撒母耳记下 11
Chinese Union Version, punctuated (Simplified)
Judson Burmese Bible (1840)
1过了一年,到列王出战的时候, 大卫 又差派 约押 ,率领臣仆和 以色列 众人出 战 。他们就打败 亚扪 人,围攻 拉巴 。 大卫 仍住在 耶路撒冷 。
1အခါလည်၍ ရှင် ဘုရင်တို့သည် စစ်တိုက်ချိန် ရောက်သောအခါ ၊ ဒါဝိဒ် သည် ယွာဘ နှင့် ကျွန် များ၊ ဣသရေလ အမျိုးသားများအပေါင်း တို့ကို စေလွှတ် သဖြင့် ၊ သူတို့သည် အမ္မုန် အမျိုးသား တို့ကို တိုက်ဖျက် ၍ ရဗ္ဗာ မြို့ကို ဝိုင်းထား ကြ၏။ ဒါဝိဒ် သည် ကိုယ်တိုင်ယေရုရှလင် မြို့၌ နေ လေ၏။
2一日,太阳平西, 大卫 从床上起来,在王宫的平顶上游行,看见一个妇人沐浴,容貌甚美,
2နောက်တနေ့ညဦးယံ ၌ ဒါဝိဒ် သည် လျောင်းစက် ရာမှ ထ ၍ နန်း တော်မိုး ပေါ် မှာ စင်္ကြံ သွားစဉ်တွင်၊ အလွန် အဆင်း လှ သောမိန်းမ တယောက်ရေချိုး သည်ကို မြင် တော်မူ၏။
3大卫 就差人打听那妇人是谁。有人说:「她是 以连 的女儿, 赫 人 乌利亚 的妻 拔示巴 。」
3ထို မိန်းမ ကား အဘယ်သူနည်းဟုစေလွှတ် ၍ မေးမြန်း လျှင် ၊ ဧလျံ သမီး ၊ ဟိတ္တိ လူဥရိယ ၏မယား ဗာသရှေဘ ဖြစ်ပါသည်ဟု လျှောက် လေ၏။
4大卫 差人去,将妇人接来;那时她的月经才得洁净。她来了, 大卫 与她同房,她就回家去了。
4တဖန် လူ ကိုစေလွှတ် သဖြင့် ၊ ထိုမိန်းမကို အထံ တော်သို့ ခေါ် ခဲ့၍ ရှက်တင် လေ၏။ ထိုမိန်းမသည် မိမိအညစ်အကြေး နှင့် စင်ကြယ် အောင်ပြု၍ မိမိ အိမ် သို့ ပြန် ပြီးမှ၊
5于是她怀了孕,打发人去告诉 大卫 说:「我怀了孕。」
5ပဋိသန္ဓေ ရှိသဖြင့် ဒါဝိဒ် ထံသို့ လူကိုစေလွှတ် ၍ ၊ ကျွန်မ ၌ ပဋိသန္ဓေ ရှိပါ၏ဟု လျှောက် စေသော်၊
6大卫 差人到 约押 那里, 说 :「你打发 赫 人 乌利亚 到我这里来。」 约押 就打发 乌利亚 去见 大卫 。
6ဒါဝိဒ် သည် ယွာဘ ဆီသို့ လူကိုစေလွှတ် ၍ ဟိတ္တိ လူ ဥရိယ ကို ငါ့ ထံသို့ စေလွှတ် ရမည်ဟု မှာလိုက်သည် အတိုင်း ၊ ယွာဘ သည်စေလွှတ် ၍၊
7乌利亚 来了, 大卫 问 约押 好,也问兵好,又问争战的事怎样。
7ဥရိယ ရောက် လာသောအခါ ဒါဝိဒ် က၊ ယွာဘ ကျန်းမာ ၏လော။ လူ များကျန်းမာ ၏လော။ စစ်တိုက် ၍ အောင်မြင် သလောဟုမေးမြန်း ပြီးမှ၊
8大卫 对 乌利亚 说:「你回家去,洗洗脚吧!」 乌利亚 出了王宫,随后王送他一分 食 物。
8သင့် အိမ် သို့ သွား ၍ ခြေ ဆေး လော့ဟု မိန့် တော်မူသည်အတိုင်း ၊ ဥရိယ သည် နန်း တော်မှ ထွက် ၍ သူ နောက်မှ ခဲဘွယ် စားဘွယ်ကို ရှင်ဘုရင် ပေးလိုက်လေ၏။
9乌利亚 却和他主人的仆人一同睡在宫门外,没有回家去。
9သို့ရာတွင် ဥရိယ သည်မိမိ အိမ် သို့ မ သွား ဘဲ၊ မိမိ အရှင် ၏ကျွန် အပေါင်း တို့နှင့်အတူ နန်း တော်တံခါးဝ ၌ အိပ် လေ၏။
10有人告诉 大卫 说:「 乌利亚 没有回家去。」 大卫 就问 乌利亚 说:「你从远路上来,为什么不回家去呢?」
