创世记
Chapter 24
Chinese Union Version, p…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
Chinese Union Version, punctuated (Simplified)
Judson Burmese Bible (1840)
1亚伯拉罕 年纪老迈,向来在一切事上耶和华都赐福给他。
1အာဗြဟံ သည်အို ၍ ၊ အသက် အရွယ်ကြီးရင့် လှပြီ။ ထာဝရဘုရား သည်၊ အရာရာ ၌ သူ့ ကို ကောင်းကြီး ပေးတော်မူပြီ။
2亚伯拉罕 对管理他全业最老的仆人说:「请你把手放在我大腿底下。
2အာဗြဟံ သည်၊ မိမိ အိမ်သား တို့တွင် အသက် ကြီး၍ ဘဏ္ဍာစိုး လုပ်သောသူကို ခေါ် လျက်၊
3我要叫你指着耶和华—天地的主起誓,不要为我儿子娶这 迦南 地中的女子为妻。
3သင် သည်၊ ငါ နေ သောခါနာန် အမျိုးသမီး တို့ တွင်၊ ငါ့ သား ဘို့ မယား ကို မ ရွေး မယူဘဲ၊
4你要往我本地本族去,为我的儿子 以撒 娶一个妻子。」
4ငါ့ ပြည် ငါ့ အမျိုးသား ချင်းတို့ထံသို့ သွား ၍ ၊ ငါ့ သား ဣဇာက် အဘို့ မယား ကို ယူ ရမည်ဟု၊ သင် ၏လက် ကို ငါ့ ပေါင် အောက် ၌ထား ပြီးမှ၊ ကောင်းကင် မြေကြီး အရှင် ဘုရားသခင် ၊ ထာဝရဘုရား ကို တိုင်တည်၍၊ ငါကျိန် ဆိုစေ ပါမည်ဟုဆို၏။
5仆人对他说:「倘若女子不肯跟我到这地方来,我必须将你的儿子带回你原出之地吗?」
5ကျွန် ကလည်း ၊ မိန်းမ သည်ဤ ပြည် သို့ ကိုယ်တော် ၏သား ကို တဖန်ကျွန်တော်ခေါ် သွားရပါမည်လောဟု မေး လေသော်၊
6亚伯拉罕 对他说:「你要谨慎,不要带我的儿子回那里去。
6အာဗြဟံ က၊ ထို ပြည်သို့ ငါ့ သား ကိုခေါ် ၍ မ သွား နှင့်။ သတိပြု လော့။
7耶和华—天上的主曾带领我离开父家和本族的地,对我说话,向我起誓说:『我要将这地赐给你的后裔。』他必差遣使者在你面前,你就可以从那里为我儿子娶一个妻子。
7ငါ့ အဘ ၏အိမ် မှ ၎င်း၊ ငါ့ အမျိုးသား နေရာပြည် မှ ၎င်း ငါ့ ကိုခေါ် ၍၊ သင် ၏အမျိုးအနွယ် အား ဤ ပြည် ကို ငါပေး မည်ဟု၊ ငါ့ အား ဗျာဒိတ် တော်ပေး၍ ကျိန်ဆို တော်မူသော ကောင်းကင် ဘုံရှင် ဘုရားသခင် ထာဝရဘုရား သည်၊ မိမိ ကောင်းကင်တမန် ကို သင့် ရှေ့ ၌ စေလွှတ် တော်မူသဖြင့် ၊ သင်သည်ထို ပြည်မှ ငါ့ သား ဘို့ မယား ကို ယူ ရလိမ့် မည်။
8倘若女子不肯跟你来,我使你起的誓就与你无干了,只是不可带我的儿子回那里去。」
8မိန်းမ သည်သင် နှင့်အတူ မ လိုက် လို လျှင် ၊ သင် သည်၊ ယခုငါ ပေးသောကျိန်ဆို ခြင်းနှင့် ကင်းလွတ် စေ။ ငါ့ သား ကို ထို ပြည်သို့ ခေါ် ၍ မ သွားနှင့်ဟုဆိုပြီးမှ၊
