δὲ οὐκ οἴδαμεν τί λατρεύσομεν Κυρίῳ τῷ Θεῷ ἡμῶν, ἕως τοῦ ἐλθεῖν ἡμᾶς ἐκεῖ.
26ကျွန်ုပ် တို့သည် တိရစ္ဆာန် များကို ဆောင်သွား ရမည်။ တကောင်မျှ မ ကျန်ရစ် ရ။ အကြောင်းမူကား ၊ သူ တို့အထဲက ကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား အား ဝတ်ပြု စရာဘို့ ရွေး ယူရမည်။ ထာဝရ ဘုရားအား အဘယ် မည်သောအကောင်နှင့် ဝတ်ပြု ရမည်ကို ထို အရပ်သို့ မ ရောက် မှီ မ သိ ပါဟု ဆို လေသော်၊
27ἐσκλήρυνε δὲ Κύριος τὴν καρδίαν Φαραὼ καὶ οὐκ ἐβουλήθη ἐξαποστεῖλαι αὐτούς.
27ထာဝရဘုရား သည် ဖာရော ဘုရင်၏ နှလုံး ကို ခိုင်မာ စေတော်မူသဖြင့် ၊ သူသည် ဣသရေလ အမျိုးသားတို့ကို မ လွှတ် ။
28καὶ λέγει Φαραώ· ἄπελθε ἀπ᾿ ἐμοῦ· πρόσεχε σεαυτῷ ἔτι προσθεῖναι ἰδεῖν μου τὸ πρόσωπον· ᾗ δ᾿ ἂν ἡμέρᾳ ὀφθῇς μοι, ἀποθανῇ.
28မောရှေ ကို လည်း ၊ ငါ့ ထံမှ ထွက် သွားလော့။ နောက် တဖန် ငါ့ မျက်နှာ ကို မ မြင် အောင် သတိပြု လော့။ ငါ့ မျက်နှာ ကို မြင် သောနေ့ ၌ သေ မည်ဟု မိန့် တော်မူ၏။
29λέγει δὲ Μωυσῆς· εἴρηκας· οὐκ ἔτι ὀφθήσομαί σοι εἰς πρόσωπον.
29မောရှေ ကလည်း ၊ မိန့် တော်မူချက်သည် လျောက်ပတ် ပါ၏။ မျက်နှာ တော်ကို နောက် တဖန်မ မြင် ပါဟု လျှောက်ဆို ၏။
Tip: use the ← and → keys to turn chapters.