10ဥရိယ သည် မိမိ အိမ် သို့ မ သွား ကြောင်းကို နားတော်လျှောက် လျှင် ဒါဝိဒ် က၊ သင်သည်ခရီး သွားရာမှ ရောက် လာသည်မ ဟုတ်လော။ သင့် အိမ် သို့ အဘယ်ကြောင့် မ သွား ဘဲနေသနည်းဟု ဥရိယ ကို မေး သော်၊
11乌利亚 对 大卫 说:「 约 柜和 以色列 与 犹大 兵都住在棚里,我主 约押 和我主的仆人都在田野安营,我岂可回家吃喝、与妻子同寝呢?我敢在王面前起誓:我决不行这事!」
11ဥရိယ က၊ သေတ္တာ တော်နှင့် ဣသရေလ အမျိုး၊ ယုဒ အမျိုးသားတို့သည် တဲ ၌ နေ ကြပါ၏။ သခင် ယွာဘ နှင့် သခင် ၏ကျွန် များတို့သည် လွင်ပြင် ၌ တည်း ရကြပါ၏။ ကျွန်တော် သည် ကိုယ် အိမ် သို့ သွား ၍ စား သောက် လျက် မယား နှင့် ပျော်မွေ့ လျက်နေသင့်ပါမည်လော။ ကိုယ်တော် အသက် ရှင်တော်မူသည်အတိုင်း ၊ ထိုသို့ ကျွန်တော်မ ပြု ပါဟု ဒါဝိဒ် အား လျှောက် လေ၏။
12大卫 吩咐 乌利亚 说:「你今日仍住在这里,明日我打发你去。」于是 乌利亚 那日和次日住在 耶路撒冷 。
12ဒါဝိဒ် ကလည်း ၊ ဤ မြို့၌ ယနေ့ နေ ဦးလော့။ နက်ဖြန် နေ့ ငါလွှတ်လိုက် မည်ဟုမိန့် တော်မူသည်အတိုင်း ၊ ဥရိယ သည်ထို နေ့၊ နက်ဖြန် နေ့၊ ယေရုရှလင် မြို့၌ နေ ၏။
13大卫 召了 乌利亚 来,叫他在自己面前吃喝,使他喝醉。到了晚上, 乌利亚 出去与他主的仆人一同住宿,还没有回到家里去。
13ဒါဝိဒ် သည်လည်း ဥရိယကိုခေါ် ၍ ရှေ့ တော်၌ စား သောက် လျက် ယစ်မူး သည်တိုင်အောင်သောက်ရ၏။ သို့သော်လည်း ညဦး မှာ မိမိ အိမ် သို့ မ သွား ဘဲ၊ အရှင် ၏ ကျွန် တို့နှင့်အတူ အိပ် ခြင်းငှါ ထွက်သွား လေ၏။
14次日早晨, 大卫 写信与 约押 ,交 乌利亚 随手带去。
14နံနက် မှာ ဒါဝိဒ် သည် မှာစာ ကိုရေး ၍ ဥရိယ လက် တွင် ယွာဘ သို့ ပေးလိုက် ၏။
15信内写着说:「要派 乌利亚 前进,到阵势极险之处,你们便退后,使他被杀。」
15မှာစာချက် ဟူမူကား ၊ ကျပ်တည်း စွာစစ်တိုက် ရာ တပ်ဦး ၌ ဥရိယ ကို ခန့်ထား ပြီးမှ ၊ သူသည် ရန်သူလက် သို့ ရောက်၍ သေ စေခြင်းငှါ တပ်များကို ရုပ်သိမ်း လော့ဟု ပါသတည်း။
16约押 围城的时候,知道敌人那里有勇士,便将 乌利亚 派在那里。
16အမိန့်တော်အတိုင်း ယွာဘ သည်မြို့ ကို ကြည့်ရှု ပြီးမှ ၊ ခွန်အား ကြီးသော သူရဲ ရှိရာ အရပ် ၌ ဥရိယ ကို ခန့်ထား လေ၏။
17城里的人出来和 约押 打仗; 大卫 的仆人中有几个被杀的, 赫 人 乌利亚 也死了。
17မြို့သား တို့သည် ထွက် ၍ ယွာဘ နှင့် စစ် ပြိုင်သောအခါ ၊ ဒါဝိဒ် ၏ကျွန် အချို့တို့သည် သေ ကြ၏။ ဟိတ္တိ လူဥရိယ သည်လည်း သေ ၏။
18于是, 约押 差人去将争战的一切事告诉 大卫 ,
18ထိုနောက် ယွာဘ သည် စစ် သိတင်း အလုံးစုံ ကို ဒါဝိဒ် အား ကြား လျှောက်စေခြင်းငှါလူကိုခေါ်၍၊
19又嘱咐使者说:「你把争战的一切事对王说完了,
19သင် သည်ရှင်ဘုရင် ထံ တော်၌ စစ် သိတင်း ကို အကုန်အစင် ကြား လျှောက် ပြီးလျှင်၊
20王若发怒,问你说:『你们打仗为什么挨近城墙呢?岂不知敌人必从城上射箭吗?
