ΒΑΣΙΛΕΙΩΝ Α 4
Septuagint (Greek Old Testament), second editionOriginal language
Septuagint (Greek Old Testament), second edition
Judson Burmese Bible (1840)
1ΚΑΙ ἐγενήθη ἐν ταῖς ἡμέραις ἐκείναις καὶ συναθροίζονται ἀλλόφυλοι ἐπὶ Ἰσραὴλ εἰς πόλεμον· καὶ ἐξῆλθεν Ἰσραὴλ εἰς ἀπάντησιν αὐτοῖς εἰς πόλεμον καὶ παρεμβάλλουσιν ἐπὶ Ἀβενέζερ, καὶ οἱ ἀλλόφυλοι παρεμβάλλουσιν ἐν Ἀφέκ.
1တဖန် ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိ လူတို့ကို တိုက် ခြင်းငှါ ချီ သွား၍ ၊ ဧဗနေဇာ မြို့နား မှာ တပ်ချ လျက် ၊ ဖိလိတ္တိ လူတို့သည် အာဖက် မြို့၌ တပ်ချ လျက်နေကြ၏။
2καὶ παρατάσσονται ἀλλόφυλοι εἰς πόλεμον ἐπὶ Ἰσραήλ· καὶ ἔκλινεν ὁ πόλεμος, καὶ ἔπταισεν ἀνὴρ Ἰσραὴλ ἐνώπιον ἀλλοφύλων, καὶ ἐπλήγησαν ἐν τῇ παρατάξει ἐν ἀγρῷ τέσσαρες χιλιάδες ἀνδρῶν.
2ဖိလိတ္တိ လူတို့သည် ဣသရေလ အမျိုးကို စစ်ခင်းကျင်း ၍ တိုက်ကြသောအခါ ၊ ဣသရေလ အမျိုးသည် စစ်ရှုံး ၍ ၊ ရန်သူလက်တွင် သူရဲ လေး ထောင် ခန့် မျှ သေ ကြ၏။
3καὶ ἦλθεν ὁ λαὸς εἰς τὴν παρεμβολήν, καὶ εἶπαν οἱ πρεσβύτεροι Ἰσραήλ· κατὰ τί ἔπταισεν ἡμᾶς Κύριος σήμερον ἐνώπιον ἀλλοφύλων; λάβωμεν τὴν κιβωτὸν τοῦ Θεοῦ ἡμῶν ἐκ Σηλώμ, καὶ ἐξελθέτω ἐκ μέσου ἡμῶν, καὶ σώσει ἡμᾶς ἐκ χειρὸς ἐχθρῶν ἡμῶν.
3လူ များတို့သည် တပ် ထဲသို့ ရောက် သောအခါ ၊ ဣသရေလ အမျိုး အသက်ကြီး သူတို့က၊ ယနေ့ ထာဝရဘုရား သည် ငါ တို့ကို ဖိလိတ္တိ လူတို့ရှေ့ မှာ အဘယ်ကြောင့် ရှုံး စေတော်မူသနည်း။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်သည် လာ ၍ ၊ ငါ တို့ကို ရန်သူ လက် မှ ကယ်တင် စေခြင်းငှါ၊ ရှိလော မြို့မှ ဆောင် ခဲ့ ကြကုန်အံ့ဟု ဆို ကြသည်အတိုင်း၊
4καὶ ἀπέστειλεν ὁ λαὸς εἰς Σηλώμ, καὶ αἴρουσιν ἐκεῖθεν τὴν κιβωτὸν Κυρίου καθημένου Χερουβίμ· καὶ ἀμφότεροι οἱ υἱοὶ Ἡλὶ μετὰ τῆς κιβωτοῦ, Ὀφνὶ καὶ Φινεές.