9仆人就把手放在他主人 亚伯拉罕 的大腿底下,为这事向他起誓。
9ကျွန် သည် သခင် အာဗြဟံ ၏ ပေါင် အောက် ၌ လက် ကိုထား ၍ ထို အမှု ၌ ကျိန်ဆို လေ၏။
10那仆人从他主人的骆驼里取了十匹骆驼,并带些他主人各样的财物,起身往 美索不达米亚 去,到了 拿鹤 的城。
10ထိုကျွန် သည်လည်း ၊ မိမိ သခင်၏ဥစ္စာ ရှိသမျှ ကို စီရင် သော သူဖြစ်၍၊ သခင် ၏ကုလားအုပ် စုထဲက ၊ ကုလားအုပ် ဆယ် စီးကိုယူ ၍ထ သွား သဖြင့် ၊ မေသောပေါဘာမိ တိုင်း၊ နာခေါ် မြို့ သို့ ရောက် လေ၏။
11天将晚,众女子出来打水的时候,他便叫骆驼跪在城外的水井那里。
11မိန်းမများရေခပ် သော ညဦး ယံအချိန် ၌ ၊ မြို့ ပြင် ရေတွင်း နား မှာ ကုလားအုပ် တို့ကို ဝပ် စေပြီးလျှင်၊
12他说:「耶和华—我主人 亚伯拉罕 的 神啊,求你施恩给我主人 亚伯拉罕 ,使我今日遇见好机会。
12အကျွန်ုပ် ၏သခင် ၊ အာဗြဟံ ၏ ဘုရားသခင် ထာဝရဘုရား ယနေ့ အကျွန်ုပ် အကြံကို ထမြောက် စေ၍ ၊ အကျွန်ုပ် ၏သခင် အာဗြဟံ ၌ ကျေးဇူး ပြု တော်မူပါဟု၊ အကျွန်ုပ်ဆုတောင်း ပါ၏။
13我现今站在井旁,城内居民的女子们正出来打水。
13အကျွန်ုပ် သည်၊ ဤရေတွင်း နား မှာ ရပ်နေ ၍ ၊ ထိုမြို့ သူ သတို့သမီး တို့သည်၊ ရေ ခပ် ခြင်းငှါ လာ ကြသည် တွင်၊
14我向那一个女子说:『请你拿下水瓶来,给我水喝』,她若说:『请喝!我也给你的骆驼喝。』愿那女子就作你所预定给你仆人 以撒 的妻。这样,我便知道你施恩给我主人了。」
14အကြင်သတို့သမီးကို၊ ကျွန်ုပ်သောက် ခြင်းငှါသင် ရေ ဘူးကို ချ ပါဟုဆို သော်၊ သောက် ပါ၊ သင် ၏ကုလားအုပ် တို့ကိုလည်း ရေ တိုက်ပါမည်ဟု၊ ပြန် ဆိုသော သမီး သည်၊ ကိုယ်တော် ၏ကျွန် ဣဇာက် ဘို့ ခန့်ထားတော်မူ သောသူဖြစ် ပါစေသော။ ထိုသို့အားဖြင့်၊ အကျွန်ုပ် ၏ သခင် ၌ ကျေးဇူး ပြု တော်မူကြောင်း ကို၊ အကျွန်ုပ်သိ ရပါ မည်ဟု လျှောက်ဆို၏။
15话还没有说完,不料, 利百加 肩头上扛着水瓶出来。 利百加 是 彼土利 所生的; 彼土利 是 亚伯拉罕 兄弟 拿鹤 妻子 密迦 的儿子。
15ထိုသို့လျှောက်ဆို၍မ ပြီး မှီ၊ အာဗြဟံ အစ်ကို နာခေါ် မယား မိလခါ သား ၊ ဗေသွေလ ၏ သမီး ရေဗက္က သည်၊ ရေ ဘူးကိုထမ်း လျက် ထွက် လာသည်ကိုမြင် ၏။
16那女子容貌极其俊美,还是处女,也未曾有人亲近她。她下到井旁,打满了瓶,又上来。
16ထို သတို့သမီး သည်၊ အလွန် အဆင်း လှ ၍၊ ယောက်ျား နှင့် မ ဆက်ဆံ သေးသော ကညာ ဖြစ်၏။ ရေတွင်း သို့ ဆင်း ၍ ၊ ရေဘူး ကို ရေနှင့်ဖြည့် ပြီးမှ တက် လာ ၏။
