ⲚⲒⲢⲰⳘⲈⲞⲤ
Chapter 5

ⲚⲒⲢⲰⳘⲈⲞⲤ

Coptic New Testament (Bo…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

ⲚⲒⲢⲰⳘⲈⲞⲤ 5

Coptic New Testament (Bohairic)
Judson Burmese Bible (1840)
1ⲈⲦⲀⲨⲐⲘⲀⲒⲞⲚ ⲞⲨⲚ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲪⲚⲀϨϮ ⲘⲀⲢⲈⲚⲒⲢⲒ ⲚⲞⲨϨⲒⲢⲎⲚⲎ ϦⲀⲦⲈⲚ ⲪⲚⲞⲨϮ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲠⲈⲚϬⲞⲒⲤ ⲒⲎⲤⲞⲨⲤ ⲠⲬⲢⲒⲤⲦⲞⲤ.
1ထိုကြောင့် ၊ ငါတို့သည် ယုံကြည် ခြင်းရှိ၍ ဖြောင့်မတ် ရာသို့ရောက်လျှင်၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ဘုရားသခင့် ရှေ့ တော်၌ ငြိမ်သက် ခြင်းကို ခံစား ကြ၏။
2ⲪⲎ ⲈⲦⲀ ⲠϪⲒⲚⲒ ⲈϦⲞⲨⲚ ϢⲰⲠⲒ ⲚⲀⲚ ⲈⲂⲞⲖ ϨⲒⲦⲞⲦϤ ϦⲈⲚⲪⲚⲀϨϮ ⲈⲠⲀⲒϨⲘⲞⲦ ⲪⲎ ⲈⲦⲈⲚⲞϨⲒ ⲈⲢⲀⲦⲈⲚ ⲚϦⲎⲦϤ ⲞⲨⲞϨ ⲈⲚϢⲞⲨϢⲞⲨ ⲘⲘⲞⲚ ϦⲈⲚⲞⲨϨⲈⲖⲠⲒⲤ ⲚⲦⲈⲠⲰⲞⲨ ⲚⲦⲈⲪⲚⲞⲨϮ.
2ထို ကျေးဇူး တော်ကို ခံစား ရသည်အကြောင်း မှာ ယုံကြည် ခြင်းရှိ၍၊ ထိုသခင် အားဖြင့် သာခံစားသော အခွင့် ကို ရ ကြ၏။ သို့ဖြစ်၍ ဘုရားသခင် ၏ဘုန်း တော်ကို မြော်လင့် ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။
3ⲞⲨ ⲘⲞⲚⲞⲚ ⲆⲈ ⲀⲖⲖⲀ ⲈⲚⲈⲢⲠⲔⲈϢⲞⲨϢⲞⲨ ⲘⲘⲞⲚ ⲚϦⲢⲎⲒ ϦⲈⲚⲚⲒϨⲞϪϨⲈϪ ⲈⲚⲈⲘⲒ ϪⲈ ⲠⲒϨⲞϪϨⲈϪ ⲀϤⲈⲢϨⲰⲂ ⲈⲨϨⲨⲠⲞⲘⲞⲚⲎ.
3ထိုမျှမက ၊ ဒုက္ခဆင်းရဲ ခြင်းကိုခံ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား ၊ ဒုက္ခ ဆင်းရဲ ခြင်းသည် သည်းခံ ခြင်းကို ပြုစု တတ်၏။
4ϮϨⲨⲠⲞⲘⲞⲚⲎ ⲆⲈ ⲈⲨⲆⲞⲔⲒⲘⲎ ϮⲆⲞⲔⲒⲘⲎ ⲆⲈ ⲈⲨϨⲈⲖⲠⲒⲤ.
4သည်းခံ ခြင်းသည်လည်း သက်သေ ထင်ရှားခြင်းကို ပြုစုတတ်၏။ သက်သေ ထင်ရှားခြင်းသည်လည်း မြော်လင့် ခြင်းကို ပြုစုတတ်၏။
5ϮϨⲈⲖⲠⲒⲤ ⲆⲈ ⲘⲠⲀⲤϬⲒϢⲒⲠⲒ ϪⲈ ϮⲀⲄⲀⲠⲎ ⲚⲦⲈⲪⲚⲞⲨϮ ⲀⲤⲪⲰⲚ ⲈⲂⲞⲖ ⲚϦⲢⲎⲒ ϦⲈⲚⲚⲈⲚϨⲎⲦ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲠⲒⲠⲚⲈⲨⲘⲀⲈⲐⲞⲨⲀⲂ ⲈⲦⲀϤⲦⲎ ⲒϤ ⲚⲀⲚ.