4လူများတို့သည် ရှိလော မြို့သို့ လူ ကို စေလွှတ် ၍ ၊ ခေရုဗိမ် စပ်ကြားမှာနေ သောကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို ဆောင် ခဲ့သဖြင့် ၊ ဘုရား သခင်၏ ပဋိညာဉ် သေတ္တာ တော်နှင့်အတူ ဧလိ ၏ သား ဟောဖနိ နှင့် ဖိနဟတ် နှစ် ယောက်တို့သည် ပါကြ၏။
5καὶ ἐγενήθη ὡς ἦλθεν ἡ κιβωτὸς Κυρίου εἰς τὴν παρεμβολήν, καὶ ἀνέκραξε πᾶς Ἰσραὴλ φωνῇ μεγάλῃ, καὶ ἤχησεν ἡ γῆ.
5ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်သည် တပ် ထဲ သို့ရောက် သောအခါ ၊ မြေကြီး အသံမြည် သည်တိုင်အောင်တပ်သားအပေါင်း တို့သည် ကြွေးကြော် ကြ၏။
6καὶ ἤκουσαν οἱ ἀλλόφυλοι τῆς κραυγῆς, καὶ εἶπον οἱ ἀλλόφυλοι· τίς ἡ κραυγὴ ἡ μεγάλη αὕτη ἐν τῇ παρεμβολῇ τῶν Ἑβραίων; καὶ ἔγνωσαν ὅτι κιβωτὸς Κυρίου ἥκει εἰς τὴν παρεμβολήν.
6ကြွေးကြော် သံ ကို ဖိလိတ္တိ လူတို့သည် ကြား လျှင် ၊ ဟေဗြဲ တပ် ၌ ပြုသောကြွေးကြော် သံ ကြီး ကား အဘယ်သို့ နည်းဟုမေး လျက် ၊ ထာဝရဘုရား ၏ သေတ္တာ တော်သည် ထိုတပ် ထဲ သို့ ရောက် ကြောင်း ကို သိ ကြ၏။
7καὶ ἐφοβήθησαν οἱ ἀλλόφυλοι καὶ εἶπον· οὗτοι οἱ θεοὶ ἥκασι πρὸς αὐτοὺς εἰς τὴν παρεμβολήν· οὐαὶ ἡμῖν· ἐξελοῦ ἡμᾶς, κύριε, σήμερον, ὅτι οὐ γέγονε τοιαύτη ἐχθὲς καὶ τρίτην.
7ဖိလိတ္တိ လူတို့သည် ကြောက် ၍ ၊ ဘုရား သခင်သည် ဟေဗြဲတပ် ထဲ သို့ ရောက် လေပြီ တကား။ ငါ တို့ သည် အမင်္ဂလာ ရှိကြ၏။ တခါမျှ ဤ သို့မ ဖြစ် စဖူး။
8οὐαὶ ἡμῖν· τίς ἐξελεῖται ἡμᾶς ἐκ χειρὸς τῶν θεῶν τῶν στερεῶν τούτων; οὗτοι οἱ θεοί, οἱ πατάξαντες τὴν Αἴγυπτον ἐν πάσῃ πληγῇ καὶ ἐν τῇ ἐρήμῳ.
8ငါ တို့သည် အမင်္ဂလာ ရှိကြ၏။ တန်ခိုး ကြီးသော ဤဘုရား သခင်၏လက် မှ ငါ တို့ကို အဘယ်သူ ကယ်တင် လိမ့်မည်နည်း။ တော ၌ အဲဂုတ္တု လူတို့ကို ဘေး အပေါင်း နှင့် ဒဏ်ခတ် သော ဘုရား ကား၊ အခြား မဟုတ် ဤ ဘုရားပေတည်း။
9κραταιοῦσθε καὶ γίνεσθε εἰς ἄνδρας ἀλλόφυλοι, ὅπως μὴ δουλεύσητε τοῖς Ἑβραίοις, καθὼς ἐδούλευσαν ἡμῖν, καὶ ἔσεσθε εἰς ἄνδρας καὶ πολεμήσατε αὐτούς.