17仆人跑上前去迎着她,说:「求你将瓶里的水给我一点喝。」
17ကျွန် သည်လည်း၊ ထိုမိန်းမ နှင့် တွေ့ ခြင်းငှါ ပြေး ၍ ၊ သင် ၏ရေ ဘူး၌ ရေ အနည်းငယ် ကို သောက် ပါရစေဟု ဆို လေသော်၊
18女子说:「我主请喝!」就急忙拿下瓶来,托在手上给他喝。
18မိန်းမက၊ သောက် ပါလောအရှင် ဟုဆို သဖြင့် ၊ မိမိ လက် ပေါ်မှာ၊ အလျင် အမြန်ရေ ဘူးကို ချ ၍ ၊ ရေကို ပေး လေ၏။
19女子给他喝了,就说:「我再为你的骆驼打水,叫骆驼也喝足。」
19ရေကို ပေး ပြီးလျှင် ၊ သင် ၏ကုလားအုပ် တို့သည် လည်း ၊ ဝစွာ သောက် စရာဘို့ ရေခပ် ပါမည်ဟု ဆို သည် အတိုင်း၊
20她就急忙把瓶里的水倒在槽里,又跑到井旁打水,就为所有的骆驼打上水来。
20အလျင် အမြန်ဘူး၌ရှိသောရေကိုရေ တိုက်ခွက် ထဲ၌ လောင်း ပြီးလျှင် ၊ တဖန် ခပ် ခြင်းငှါ ရေတွင်း သို့ ပြေး ၍ ၊ ကုလားအုပ် အဘို့ ရေခပ် လေ၏။
21那人定睛看她,一句话也不说,要晓得耶和华赐他通达的道路没有。
21ယောက်ျား သည် ထိုမိန်းမ ကို အံ့ဩ ၍ ၊ မိမိ ရောက် လာသောအမှုကို ထာဝရဘုရား ပြုစု တော်မူသည်၊ မ မူသည်ကို သိ လို၍ ၊ တိတ်ဆိတ် စွာ နေလေ၏။
22骆驼喝足了,那人就拿一个金环,重半舍客勒,两个金镯,重十舍客勒,给了那女子,
22ကုလားအုပ် များကို ရေသောက် စေပြီး သော နောက်၊ ယောက်ျား သည်၊ အချိန် ငါး မူးရှိသောရွှေ နှာဆွဲ ၊ အကျပ်တ ဆယ်အချိန် ရှိသောရွှေ လက်ကောက် တရံ ကို ထုတ် ၍၊
23说:「请告诉我,你是谁的女儿?你父亲家里有我们住宿的地方没有?」
23သင် သည် အဘယ်သူ ၏သမီး ဖြစ်သနည်း။ ကျွန်ုပ် ကို ပြော ပါ။ သင် ၏အဘ အိမ် ၌ ကျွန်ုပ်တို့ တည်းခို စရာ အရပ် ရှိ သလောဟု မေး လေသော်
24女子说:「我是 密迦 与 拿鹤 之子 彼土利 的女儿」;
24မိန်းမက၊ ကျွန်ုပ် သည် နာခေါ် ၏မယားမိလခါ ဘွား မြင်သော၊ ဗေသွေလ ၏သမီး ဖြစ်သည်ဟူ၍၎င်း၊
25又说:「我们家里足有粮草,也有住宿的地方。」
25ကျွန်ုပ် တို့၌ မြက် ခြောက်များ၊ စားဘွယ် သောက်ဘွယ်များနှင့် တည်းခို စရာ အရပ် လည်း ရှိသည်ဟူ၍၎င်း ဆို လေ၏။
26那人就低头向耶和华下拜,
26ထိုအခါ ယောက်ျား သည် ဦးညွှတ် ချ၍ ထာဝရဘုရား ကို ကိုးကွယ် လျက်၊
27说:「耶和华—我主人 亚伯拉罕 的 神是应当称颂的,因他不断地以慈爱诚实待我主人。至于我,耶和华在路上引领我,直走到我主人的兄弟家里。」
