箴言 26
Chinese Union Version, punctuated (Traditional)
Judson Burmese Bible (1840)
1夏天落雪,收割時下雨,都不相宜; 愚昧人得尊榮也是如此。
1နွေ ကာလ၌ မိုဃ်းပွင့် ကဲ့သို့ ၎င်း၊ စပါး ရိတ်ရာကာလ ၌ မိုဃ်း ရေကဲ့သို့ ၎င်း၊ မိုက် သောသူသည် ဂုဏ် အသရေကို မ ခံသင့်။
2麻雀往來,燕子翻飛; 這樣,無故的咒詛也必不臨到。
2စာငှက် သည် အရပ်ရပ် လှည့်လည်၍ ၊ ဇရက် သည် လည်း ပျံ သွားသကဲ့သို့ ၊ ထိုနည်းတူ အကြောင်း မရှိသော ကျိန်ဆဲ ခြင်းသည် မ သင့်မရောက် တတ်။
3鞭子是為打馬,轡頭是為勒驢; 刑杖是為打愚昧人的背。
3မြင်း ဘို့ နှင်တံ ၊ မြင်း ဘို့ ဇက်ကြိုး ၊ မိုက် သောသူ၏ ကျော ဘို့ ကြိမ်လုံး သည် သင့်ပေ၏။
4不要照愚昧人的愚妄話回答他, 恐怕你與他一樣。
4မိုက် သောသူ၏ သဘောသို့လိုက်၍၊ သူ၏စကား ကို မ ချေ နှင့်။ ထိုသို့ ချေလျှင် သူ နှင့် တူ လိမ့်မည်။
5要照愚昧人的愚妄話回答他, 免得他自以為有智慧。
5မိုက်သောသူ၏ သဘောသို့လိုက်၍ သူ၏စကား ကို ချေလော့။ သို့မဟုတ် ၊ သူသည် ဝါကြွားသောစိတ် ရှိ လိမ့်မည်။
6藉愚昧人手寄信的, 是砍斷 自己的 腳,自受損害。
6မိုက် သော သူတွင် မှာ လိုက်သောသူသည် ကိုယ်ခြေ ကို ဖြတ် ၍ အကျိုးနည်းရှိ ၏။
7瘸子的腳空存無用; 箴言在愚昧人的口中也是如此。
7သုတ္တံ စကားကို မိုက် သောသူ ပြော ခြင်းသည် ခြေဆွံ့ သောသူ၏ ခြေ ကြွ ခြင်း ကဲ့သို့ဖြစ်၏။
8將尊榮給愚昧人的, 好像人把石子包在機弦裏。
8မိုက် သောသူကို ချီးမြှောက် ခြင်းသည် ကျောက် ပုံ ၌ ကျောက်မြတ် ကို ပစ် ထားခြင်းကဲ့သို့ ဖြစ်၏။
9箴言在愚昧人的口中, 好像荊棘刺入醉漢的手。
9ဆူး သည် ယစ်မူး သောသူ၏လက် ကို စူး သကဲ့သို့ ၊ သတ္တံ စကားသည် မိုက် သောသူ၏ နှုတ် ၌ ရှိ၏။
10雇愚昧人的,與雇過路人的, 就像射傷眾人的弓箭手。
10ကြီး သောသူသည် ခပ်သိမ်း သောသူတို့ကို တုန်လှုပ် စေတတ်၏။ မိုက် သောသူနှင့် ပြစ်မှား တတ် သောသူတို့ ကို စေ သုံးတတ်၏။
11愚昧人行愚妄事,行了又行, 就如狗轉過來吃牠所吐的。
11ခွေး သည် မိမိ အန်ဖတ် ကို ပြန် ၍စားတတ်သကဲ့သို့ ၊ မိုက် သောသူသည် မိုက် သောအကျင့်ကို ပြန် ၍ ကျင့်တတ်၏။
12你見自以為有智慧的人嗎? 愚昧人比他更有指望。
12ငါသည် ပညာ ရှိ၏ဟု ထင် သောသူ ရှိလျှင်၊ ထိုသူ ၌ မြော်လင့်စရာအခွင့်ရှိသည်ထက်၊ မိုက် သောသူ၌ သာ၍ မြော်လင့် စရာအခွင့်ရှိ၏။
13懶惰人說:道上有猛獅, 街上有壯獅。
13ပျင်းရိ သောသူက၊ အိမ် ပြင်မှာ ခြင်္သေ့ ရှိ၏။ လမ်း တို့၌ ခြင်္သေ့ ရှိ၏ဟု ဆို တတ်၏။
14門在樞紐轉動, 懶惰人在床上也是如此。
14တံခါးရွက် သည် စရွေး ၌ လည် သကဲ့သို့ ပျင်းရိ သောသူသည် အိပ်ရာ ပေါ် မှာ လည်တတ်၏။