9အို ဖိလိတ္တိ လူတို့၊ ဣသရေလလူတို့သည် သင် တို့ထံ ၌ကျွန် ခံရသကဲ့သို့ ၊ သူတို့ထံ၌ ငါတို့သည် ကျွန် မခံရမည်အကြောင်း၊ အားယူ ၍ ယောက်ျား ပြု ကြလော့။ ယောက်ျား ပြု ၍ တိုက် ကြလော့ဟု ပြောဆို ကြ၏။
10καὶ ἐπολέμησαν αὐτούς· καὶ πταίει ἀνὴρ Ἰσραὴλ, καὶ ἔφυγεν ἕκαστος εἰς σκήνωμα αὐτοῦ· καὶ ἐγένετο πληγή μεγάλη σφόδρα, καὶ ἔπεσον ἐξ Ἰσραὴλ τριάκοντα χιλιάδες ταγμάτων.
10ဖိလိတ္တိ လူတို့သည် စစ် တိုက်သဖြင့် ၊ ဣသရေလ အမျိုး ရှုံး ပြန်၍ ၊ လူ တိုင်း မိမိ နေရာ သို့ ပြေး လေ၏။ ကြီးစွာ သော လုပ်ကြံ ခြင်းဖြစ် ၍ ၊ ဣသရေလ ခြေသည် သူရဲ သုံး သောင်းတို့သည် သေ ကြ၏။
11καὶ κιβωτὸς τοῦ Θεοῦ ἐλήφθη, καὶ ἀμφότεροι οἱ υἱοὶ Ἡλὶ ἀπέθανον, Ὀφνὶ καὶ Φινεές.
11ဘုရား သခင်၏ သေတ္တာ တော်သည် ရန်သူလက် သို့ ရောက်၍ ၊ ဧလိ ၏သား ဟောဖနိ နှင့် ဖိနဟတ် နှစ် ယောက်တို့သည် အသက် ဆုံးလေ၏။
12Καὶ ἔδραμεν ἀνὴρ Ἰεμιναῖος ἐκ τῆς παρατάξεως καὶ ἦλθεν εἰς Σηλὼμ ἐν τῇ ἡμέρᾳ ἐκείνῃ, καὶ τὰ ἱμάτια αὐτοῦ διερρωγότα, καὶ γῆ ἐπὶ τῆς κεφαλῆς αὐτοῦ.
12ဗင်္ယာမိန် အမျိုးသား တယောက်သည်၊ စစ်တိုက် ရာထဲက ပြေး လာ၍ ၊ မိမိ အဝတ် ကို ဆုတ် လျက် ၊ မိမိ ခေါင်း ပေါ် မှာ မြေမှုန့် ကိုတင်လျက်၊ ထို နေ့ခြင်းတွင် ရှိလော မြို့သို့ ရောက် လေ၏။
13καὶ ἦλθε, καὶ ἰδοὺ Ἡλὶ ἐπὶ τοῦ δίφρου παρὰ τὴν πύλη σκοπεύων τὴν ὁδόν, ὅτι ἦν καρδία αὐτοῦ ἐξεστηκυῖα περὶ τῆς κιβωτοῦ τοῦ Θεοῦ· καὶ ὁ ἄνθρωπος εἰσῆλθεν εἰς τὴν πόλιν ἀπαγγεῖλαι, καὶ ἀνεβόησεν ἡ πόλις.
13ရောက် သောအခါ ၊ ဧလိ သည် လမ်း နား ၌ ခုံ ပေါ် မှာထိုင် ၍၊ ဘုရား သခင်၏ သေတ္တာ တော်အတွက် စိတ် နှလုံးတုန်လှုပ် လျက် စောင့် နေ၏။ ပြေးသောသူသည် မြို့ ထဲ သို့ရောက် ၍ သိတင်းပြော သဖြင့် ၊ တမြို့လုံး အော်ဟစ် ကြ၏။
14καὶ ἤκουσεν Ἡλὶ τὴν φωνὴν τῆς βοῆς καὶ εἶπε· τίς ἡ φωνὴ τῆς βοῆς ταύτης; καὶ ὁ ἄνθρωπος σπεύσας εἰσῆλθε καὶ ἀπήγγειλε τῷ Ἡλί.