5ထို မြော်လင့် ခြင်းသည် ရှက်ကြောက် စရာ အကြောင်းနှင့် ကင်းလွတ် ၏။ အဘယ်ကြောင့် နည်းဟူမူကား၊ ငါ တို့အားပေး တော်မူသောသန့်ရှင်း သော ဝိညာဉ် တော်သည် ဘုရားသခင် ၏မေတ္တာ တော်ကို ငါ တို့ စိတ် နှလုံးထဲသို့ ညွှန်းလောင်း တော်မူ၏။
6ⲒⲤϪⲈ ⲄⲀⲢ ⲈⲦⲒ ⲈⲚⲞⲒ ⲚⲀⲤⲐⲈⲚⲎⲤ ⲚⲞⲨⲤⲎ ⲞⲨ ⲠⲬⲢⲒⲤⲦⲞⲤ ⲀϤⲘⲞⲨ ⲈϨⲢⲎⲒ ⲈϪⲈⲚ ⲚⲒⲀⲤⲈⲂⲎⲤ.
6ငါ တို့သည် အကျိုးနည်း ရှိ စဉ် တွင်အချိန်တန် မှ ခရစ်တော် သည် မတရား သောသူတို့အတွက် ကြောင့် အသေခံ တော်မူ၏။
7ⲘⲞⲄⲒⲤ ⲄⲀⲢ ϢⲀⲦⲈ ⲞⲨⲀⲒ ⲘⲞⲨ ⲈϪⲈⲚ ⲞⲨⲐⲘⲎⲒ ⲦⲀⲬⲀ ⲄⲀⲢ ⲚⲦⲈⲞⲨⲀⲒ ⲈⲢⲦⲞⲖⲘⲀⲚ ⲈⲘⲞⲨ ⲈϪⲈⲚ ⲠⲒⲠⲈⲐⲚⲀⲚⲈϤ.
7ဖြောင့်မတ် သောသူအတွက် ကြောင့် အသေခံ မည့်သူ ရှိခဲ ၏။ သူတော်ကောင်း အတွက် ကြောင့် အသေခံ ဝံ့ သောသူ ရှိ ကောင်းရှိလိမ့်မည်မှန်စေတော့။
8ϤⲦⲀϨⲞ ⲆⲈ ⲚⲦⲈϤⲀⲄⲀⲠⲎ ⲈϦⲞⲨⲚ ⲈⲢⲞⲚ ⲚϪⲈⲪⲚⲞⲨϮ ϪⲈ ⲈⲦⲒ ⲈⲚⲞⲒ ⲚⲢⲈϤⲈⲢⲚⲞⲂⲒ ⲠⲬⲢⲒⲤⲦⲞⲤ ⲀϤⲘⲞⲨ ⲈϨⲢⲎⲒ ⲈϪⲰⲚ.
8ငါ တို့သည် အပြစ် ရှိ စဉ် ပင်၊ ခရစ်တော် သည် ငါ တို့အတွက် ကြောင့် အသေခံ တော်မူသည်ဖြစ်၍၊ ဘုရားသခင် သည် ငါတို့ကို အဘယ်မျှလောက်ချစ် တော်မူသည်ကို ငါ တို့အား ထင်ရှားစွာပြ တော်မူ၏။
9ⲚϨⲞⲨⲞ ⲘⲀⲖⲖⲞⲚ ⲈⲦⲀⲨⲐⲘⲀⲒⲞⲚ ϮⲚⲞⲨ ⲈϨⲢⲎⲒ ⲈϪⲈⲚ ⲠⲈϤⲤⲚⲞϤ ⲈⲚⲈⲚⲞϨⲈⲘ ⲈⲂⲞⲖ ϨⲒⲦⲞⲦϤ ⲤⲀⲂⲞⲖ ⲘⲠϪⲰⲚⲦ.