27ကရုဏာ ၊ သစ္စာ တော်ကို အကျွန်ုပ် သခင် မှ ရုပ်သိမ်း တော်မ မူသော၊ အကျွန်ုပ် သခင် အာဗြဟံ ၏ ဘုရားသခင် ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေ သတည်း။ လမ်း မှာ သွားလျက်ရှိသောအကျွန်ုပ် ကို ထာဝရဘုရား သည် အကျွန်ုပ် သခင် ၏ညီအစ်ကို တို့အိမ် သို့ ပို့ဆောင် တော်မူပါသည်တကားဟု မြွက်ဆို ၏။
28女子跑回去,照着这些话告诉她母亲和她家里的人。
28သတို့သမီး သည်လည်း ပြေး ၍ အမိ ၏အိမ် ၌ ဤ အရာ များကို ကြား ပြောလေ၏။
29利百加 有一个哥哥,名叫 拉班 ,看见金环,又看见金镯在他妹子的手上,并听见他妹子 利百加 的话,说那人对我如此如此说。 拉班 就跑出来往井旁去,到那人跟前,见他仍站在骆驼旁边的井旁那里,
29ရေဗက္က ၌ လာဗန် အမည် ရှိသောမောင် တယောက်ရှိ၏။ လာဗန် သည် ယောက်ျား ရှိရာ ရေတွင်း သို့ ပြေး ၏။
no verse 30 in this text
30သူ သည်နှာဆွဲ ကို၎င်း ၊ နှမ လက် ၌ လက်ကောက် ကို၎င်း မြင် ၍ ၊ ထိုယောက်ျား သည်ကျွန်ုပ် ကို ဤသို့ ပြော သည်ဟု၊ နှမ ရေဗက္က ဆိုသော စကား ကို ကြား သောအခါ ၊ ရေတွင်း ၌ ကုလားအုပ် အနား မှာရပ် နေသောယောက်ျား ထံသို့ ရောက် သောအခါ၊
31便对他说:「你这蒙耶和华赐福的,请进来,为什么站在外边?我已经收拾了房屋,也为骆驼预备了地方。」
31ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောသူ၊ ကျွန်ုပ်အိမ်သို့ ဝင် ပါလော့။ ပြင် ၌အဘယ်ကြောင့် ရပ် နေသနည်း။ အိမ် ကို၎င်း၊ ကုလားအုပ် များနေရာ အရပ်ကို၎င်း ၊ ကျွန်ုပ် ပြင် ပါပြီဟုဆို သဖြင့်၊
32那人就进了 拉班 的家。 拉班 卸了骆驼,用草料喂上,拿水给那人和跟随的人洗脚;
32ယောက်ျား ကိုအိမ် သို့ သွင်း ၍ ကုလားအုပ် တို့ တန်ဆာကို ချွတ် ပြီးမှ ၊ သူတို့အားမြက် ခြောက်နှင့် စားစရာ ကိုပေး ၏။ ယောက်ျား ခြေ ၊ လိုက်သောသူ တို့ ခြေ ဆေး ဘို့ ရေ ကိုလည်း ပေးလေ၏။
33把饭摆在他面前,叫他吃,他却说:「我不吃,等我说明白我的事情再吃。」 拉班 说:「请说。」
33သူ့ ရှေ့ မှာ စား စရာကို ထည့် သောအခါ ၊ သူက၊ ကျွန်ုပ်သည် ကိုယ် အမှု ကိုမပြော မှီ မ စား လိုပါဟုဆို လျှင် ၊ ပြော ပါဟုဆို ၏။
34他说:「我是 亚伯拉罕 的仆人。
34ယောက်ျားကလည်း၊ ကျွန်ုပ် ကားအာဗြဟံ ၏ ကျွန် ဖြစ်ပါ၏။
35耶和华大大地赐福给我主人,使他昌大,又赐给他羊群、牛群、金银、仆婢、骆驼,和驴。