14အော်ဟစ် သံ ကို ဧလိ ကြား သော်၊ အုတ်အုတ် ကျက်ကျက်သော အသံ ကား၊ အဘယ်သို့ နည်းဟုမေး လျှင်၊ ထိုသူသည် အလျင် အမြန်လာ ၍ ဧလိ အား လျှောက် လေ၏။
15καὶ Ἡλὶ υἱὸς ἐνενήκοντα ἐτῶν, καὶ οἱ ὀφθαλμοὶ αὐτοῦ ἐπανέστησαν καὶ οὐκ ἐπέβλεπε·
15ထိုအခါ ဧလိ သည် အသက် ကိုး ဆယ်ရှစ် နှစ်ရှိ၍ မျက်စိ မ မြင် နိုင် အောင် မျက်ကြော သေနှင့်ပြီ။
16καὶ εἶπεν Ἡλὶ τοῖς ἀνδράσι τοῖς περιεστηκόσιν αὐτῷ· τίς ἡ φωνὴ τοῦ ἤχου τούτου; καὶ ὁ ἀνὴρ σπεύσας προσῆλθε πρὸς Ἡλὶ καὶ εἶπεν αὐτῷ· ἐγώ εἰμι ὁ ἥκων ἐκ τῆς παρεμβολῆς, κἀγὼ πέφευγα ἐκ τῆς παρατάξεως σήμερον. καὶ εἶπεν Ἡλί· τί τὸ γεγονὸς ρῆμα, τέκνον;
16ပြေးသောသူက၊ အကျွန်ုပ် သည် စစ်တိုက် ရာမှ ရောက် လာသောသူဖြစ် ပါ၏။ စစ်တိုက် ရာထဲက ယနေ့ အကျွန်ုပ်ပြေး ၍ လာပါ၏ဟု လျှောက် လျှင် ၊ ဧလိက၊ ငါ့ သား ၊ အမှုကားအဘယ်သို့ နည်းဟုမေး လေသော်၊
17καὶ ἀπεκρίθη τὸ παιδάριον καὶ εἶπε· πέφευγεν ἀνὴρ Ἰσραὴλ ἐκ προσώπου ἀλλοφύλων, καὶ ἐγένετο πληγὴ μεγάλη ἐν τῷ λαῷ, καὶ ἀμφότεροι οἱ υἱοὶ σου τεθνήκασι, καὶ ἡ κιβωτὸς τοῦ Θεοῦ ἐλήφθη.
17တမန်က၊ ဣသရေလ အမျိုးသည် ဖိလိတ္တိ လူတို့ရှေ့ မှာပြေး ၍ ကြီးစွာ သော လုပ်ကြံ ခြင်းကိုခံရ ကြပါပြီ။ ကိုယ်တော် ၏သား ၊ ဟောဖနိ နှင့် ဖိနဟတ် နှစ် ယောက်တို့သည် သေ ပါပြီ။ ဘုရား သခင်၏ သေတ္တာ တော် သည်လည်း ရန်သူလက် သို့ရောက်ပါပြီဟု ပြန် လျှောက်လေ၏။
18καὶ ἐγένετο ὡς ἐμνήσθη τῆς κιβωτοῦ τοῦ Θεοῦ, καὶ ἔπεσεν ἀπὸ τοῦ δίφρου ὀπισθίως ἐχόμενος τῆς πύλης, καὶ συνετρίβη ὁ νῶτος αὐτοῦ καὶ ἀπέθανεν, ὅτι πρεσβύτης ὁ ἄνθρωπος καὶ βαρύς· καὶ αὐτὸς ἔκρινε τὸν Ἰσραὴλ εἴκοσιν ἔτη.