9သို့ဖြစ်၍ ယခု တွင် အသွေး တော်အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်ပြီးမှ၊ ထိုသခင် အားဖြင့် အပြစ် ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက် မည်ဟုသာ၍ မြော်လင့်စရာရှိ၏။
10ⲒⲤϪⲈ ⲄⲀⲢ ⲈⲚⲞⲒ ⲚϪⲀϪⲒ ⲀⲚϨⲰⲦⲠ ⲈⲪⲚⲞⲨϮ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲪⲘⲞⲨ ⲚⲦⲈⲠⲈϤϢⲎⲢⲒ ⲚϨⲞⲨⲞ ⲘⲀⲖⲖⲞⲚ ⲈⲦⲀⲚϨⲰⲦⲎ ⲈⲢⲞϤ ⲈⲚⲈⲚⲞϨⲈⲘ ⲚϨⲢⲎⲒ ϦⲈⲚⲠⲈϤⲰⲚϦ.
10အကြောင်းမူကား ၊ ရန်သူ ဖြစ် လျက်ပင်ဘုရားသခင် ၏ သား တော်အသေခံ တော်မူခြင်းအားဖြင့် ၊ ငါတို့သည် ဘုရားသခင်နှင့် မိသ္သဟာယဖွဲ့ခြင်း ကျေးဇူးတော်ကိုခံရသည်မှန်လျှင် ၊ မိသ္သဟာယဖွဲ့ ပြီးမှ၊ အသက် တော် အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက် မည်ဟုသာ၍ မြော်လင့်စရာရှိ၏။
11ⲞⲨ ⲘⲞⲚⲞⲚ ⲆⲈ ⲀⲖⲖⲀ ⲀⲚⲈⲢⲠⲔⲈϢⲞⲨϢⲞⲨ ⲘⲘⲞⲚ ϦⲈⲚⲪⲚⲞⲨϮ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲠⲈⲚϬⲞⲒⲤ ⲒⲎⲤⲞⲨⲤ ⲠⲬⲢⲒⲤⲦⲞⲤ ⲪⲀⲒ ⲈⲦⲀⲚϬⲒ ⲘⲠⲒϨⲰⲦⲠ ⲈⲂⲞⲖ ϨⲒⲦⲞⲦϤ.
11ထိုမျှမက ၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် မိဿဟာယ ဖွဲ့ရာကျေးဇူးကိုယခု ခံ ပြီးလျှင်၊ ထို သခင်အားဖြင့် ဘုရားသခင် ၌ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။
12ⲈⲐⲂⲈ ⲪⲀⲒ ⲔⲀⲦⲀ ⲪⲢⲎϮ ⲈⲦⲀ ⲪⲚⲞⲂⲒ ⲒⲈϦⲞⲨⲚ ⲈⲠⲒⲔⲞⲤⲘⲞⲤ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲞⲨⲢⲰⲘⲒ ⲚⲞⲨⲰⲦ ⲞⲨⲞϨ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲪⲚⲞⲂⲒ ⲀⲪⲘⲞⲨ ϢⲰⲠⲒ ⲞⲨⲞϨ ⲠⲀⲒⲢⲎϮ ⲀⲠⲒⲘⲞⲨ ϢⲈ ⲈϦⲞⲨⲚ ⲈⲢⲰⲘⲒ ⲚⲒⲂⲈⲚ ⲪⲎ ⲈⲦⲀⲨⲈⲢⲚⲞⲂⲒ ⲚϦⲎ ⲦϤ.
12ဤ အကြောင်း အရာဟူမူကား၊ အပြစ် တရားသည် တစ် ယောက်သောသူ အားဖြင့် ဤ လောက သို့ ဝင် ၍ ၊ အပြစ် တရားအားဖြင့် သေ ခြင်း တရားဝင်သည်နှင့်အညီ ၊ လူ အပေါင်း တို့သည် အပြစ် ရှိသောကြောင့် သေ ခြင်းသို့ ရောက် ရကြ၏။
13ϢⲀ ⲪⲚⲞⲘⲞⲤ ⲄⲀⲢ ⲚⲀⲢⲈ ⲪⲚⲞⲂⲒ ϦⲈⲚⲠⲒⲔⲞⲤⲘⲞⲤ ⲪⲚⲞⲂⲒ ⲆⲈ ⲚⲀⲨⲰⲠ ⲘⲘⲞϤ ⲀⲚ ⲈⲘⲘⲞⲚ ⲚⲞⲘⲞⲤ ϢⲞⲠ.