35ထာဝရဘုရား သည် ကျွန်ုပ် ၏သခင် ကို အလွန် ကောင်းကြီး ပေးတော်မူသဖြင့် ၊ သူသည်ကြီးမြတ် ခြင်းသို့ ရောက်လေပြီ။ သိုးစု ၊ နွားစု ၊ ရွှေ ၊ ငွေ ၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမ၊ ကုလားအုပ် နှင့် မြည်း များတို့ကိုပေး တော်မူပြီ။
36我主人的妻子 撒拉 年老的时候给我主人生了一个儿子;我主人也将一切所有的都给了这个儿子。
36ကျွန်ုပ် သခင် ၏မယား စာရာ သည်၊ သခင် အသက် အိုသောအခါ ၊ သူ့အားသား ကို ဘွားမြင် သဖြင့် ၊ ထို သားအား ဥစ္စာရှိသမျှ ကိုသခင်သည် အပ်ပေး ပြီ။
37我主人叫我起誓说:『你不要为我儿子娶 迦南 地的女子为妻。
37ကျွန်ုပ် ၏သခင် ကလည်း ၊ သင်သည်ငါ နေ သောခါနာန် အမျိုးသမီး တို့တွင် ၊ ငါ့ သား ဘို့ မယား ကို မ ရွေး ဘဲ၊
38你要往我父家、我本族那里去,为我的儿子娶一个妻子。』
38ငါ့ အဘ ၏အိမ် ၊ ငါ့ အမျိုးသား ချင်းတို့ထံသို့ သွား ၍ ၊ ငါ့ သား ဘို့ မယား ကို ယူ ရမည်ဟု အကျွန်ုပ် ကို ကျိန်ဆို စေ၏။
39我对我主人说:『恐怕女子不肯跟我来。』
39အကျွန်ုပ် ကလည်း၊ မိန်းမ သည်မ လိုက် လိုလျှင် အဘယ်သို့ နည်းဟု သခင် ကို မေး လေသော်၊
40他就说:『我所事奉的耶和华必要差遣他的使者与你同去,叫你的道路通达,你就得以在我父家、我本族那里,给我的儿子娶一个妻子。
40သခင်က၊ အကြင်ထာဝရဘုရား သခင်ရှေ့ တော် ၌ ငါသွား လာ၏၊ ထိုဘုရားသည် မိမိ ကောင်းကင်တမန် ကို သင် နှင့်အတူ စေလွှတ် ၍ ၊ သင် သွား သောအမှုကို ပြုစု တော်မူသဖြင့် ၊ ငါ့ အမျိုးသား ချင်း၊ ငါ့ အဘ ၏အိမ် ထဲက ငါ့ သား ဘို့ မယား ကိုယူ ရမည်။
41只要你到了我本族那里,我使你起的誓就与你无干。他们若不把女子交给你,我使你起的誓也与你无干。』
41ငါ့ အမျိုးသား ချင်းတို့ထံသို့ ရောက် သောအခါ ၊ သင်သည် ငါ ပေးသော ကျိန်ဆို ခြင်းနှင့် ကင်းလွတ် စေ။ ထိုသူတို့သည်မိန်းမကိုမ ပေး သော်လည်း ၊ သင် သည် ငါ ပေးသော ကျိန်ဆို ခြင်းနှင့် ကင်းလွတ် စေ မည်ဟု ပြော ၏။
42「我今日到了井旁,便说:『耶和华—我主人 亚伯拉罕 的 神啊,愿你叫我所行的道路通达。
42ကျွန်ုပ်သည်ယနေ့ ရေတွင်း သို့ ရောက် ပြီးလျှင် ၊ ကျွန်ုပ် သခင် အာဗြဟံ ၏ဘုရားသခင် ထာဝရဘုရား ၊ အကျွန်ုပ် ရောက် လာသောအမှုကို ယခု ပြုစု တော်မူလျှင်၊
43我如今站在井旁,对哪一个出来打水的女子说:请你把你瓶里的水给我一点喝;
43အကျွန်ုပ် သည် ရေတွင်း နား မှာရပ် နေ၍၊ ရေခပ် ခြင်းငှါ လာ သောအကြင်သမီး ကညာကို၊ ကျွန်ုပ် သောက် ဘို့ သင် ၏ရေဘူး ၌ ရေ အနည်းငယ် ကိုပေး ပါဟုတောင်း သော်၊
