Amos
Chapter 6
Louis Segond 1910
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Amos 6

Louis Segond 1910
Judson Burmese Bible (1840)
1Malheur à ceux qui vivent tranquilles dans Sion, Et en sécurité sur la montagne de Samarie, A ces grands de la première des nations, Auprès desquels va la maison d’Israël!…
1ဇိအုန် မြို့၌ ငြိမ်ဝပ် စွာနေသောသူ၊ ရှမာရိ တောင် ပေါ် မှာ စိုးရိမ် ခြင်းနှင့် ကင်းလွတ်လျက်နေသောသူ၊ လူမျိုး တို့တွင် အထွဋ် အမြတ်ဟူ၍ခေါ်ဝေါ်သောသူ၊ ဣသရေလ အမျိုး ဆည်းကပ် သောသူတို့သည် အမင်္ဂလာ ရှိ ကြ၏။
2Passez à Calné et voyez, Allez de là jusqu’à Hamath la grande, Et descendez à Gath chez les Philistins: Ces villes sont-elles plus prospères que vos deux royaumes, Et leur territoire est-il plus étendu que le vôtre?…
2ကာလနေ မြို့သို့သွား ၍ ကြည့်ရှု ကြလော့။ ထို မြို့မှ ဟာမတ် ကြီးမြို့သို့၎င်း ၊ ဖိလိတ္တိ လူတို့နေသောဂါသ မြို့ သို့၎င်း သွား ကြလော့။ ထိုနိုင်ငံ တို့သည် ဤ နိုင်ငံတို့ထက် သာ၍ကောင်း သလော ။ သူ တို့နယ် အပိုင်းအခြားသည် သင် တို့နယ် အပိုင်းအခြားထက် သာ၍ကျယ် သလော။
3Vous croyez éloigné le jour du malheur, Et vous faites approcher le règne de la violence.
3ဆိုးယုတ် သော နေ့ရက် ကို ရွှေ့ ၍ ၊ မ တရားသဖြင့် စီရင်ရာပလ္လင် ကို အနီး မှာတည်စေခြင်း၊
4Ils reposent sur des lits d’ivoire, Ils sont mollement étendus sur leurs couches; Ils mangent les agneaux du troupeau, Les veaux mis à l’engrais.
4ဆင်စွယ် ခုတင် ပေါ် မှာ အိပ် ၍ မွေ့ရာ ပေါ် မှာလျောင်း ခြင်း၊ သိုးစု ထဲက သိုးသငယ် တို့ကို၎င်း ၊ နွားတင်းကုပ် ထဲက နွားသငယ် တို့ကို၎င်း ယူ၍စား ခြင်း၊
5Ils extravaguent au son du luth, Ils se croient habiles comme David sur les instruments de musique.
5တယော ထိုး သံနှင့်ပြိုင်လျက် သီချင်း ဆိုခြင်း၊ တီးမှုတ် ရာတုရိယာမျိုးအသစ်ကို ဒါဝိဒ် မင်းရှာ၍ လုပ်သကဲ့သို့ လုပ်ခြင်း၊
6Ils boivent le vin dans de larges coupes, Ils s’oignent avec la meilleure huile, Et ils ne s’attristent pas sur la ruine de Joseph!
6စပျစ်ရည် ကို ဖလား နှင့် သောက် ၍ ၊ အဘိုးထိုက် သော နံ့သာဆီ နှင့် လိမ်း ခြင်းတို့ကိုပြု၍၊ ယောသပ် အမျိုး ဆင်းရဲ ခံရသည်ကို စိတ် မ ကြင်နာဘဲနေသော၊
7C’est pourquoi ils seront emmenés à la tête des captifs; Et les cris de joie de ces voluptueux cesseront.
7ထို သူတို့သည် အဦးဆုံး သိမ်းသွား ခြင်းကို ခံရသောသူတို့နှင့်အတူ ပါ သွားကြလိမ့်မည်။ လျောင်း ၍ နေသောသူတို့၏ ပွဲ သည်လည်း ကွယ်ပျောက် ရလိမ့်မည်။
8Le Seigneur, l’Éternel, l’a juré par lui-même; L’Éternel, le Dieu des armées, a dit: J’ai en horreur l’orgueil de Jacob, Et je hais ses palais; Je livrerai la ville et tout ce qu’elle renferme.
8ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အရှင် ထာဝရဘုရား သည် ကိုယ် ကိုတိုင်တည်၍ ကျိန်ဆို တော်မူသည်အတိုင်း၊ ယာကုပ် ၏မာန ကို ငါ ရွံရှာ ၍ သူ ၏ဘုံ ဗိမာန်တို့ကိုမုန်း သောကြောင့် ၊ မြို့ တော်နှင့် မြို့ ၌ရှိသမျှ ကို ငါစွန့်ပစ် မည်။
9Et s’il reste dix hommes dans une maison, ils mourront.
9အိမ် တ ဆောင်တွင် လူ တကျိပ် ကျန်ကြွင်း သော်လည်း သေ ကြလိမ့်မည်။
10Lorsqu’un parent prendra un mort pour le brûler Et qu’il enlèvera de la maison les ossements, Il dira à celui qui est au fond de la maison: Y a-t-il encore quelqu’un avec toi? Et cet homme répondra: Personne… Et l’autre dira: Silence! Ce n’est pas le moment de prononcer le nom de l’Éternel.
10ပေါက်ဘော် တော်၍ မီး ဖြင့် သင်္ဂြိုဟ်ရသော သူသည် အိမ် ထဲက အသေ ကောင်ကိုထုတ် ၍ ချီ သွား သောအခါ၊ အိမ် အတွင်း တွင် ရှိသောသူ ကို ခေါ် ၍ ၊ သင် ၌ တစုံတယောက် ကျန်ကြွင်းသေးသလော ဟုမေးသော်၊ မကျန်ကြွင်းဟု ပြန်ပြောလိမ့်မည်။ ထမ်းသွားသောသူကလည်း၊ တိတ်ဆိတ် စွာနေလော့။ ထာဝရဘုရား ၏ နာမ တော်ကို ချီးမွမ်း ရသောအခွင့်မ ရှိဟု ပြောဆို လိမ့်မည်။
11Car voici, l’Éternel ordonne: Il fera tomber en ruines la grande maison, Et en débris la petite maison.
11အကြောင်း မူကား၊ ထာဝရဘုရား အမိန့် တော် ရှိသဖြင့် ၊ အိမ် ကြီး ကိုဖြို ၍ အိမ် ငယ် ကိုလည်း ကွဲ စေတော်မူလိမ့်မည်။
12Est-ce que les chevaux courent sur un rocher, Est-ce qu’on y laboure avec des bœufs, Pour que vous ayez changé la droiture en poison, Et le fruit de la justice en absinthe?
12မြင်း သည် ကျောက် ပေါ် မှာ ပြေး တတ်သလော ။ လူသည် ကျောက်ပေါ်မှာ နွား နှင့် ထွန် တတ်သလော။ သင်တို့သည် တရား သဖြင့် စီရင်ခြင်းကို ခါး စွာသော သစ်ရွက် ဖြစ်စေ ခြင်းငှါ၎င်း ၊ ဖြောင့်မတ် ခြင်းကို ဒေါန ရွက် ဖြစ်စေ ခြင်းငှါ၎င်း ပြု ကြသည်တကား။
13Vous vous réjouissez de ce qui n’est que néant, Vous dites: N’est-ce pas par notre force Que nous avons acquis de la puissance?
13အချည်းနှီးသောအရာ၌ ဝါကြွားဝမ်းမြောက် ၍၊ ငါတို့သည် ကိုယ် အစွမ်း သတ္တိအားဖြင့် အာဏာ ကို သိမ်းယူ ပြီမ ဟုတ်လော ဟု ဆို တတ်ကြသည်တကား။
14C’est pourquoi voici, je ferai lever contre vous, maison d’Israël, Dit l’Éternel, le Dieu des armées, une nation Qui vous opprimera depuis l’entrée de Hamath Jusqu’au torrent du désert.
14အကယ် စင်စစ်၊ အိုဣသရေလ အမျိုး ၊ သင် တို့တဘက် ၌ လူတမျိုးကို ငါ ထ စေ၍၊ ထို လူမျိုး သည် ဟာမတ် မြို့လမ်းဝ မှစ၍ တော ၌ရှိသောမြစ် တိုင်အောင် သင် တို့ကို ညှဉ်းဆဲ လိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ၏။

Tip: use the ← and → keys to turn chapters.