13ပညတ် တရားကို မထားမှီတိုင်အောင် ဤလောက ၌ အပြစ် ရှိ ၏။ အဘယ်ပညတ် တရားကိုမျှ မ ရှိ လျှင် ၊ အပြစ် ရှိသည်ဟု မှတ် စရာမ ရှိ၊
14ⲀⲖⲖⲀ ⲪⲘⲞⲨ ⲀϤⲈⲢⲞⲨⲢⲞ ⲒⲤϪⲈⲚ ⲀⲆⲀⲘ ϢⲀ ⲘⲰⲨⲤⲎⲤ ⲚⲈⲘ ⲈϨⲢⲎⲒ ⲈϪⲈⲚ ⲚⲎ ⲈⲦⲈ ⲘⲠⲞⲨⲈⲢⲚⲞⲂⲒ ϦⲈⲚⲠⲒⲚⲒ ⲚϮⲠⲀⲢⲀⲂⲀⲤⲒⲤ ⲚⲦⲈⲀⲆⲀⲘ ⲈⲦⲈ ⲠⲦⲨⲠⲞⲤ ⲚⲦⲈⲠⲈⲐⲚⲎⲞⲨ ⲠⲈ.
14သို့သော်လည်း အာဒံ လက်ထက်မှစ၍ မောရှေ လက်ထက်တိုင်အောင် သေ ခြင်းတရားသည် အစိုးရ ၏။ အာဒံ ပြစ်မှား သည်နည်းတူ မ ပြစ်မှား သောသူ တို့ကို ပင်အစိုးရ ၏။ ထို အာဒံသည် နောက်လာ လတံ့သောသူ ၏ ပုံပမာ ဖြစ် သတည်း။
15ⲀⲖⲖⲀ ⲔⲀⲦⲀ ⲪⲢⲎϮ ⲀⲚ ⲘⲠⲒⲠⲀⲢⲀⲠⲦⲰⲘⲀ ⲪⲀⲒ ⲠⲈ ⲘⲪⲢⲎϮ ⲘⲠⲒϨⲘⲞⲦ ⲒⲤϪⲈ ⲄⲀⲢ ϦⲈⲚⲠⲒⲠⲀⲢⲀⲠⲦⲰⲘⲀ ⲚⲦⲈⲞⲨⲀⲒ ⲀⲞⲨⲘⲎ ϢⲘⲞⲨ ⲚϨⲞⲨⲞ ⲘⲀⲖⲖⲞⲚ ⲠⲒϨⲘⲞⲦ ⲚⲦⲈⲪⲚⲞⲨϮ ⲚⲈⲘ ϮⲆⲰⲢⲈⲀ ϦⲈⲚⲠⲒϨⲘⲞⲦ ⲚⲦⲈⲠⲒⲢⲰⲘⲒ ⲚⲞⲨⲰⲦ ⲒⲎⲤⲞⲨⲤ ⲠⲬⲢⲒⲤⲦⲞⲤ ⲀϤⲈⲢϨⲞⲨⲞ ⲈⲞⲨⲘⲎϢ.