44她若说:你只管喝,我也为你的骆驼打水;愿那女子就作耶和华给我主人儿子所预定的妻。』
44သောက် ပါ။ သင် ၏ကုလားအုပ် တို့ဘို့ လည်း ရေခပ် ပါမည်ဟု ပြန်ဆိုသောသမီးကညာသည်၊ ကိုယ်တော် ကျွန် ၏သား ဘို့ ၊ ခန့်ထား တော်မူသောမိန်းမ ဖြစ်ပါစေ သောဟု လျှောက်ဆို ၏။
45我心里的话还没有说完, 利百加 就出来,肩头上扛着水瓶,下到井旁打水。我便对她说:『请你给我水喝。』
45ထိုသို့စိတ်နှလုံး ၌ လျှောက်ဆို ၍ မ ပြီး မှီ၊ ရေဗက္က သည် ရေဘူး ကို ထမ်း လျက် ထွက် လာသဖြင့် ၊ ရေတွင်း သို့ ဆင်း ၍ ရေခပ် သည်ကို ကျွန်ုပ် မြင် လျှင်၊ ရေ သောက်ပါရ စေဟု သူ့ ကို တောင်း လေသော်၊
46她就急忙从肩头上拿下瓶来,说:『请喝!我也给你的骆驼喝。』我便喝了;她又给我的骆驼喝了。
46သူသည်အလျင် အမြန်ပခုံးပေါ် က ရေဘူး ကို ချ လျက် ၊ သောက် ပါလော့။ သင် ၏ ကုလားအုပ် တို့ကိုလည်း ၊ ရေ တိုက်ပါမည်ဟုဆို သည်အတိုင်း ၊ ကျွန်ုပ်သောက် ရ၏။ ကုလားအုပ် တို့ကိုလည်း ရေတိုက် လေ၏။
47我问她说:『你是谁的女儿?』她说:『我是 密迦 与 拿鹤 之子 彼土利 的女儿。』我就把环子戴在她鼻子上,把镯子戴在她两手上。
47ကျွန်ုပ်ကလည်း၊ သင် သည် အဘယ်သူ ၏ သမီး ဖြစ်သနည်းဟုမေး သော်၊ သူက၊ ကျွန်ုပ်သည် မိလခါ ဘွားမြင် သော နာခေါ် သား ဗေသွေလ ၏သမီး ဖြစ်သည် ဟုပြော ဆို၏။ ကျွန်ုပ်သည် မိလခါဘွားမြင်သော နာခေါ်သားဗေသွေလ၏သမီးဖြစ်သည်ဟုပြောဆို၏။ ကျွန်ုပ် သည်လည်း၊ သူ ၏ မျက်နှာ ၌ နှာဆွဲ ကို၎င်း၊ သူ ၏လက် ၌ လက်ကောက် တို့ကို၎င်းထည့် ပြီးလျှင်၊
48随后我低头向耶和华下拜,称颂耶和华—我主人 亚伯拉罕 的 神;因为他引导我走合式的道路,使我得着我主人兄弟的孙女,给我主人的儿子为妻。
48ဦးညွှတ် ချ၍ ၊ ကျွန်ုပ် သခင် အစ်ကို ၏ မြေး ကို သခင် ၏သား ဘို့ ယူ စေခြင်းငှါ ၊ မှန် သောလမ်း ဖြင့် ပို့ဆောင် တော်မူသောကျွန်ုပ် သခင် အာဗြဟံ ၏ ဘုရားသခင် ထာဝရဘုရား ကို ကောင်းကြီး ပေး၍ ကိုးကွယ် လေ၏။
49现在你们若愿以慈爱诚实待我主人,就告诉我;若不然,也告诉我,使我可以或向左,或向右。」
49ယခု တွင်သင် တို့သည်၊ ကျွန်ုပ် သခင် ၌ သစ္စာ နှင့် ကျေးဇူး ပြုမည်၊ မ ပြုမည်ကို ပြော ပါ။ ကျွန်ုပ် သည်လည်း ၊ လက်ျာ လမ်းဖြစ်စေ ၊ လက်ဝဲ လမ်းဖြစ်စေ၊ တလမ်းလမ်းသို့ လိုက်သွားပါမည်ဟု ပြောဆို၏။
50拉班 和 彼土利 回答说:「这事乃出于耶和华,我们不能向你说好说歹。