18ဘုရား သခင်၏ သေတ္တာ တော် သိတင်းကိုကြား သောအခါ ၊ ဧလိသည် တံခါး နား မှာ ထိုင်သောခုံ ပေါ် က နောက် သို့လန်ကျ သဖြင့် ၊ လည်ပင်း ကျိုး ၍ သေ လေ၏။ အသက် ကြီး၍ ကိုယ်လေး သောသူဖြစ် ၏။ ထိုသူ သည် ဣသရေလ အမျိုးကို အနှစ် လေး ဆယ်အုပ်စိုး သတည်း။
19Καὶ νύμφη αὐτοῦ γυνὴ Φινεὲς συνειληφυῖα τοῦ τεκεῖν· καὶ ἤκουσε τὴν ἀγγελίαν ὅτι ἐλήφθη ἡ κιβωτὸς τοῦ Θεοῦ καὶ ὅτι τέθνηκεν ὁ πενθερὸς αὐτῆς καὶ ὁ ἀνὴρ αὐτῆς, καὶ ἔκλαυσε καὶ ἔτεκεν, ὅτι ἐπεστράφησαν ἐπ᾿ αὐτὴν ὠδῖνες αὐτῆς.
19သူ ၏ ချွေးမ ဖိနဟတ် ၏ မယား သည် ပဋိသန္ဓေ အရင့်အမာရှိ၍ အချိန်နီးလျက်၊ ဘုရား သခင်၏ သေတ္တာ တော်သည် ရန်သူလက် သို့ ရောက်ကြောင်း၊ ယောက္ခမ နှင့် လင် သေ ကြောင်းကို ကြား သောအခါ ၊ ကျောကုန်း ၍ သား ဘွားခြင်း ဝေဒနာကို ချက်ခြင်းခံရ၏။
20καὶ ἐν τῷ καιρῷ αὐτῆς ἀποθνήσκει, καὶ εἶπον αὐτῇ αἱ γυναῖκες αἱ παρεστηκυῖαι αὐτῇ· μὴ φοβοῦ, ὅτι υἱὸν τέτοκας· καὶ οὐκ ἀπεκρίθη, καὶ οὐκ ἐνόησεν ἡ καρδία αὐτῆς.
20သေ လုသောအခါ အနားမှာရှိသော မိန်းမတို့က၊ မ စိုးရိမ် နှင့်။ သား ယောက်ျားကို ဘွားမြင် ပြီဟု ဆို သော်လည်း ပြန် မ ပြော၊ အမှု မ ထားဘဲနေ၏။
21καὶ ἐκάλεσε τὸ παιδάριον Οὐαὶ Βαρχαβὼθ ὑπὲρ τῆς κιβωτοῦ τοῦ Θεοῦ καὶ ὑπὲρ τοῦ πενθεροῦ αὐτῆς καὶ ὑπὲρ τοῦ ἀνδρὸς αὐτῆς.
21တဖန် ဘုရား သခင်၏ သေတ္တာ တော်သည် ရန်သူလက် သို့ ရောက်သောကြောင့် ၎င်း ၊ မိမိ ယောက္ခမ နှင့် လင် အမှုကြောင့် ၎င်း၊ ဣသရေလ ဘုန်း အသရေပျောက် ခဲ့ပြီဟုဆို လျက်၊ ထိုသူငယ် ကို ဣခဗုဒ် အမည် ဖြင့် မှည့်၍၊
22καὶ εἶπαν· ἀπῴκισται δόξα Ἰσραὴλ ἐν τῷ ληφθῆναι τὴν κιβωτὸν Κυρίου.
22ဣသရေလအမျိုး၏ ဘုရား သခင့် သေတ္တာ တော်သည် ရန်သူလက် သို့ ရောက်သောကြောင့်၊ ဣသရေလ ဘုန်း အသရေပျောက် ခဲ့ပြီဟု ဆို လေ၏။
Tip: use the ← and → keys to turn chapters.