15သို့သော်လည်း ၊ ပြစ်မှား ခြင်းသဘောနှင့် ကျေးဇူးတော် သဘောမ တူ ၊ အကြောင်းမူကား ၊ လူ တစ် ယောက်သည် ပြစ်မှား သောအားဖြင့်၊ လူ များတို့သည် သေ ခြင်းသို့ ရောက်ကြ၏။ တစ် ယောက်သောသူ တည်းဟူသောယေရှု ခရစ် အားဖြင့် ဘုရားသခင် ၏ ကျေးဇူး တော်နှင့် ကျေးဇူး တော်၏ အကျိုး သည်လူများ တို့၌ သာ၍ ကြွယ်ဝ ပြည့်စုံ၏။
16ⲞⲨⲞϨ ⲔⲀⲦⲀ ⲪⲢⲎϮ ⲀⲚ ⲈⲦⲈ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲞⲨⲀⲒ ⲈⲀϤⲈⲢⲚⲞⲂⲒ ⲠⲈ ⲠⲒⲦⲀⲒⲞ ⲠⲒϨⲀⲠ ⲘⲈⲚ ⲄⲀⲢ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲞⲨⲀⲒ ⲠⲈ ⲈⲨⲔⲀⲦⲀⲔⲢⲒⲘⲀ ⲠⲒϨⲘⲞⲦ ⲆⲈ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲞⲨⲘⲎϢ ⲘⲠⲀⲢⲀⲠⲦⲰⲘⲀ ⲈⲨⲐⲘⲀⲒⲞ.
16ထိုမှတစ်ပါး၊ လူ တစ်ယောက်ပြစ်မှား သောအရာနှင့် ကျေးဇူးတော် အရာမ တူ ။ အကြောင်းမူကား ၊ တရား စီရင် သောအရာမှာ၊ အပြစ်တစ်ခု ကြောင့် ဒဏ်ခံစေဟု စီရင် ၏။ ကျေးဇူးတော်အရာမှာ၊ အပြစ် များ လျက်ပင် လွှတ်စေဟုစီရင် ၏။
17ⲒⲤϪⲈ ⲄⲀⲢ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲪⲚⲞⲂⲒ ⲚⲦⲈⲠⲒⲞⲨⲀⲒ ⲀⲪⲘⲞⲨ ⲀϤⲈⲢⲞⲨⲢⲞ ⲚϨⲞⲨⲞ ⲘⲀⲖⲖⲞⲚ ⲚⲎ ⲈⲐⲚⲀϬⲒ ⲘⲠⲒϨⲞⲨⲞ ⲚⲦⲈⲠⲒϨⲘⲞⲦ ⲚⲈⲘ ϮⲆⲰⲢⲈⲀ ⲚⲦⲈϮⲘⲈⲐⲘⲎⲒ ⲈⲨⲈⲈⲢⲞⲨⲢⲞ ϦⲈⲚⲞⲨⲰⲚϦ ϢⲀ ⲈⲚⲈϨ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲞⲨⲢⲰⲘⲒ ⲚⲞⲨⲰⲦ ⲒⲎⲤⲞⲨⲤ ⲠⲬⲢⲒⲤⲦⲞⲤ.
17ထိုမှတစ်ပါး၊ လူတစ်ယောက် သည် ပြစ်မှား သောကြောင့် ၊ ထိုတစ်ယောက် သောသူ အားဖြင့် သေ ခြင်းတရား သည် အစိုးရ ၏။ ကျေးဇူး တော်၏ကြွယ်ဝ ခြင်းကို၎င်း၊ ဖြောင့်မတ် ရာသို့သွင်းပေး တော်မူခြင်းကို၎င်း ခံရသော သူတို့သည် တစ်ယောက် သောသူ တည်းဟူသောယေရှု ခရစ် အားဖြင့် အသက် ရှင်လျက် သာ၍ စိုးစံ ရကြလတံ့။
18ϨⲀⲢⲀ ⲞⲨⲚ ⲔⲀⲦⲀ ⲪⲢⲎϮ ⲈⲦⲀ ⲪⲚⲞⲂⲒ ϢⲰⲠⲒ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲠⲒⲞⲨⲀⲒ ⲀϤⲒ ⲈϪⲈⲚ ⲢⲰⲘⲒ ⲚⲒⲂⲈⲚ ⲈⲨϨⲒⲞⲨⲒ ⲘⲠϨⲀⲠ ⲠⲀⲒⲢⲎϮ ⲞⲚ ⲠⲒⲐⲘⲀⲒⲞ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲞⲨⲀⲒ ⲠⲈ ⲈϪⲈⲚ ⲢⲰⲘⲒ ⲚⲒⲂⲈⲚ ⲈⲨⲐⲘⲀⲒⲞ ⲚⲦⲈⲠⲰⲚϦ.