50လာဗန် နှင့် ဗေသွေလ တို့ကလည်း ၊ ဤအမှုသည် ထာဝရဘုရား စီရင်တော်မူသောအမှုဖြစ်၏။ အကျွန်ုပ်တို့ သည်၊ သင့် အား ကောင်း မကောင်း ကို မ ပြော နိုင် ပါ။
51看哪, 利百加 在你面前,可以将她带去,照着耶和华所说的,给你主人的儿子为妻。」
51ရေဗက္က သည် သင့် ရှေ့ ၌ရှိပါ၏။ ယူ သွားပါ လော့။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ သင် ၏ သခင် သား ၏ မယား ဖြစ် စေဟုပြန် ဆို၏။
52亚伯拉罕 的仆人听见他们这话,就向耶和华俯伏在地。
52ထိုစကားကိုကြား လျှင် ၊ အာဗြဟံ ကျွန် သည် ဦးညွှတ်ချ၍၊ ထာဝရဘုရား ကို ကိုးကွယ် ပြီးမှ၊
53当下仆人拿出金器、银器,和衣服送给 利百加 ,又将宝物送给她哥哥和她母亲。
53ငွေ ဖလား ၊ ရွှေ ဖလား ၊ အဝတ် တန်ဆာများကို ထုတ် ၍ ရေဗက္က အား ပေး ၏။ သူ ၏အမိ ၊ မောင် အား လည်း၊ အဘိုးထိုက်သော လက်ဆောင် ကိုပေး ၏။
54仆人和跟从他的人吃了喝了,住了一夜。早晨起来,仆人就说:「请打发我回我主人那里去吧。」
54သူ နှင့် သူ ၏အဘော်အပေါင်းတို့သည်၊ စားသောက် ၍ ညဉ့် ကို လွန်စေပြီးမှ ၊ နံနက် ယံ၌ ထ လျက် ၊ ကျွန်ုပ် သည်၊ သခင် ထံသို့ ပြန် ပါရစေဟု ဆို လေသော်၊
55利百加 的哥哥和她母亲说:「让女子同我们再住几天,至少十天,然后她可以去。」
55မောင် နှင့် အမိ က၊ မိန်းမ ကလေးသည်၊ ကျွန်ုပ် တို့ ထံမှာ ၊ ဆယ် ရက် ခန့် လောက်နေ ပါစေဦး။ နောက်မှ ၊ သူ့ကို သွားပါစေမည်ဟု ဆို ကြ၏။
56仆人说:「耶和华既赐给我通达的道路,你们不要耽误我,请打发我走,回我主人那里去吧。」
56ထို သူကလည်း ၊ ကျွန်ုပ် ကို မ ဆီးတား ပါနှင့်။ ထာဝရဘုရား သည်၊ ကျွန်ုပ် ရောက် လာသောအမှုကို ပြုစု တော်မူပြီ။ ကျွန်ုပ် သည် သခင် ထံသို့ သွား ရသောအခွင့် ကိုပေး ပါလော့ဟုဆိုလျှင်၊
57他们说:「我们把女子叫来问问她」,
57သူတို့က၊ မိန်းကလေး ကို ခေါ် ၍ ၊ သူ့ အလို ကို မေး ပါဦးမည်ဟု ဆို သည်နှင့်၊
58就叫了 利百加 来,问她说:「你和这人同去吗?」 利百加 说:「我去。」
58ရေဗက္က ကို ခေါ် ၍ သင်သည်ဤ လူ နှင့်အတူ ယခုလိုက် မည်လောဟု မေး သောအခါ ၊ ကျွန်ုပ်လိုက် ပါမည် ဟုဆို ၏။
59于是他们打发妹子 利百加 和她的乳母,同 亚伯拉罕 的仆人,并跟从仆人的,都走了。
59သို့ဖြစ်၍ ၊ မိမိ နှမ ရေဗက္က နှင့် သူ ၏အထိန်း ကို၎င်း ၊ အာဗြဟံ ကျွန် နှင့် သူ ၏လူ တို့ကို၎င်းလွှတ် လိုက် ကြ၏။
60他们就给 利百加 祝福说: 我们的妹子啊,愿你作千万人的母! 愿你的后裔得着仇敌的城门!