15懶惰人放手在盤子裏, 就是向口撤回也以為勞乏。
15ပျင်းရိ သောသူသည် မိမိ လက် ကို အိုး ၌ သွင်း သော်လည်း၊ တဖန်နှုတ် ၍ မိမိ ပစပ် သို့ ခွံရလျှင် စိတ်ညစ် တတ်၏။
16懶惰人看自己比七個善於應對的人更有智慧。
16ပျင်းရိ သောသူက၊ ငါသည် အကျိုးအကြောင်းကို ပြတတ်သောသူ ခုနစ် ယောက်ထက် သာ၍ပညာရှိသည် ဟု ကိုယ်ကိုထင်တတ်၏။
17過路被事激動,管理不干己的爭競, 好像人揪住狗耳。
17လမ်း၌ရှောက်သွား ၍ မိမိ မ ဆိုင်သောအမှု ကို ရောနှော သောသူသည် ခွေး နားရွက် ကို ကိုင် ဆွဲသောသူ နှင့် တူ၏။
18人欺凌鄰舍,卻說: 我豈不是戲耍嗎? 他就像瘋狂的人拋擲火把、利箭, 與殺人的兵器。
18ငါ ကျီစား ရုံမျှသာ ပြုသည်ဟုဆို လျက်၊
no verse 19 in this text
19မိမိ အိမ်နီးချင်း ကို လှည့်စား သောသူ သည် မီးစ ၊ မြှား ၊ သေဘေး ကို ပစ် တတ်သော အရူး နှင့် တူ၏။
20火缺了柴就必熄滅; 無人傳舌,爭競便止息。
20ထင်း မ ရှိလျှင် မီး သေ တတ်သကဲ့သို့ ကုန်းတိုက် သော သူမ ရှိလျှင် ရန် ငြိမ်း တတ်၏။
21好爭競的人煽惑爭端, 就如餘火加炭,火上加柴一樣。
21မီးခဲ ချင်းပြုသကဲ့သို့၎င်း ၊ ထင်း သည် မီး ကို မွေး သကဲ့သို့ ၎င်း၊ ရန်တွေ့ တတ်သောသူ သည် ခိုက်ရန် မှုကို ပြုစု တတ်၏။
22傳舌人的言語,如同美食, 深入人的心腹。
22ကုန်းတိုက် သောသူ ၏စကား သည် မြိန် သော ခဲဘွယ် စားဘွယ်ကဲ့သို့ ဖြစ်၍ ၊ ဝမ်း အတွင်း သို့ဝင် တတ်၏။
23火熱的嘴,奸惡的心, 好像銀渣包的瓦器。
23ချစ် အားကြီးသောနှုတ် နှင့် ၊ ဆိုးညစ် သော စိတ် နှလုံး သည် ချော် မွမ်းမံ သော အိုးခြမ်း နှင့် တူ၏။
24怨恨人的,用嘴粉飾, 心裏卻藏着詭詐;
24အငြိုး ထားသောသူသည် နှုတ် ဖြင့် လျှို့ဝှက် ၍ ၊ ကိုယ် ထဲမှာလှည့်စား သော သဘောကိုဝှက်ထား တတ်၏။
25他用甜言蜜語,你不可信他, 因為他心中有七樣可憎惡的。
25ထိုသို့သောသူ ၏ စကား သည် ချို သော်လည်း မ ယုံ နှင့်။ သူ ၏စိတ် နှလုံးထဲမှာ စက်ဆုပ် ရွံရှာဘွယ်သော အရာခုနစ် ပါးရှိ၏။
26他雖用詭詐遮掩自己的怨恨, 他的邪惡必在會中顯露。
26အငြိုး ထားခြင်းကို လှည့်စား ခြင်းအားဖြင့် ဝှက်ထား သောသူ ၏ ဒုစရိုက် အပြစ်သည် ပရိသတ် ရှေ့ မှာ ထင်ရှား လိမ့်မည်။
27挖陷坑的,自己必掉在其中; 滾石頭的,石頭必反滾在他身上。
27တွင်း တူး သောသူသည် မိမိ တွင်းထဲသို့ ကျ လိမ့်မည်။ ကျောက် ကို လှိမ့် သောသူအပေါ် သို့ ထို ကျောက် သည် ပြန် ၍လိမ့်လိမ့်မည်။
28虛謊的舌恨他所壓傷的人; 諂媚的口敗壞人的事。
28မုသား ပြော တတ်သောသူသည် မိမိ ညှဉ်းဆဲ သောသူတို့ကို မုန်း တတ်၏။ ချော့မော့ တတ်သောသူသည် လည်း ဖျက်ဆီး တတ်၏။
Tip: use the ← and → keys to turn chapters.