18ထိုကြောင့် ၊ တစ် ယောက်သောသူ၏ပြစ်မှား ခြင်းအားဖြင့် ၊ လူ အပေါင်း တို့သည် အပြစ်စီရင် ခြင်းနှင့် တွေ့ကြုံရကြသည်နည်းတူ ၊ တစ် ယောက်သောသူ၏ ဖြောင့်မတ် ခြင်းအားဖြင့် ၊ လူ အပေါင်း တို့သည် အသက် နှင့် ယှဉ်သော ဖြောင့်မတ် ရာသို့ ရောက်ခြင်းအခွင့်ကို ရကြ၏။
19ⲘⲪⲢⲎϮ ⲄⲀⲢ ⲈⲦⲈ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲐⲘⲈⲦⲀⲦⲤⲰⲦⲈⲘ ⲚⲦⲈⲠⲒⲢⲰⲘⲒ ⲚⲞⲨⲰⲦ ⲀⲨϢⲰⲠⲒ ⲚⲢⲈϤⲈⲢⲚⲞⲂⲒ ⲚϪⲈⲚⲒⲘⲎϢ ⲠⲀⲒⲢⲎϮ ⲞⲚ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲐⲘⲈⲦⲢⲈϤⲤⲰⲦⲈⲘ ⲚⲦⲈⲠⲒⲞⲨⲀⲒ ⲤⲈⲚⲀϢⲰⲠⲒ ⲚⲐⲘⲎⲒ ⲚϪⲈⲚⲒⲘⲎϢ.
19အကြောင်းမူကား ၊ တစ် ယောက်သောသူ သည် နား မထောင်သောအားဖြင့် ၊ လူ များတို့သည် အပြစ် ရောက် သည်နည်းတူ ၊ တစ်ယောက်သောသူသည် နားထောင် သောအားဖြင့် ၊ လူ များတို့သည် ဖြောင့်မတ် ရာသို့ ရောက် ရကြ၏။
20ⲪⲚⲞⲘⲞⲤ ⲆⲈ ⲀϤⲒ ⲈϦⲞⲨⲚ ϨⲒⲚⲀ ⲚⲦⲈⲪⲚⲞⲂⲒ ⲀϢⲀⲒ ⲪⲎ ⲆⲈ ⲈⲦⲀ ⲠⲈϤⲚⲞⲂⲒ ⲈⲢϨⲞⲨⲞ ⲀϤⲈⲢϨⲞⲨⲞ ⲀϢⲀⲒ ⲚⲀϤ ⲚϪⲈⲠⲒϨⲘⲞⲦ.
20ထိုမှတပါး ၊ ပညတ် တရားသည် တစ်ဖန်ဝင် သဖြင့် ပြစ်မှား သောအပြစ်ပွားများ ၏။ သို့သော်လည်း အပြစ် ပွားများ သည် အရာမှာ ကျေးဇူး တော်သာ၍ ကြွယ်ဝ၏။
21ϨⲒⲚⲀ ⲔⲀⲦⲀ ⲪⲢⲎϮ ⲈⲦⲀ ⲪⲚⲞⲂⲒ ⲈⲢⲞⲨⲢⲞ ϦⲈⲚⲪⲘⲞⲨ ⲠⲀⲒⲢⲎϮ ⲞⲚ ⲠⲒϨⲘⲞⲦ ⲚⲦⲈϤⲈⲢⲞⲨⲢⲞ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ϮⲘⲈⲐⲘⲎⲒ ⲈⲨⲰⲚϦ ϢⲀ ⲈⲚⲈϨ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲒⲎⲤⲞⲨⲤ ⲠⲬⲢⲒⲤⲦⲞⲤ ⲠⲈⲚϬⲞⲒⲤ.
21ထိုသို့ဖြစ်လျှင်၊ အပြစ် တရားသည်သေ ခြင်းအားဖြင့် အစိုးရ သည်နည်းတူ ၊ ငါ တို့သခင် ယေရှု ခရစ် ပြုစုတော်မူ၍ ကျေးဇူး တရားသည် ထာဝရ အသက် နှင့် ယှဉ်သော ဖြောင့်မတ် ရာသို့ သွင်းခြင်းအားဖြင့် အစိုးရ လေအံ့သတည်း။

Tip: use the ← and → keys to turn chapters.