60ရေဗက္က ကိုလည်း ၊ သင် သည် ကျွန်ုပ် တို့၏နှမ ဖြစ်၏။ အသောင်း အသိန်းတို့၏အမိဖြစ်ပါစေသော။ သင် ၏အမျိုးအနွယ် သည် ရန်သူ တို့၏ တံခါး များကို အစိုး ရပါစေသောဟု ကောင်းကြီး ပေးကြ၏။
61利百加 和她的使女们起来,骑上骆驼,跟着那仆人,仆人就带着 利百加 走了。
61ရေဗက္က နှင့် သူ ၏မိန်းမငယ် တို့သည်ထ ၍ ၊ ကုလားအုပ် ကိုစီး လျက် ၊ ထိုယောက်ျား နှင့်အတူ လိုက် ကြ ၏။ ထိုသို့ အာဗြဟံကျွန် သည် ရေဗက္က ကို ဆောင်ယူ သွား လေ၏။
62那时, 以撒 住在南地,刚从 庇耳·拉海·莱 回来。
62ထိုအခါ တောင် ပြည် အတွင်း ၌ နေ သောဣဇာက် သည်၊ ဗေရလဟဲရော လမ်းဖြင့် ရောက် လာသည် ဖြစ်၍၊
63天将晚, 以撒 出来在田间默想,举目一看,见来了些骆驼。
63ညဦး အချိန်၌ ဆင်ခြင် လိုသောငှါ ၊ တော အရပ် သို့ ထွက်သွား ၍ ၊ မြော် ကြည့် လျှင် ၊ ကုလားအုပ် များ လာ သည်ကို မြင် လေ၏။
64利百加 举目看见 以撒 ,就急忙下了骆驼,
64ရေဗက္က သည်လည်း ၊ မြော် ကြည့် ၍ ဣဇာက် ကို မြင် သောအခါ ၊ ကုလားအုပ် အပေါ် မှ ဆင်း ပြီးလျှင်၊
65问那仆人说:「这田间走来迎接我们的是谁?」仆人说:「是我的主人。」 利百加 就拿帕子蒙上脸。
65ကျွန်ုပ် တို့ကို ကြိုဆို ခြင်းငှါ ၊ တော ၌ လာ သောထိုသူကား၊ အဘယ်သူ နည်းဟု ကျွန် ကို မေး လေသော် ၊ ကျွန်က၊ ထိုသူ သည် ကျွန်ုပ် သခင် ဖြစ်ပါ၏ဟု ပြောဆို သောစကားကိုကြားလျှင်၊ ရေဗက္ကသည် မျက်နှာဖုံး ကို ယူ ၍ ဖုံး လေ၏။
66仆人就将所办的一切事都告诉 以撒 。
66ကျွန် သည်လည်း၊ မိမိပြု လေသမျှ တို့ကို ဣဇာက် အား ကြား ပြောပြီးမှ၊
67以撒 便领 利百加 进了他母亲 撒拉 的帐棚,娶了她为妻,并且爱她。 以撒 自从他母亲不在了,这才得了安慰。
67ဣဇာက် သည် မိမိ အမိ စာရာ ၏ တဲ သို့ ရေဗက္က ကို ဆောင်ယူ ၍ စုံဘက် လေ၏။ ရေဗက္က ကိုချစ် နှစ်မြို့သဖြင့် ၊ အမိ သေသောအမှု၌ သက်သာ ခြင်းသို့ ရောက် လေ၏။

Tip: use the ← and → keys to turn chapters.