20ရှင် ဘုရင်သည် အမျက် တော်ထွက် ၍ ၊ သင်တို့သည် စစ် ပြိုင်သောအခါ၊ မြို့ အနီးသို့ အဘယ်ကြောင့် ချဉ်းကပ် ကြသနည်း။ မြို့ရိုး ပေါ် က ပစ် မည်ကို မ သိ လော။
21从前打死 耶路·比设 儿子 亚比米勒 的是谁呢?岂不是一个妇人从城上抛下一块上磨石来,打在他身上,他就死在 提备斯 吗?你们为什么挨近城墙呢?』你就说:『王的仆人— 赫 人 乌利亚 也死了。』」
21ယေရုဗ္ဗေရှက် သား အဘိမလက် ကို အဘယ်သူ လုပ်ကြံ သနည်း။ သေဗက် မြို့မှာ မိန်းမ တယောက်သည် ကြိတ်ဆုံ ကျောက်တဖဲ့ ကို မြို့ရိုး ပေါ် က ပစ်ချ ၍ အဘိမလက်သေ သည်မ ဟုတ်လော။ မြို့ရိုး အနီးသို့ အဘယ်ကြောင့် ချဉ်းကပ် ကြသနည်းဟု မိန့် တော်မူလျှင် ၊ ကိုယ်တော် ၏ ကျွန် ဟိတ္တိ လူ၊ ဥရိယ သေ ကြောင်းကို လျှောက် ရမည် ဟု မှာထား ၍ စေလွှတ်လေ၏။
22使者起身,来见 大卫 ,照着 约押 所吩咐他的话奏告 大卫 。
22ယွာဘ မှာထားသည်အတိုင်း ထိုတမန် သည် သွား ၍ ဒါဝိဒ် အား ကြားလျှောက် သည်ကား၊
23使者对 大卫 说:「敌人强过我们,出到郊野与我们打仗,我们追杀他们,直到城门口。
23ရန်သူတို့သည် အမှန်စင်စစ် ကျွန်တော် တို့ကို နိုင် သဖြင့် ၊ လွင်ပြင် တိုင်အောင်လိုက်၍ တိုက်ကြပါ၏။ ကျွန်တော်တို့သည်လည်း မြို့တံခါးဝ တိုင်အောင် လှန်၍ တိုက်ကြပါ၏။
24射箭的从城上射王的仆人,射死几个, 赫 人 乌利亚 也死了。」
24လေးသမားတို့သည် မြို့ရိုး ပေါ် က ကိုယ်တော် ကျွန် တို့ကို ပစ် ၍ ကိုယ်တော်ကျွန် အချို့သေ ကြပါ၏။ ကိုယ်တော် ကျွန် ဟိတ္တိ လူ၊ ဥရိယ သည်လည်း သေ ပါ၏ဟု လျှောက် လျှင်၊
25王向使者说:「你告诉 约押 说:『不要因这事愁闷,刀剑或吞灭这人或吞灭那人,没有一定的;你只管竭力攻城,将城倾覆。』可以用这话勉励 约押 。」
25ဒါဝိဒ် ကလည်း ၊ ဤ အမှုကြောင့် စိတ် မ ပျက်နှင့်။ စစ်တိုက်ပွဲတွင် တယောက်တလှည့်သေတတ်၏။ အားယူ ၍ မြို့ ကို ကျပ်တည်း စွာ တိုက် လျက် လုပ်ကြံတိုက်ဖျက် ကြလော့ဟု တမန် အားဖြင့်ယွာဘ ကို မှာလိုက် လေ၏။
26乌利亚 的妻听见丈夫 乌利亚 死了,就为他哀哭。
26ဥရိယ သေ ကြောင်း ကို သူ၏မယား ကြား သောအခါ ၊ ခင်ပွန်း ကြောင့် ငိုကြွေး မြည်တမ်းလျက် နေ၏။
27哀哭的日子过了, 大卫 差人将她接到宫里,她就作了 大卫 的妻,给 大卫 生了一个儿子。但 大卫 所行的这事,耶和华甚不喜悦。
27ငိုကြွေး မြည်တမ်းချိန် လွန် မှ၊ ဒါဝိဒ် သည် လူကို စေလွှတ် ၍ ထိုမိန်းမကို နန်း တော်သို့ ခေါ် စေသဖြင့် ၊ သူသည် မိဖုရား အဖြစ် သို့ ရောက်၍ သား ယောက်ျားကို ဘွားမြင် လေ၏။ သို့ရာတွင် ဒါဝိဒ် ပြု သော အမှု သည် ထာဝရဘုရား ရှေ့ တော်၌ ဆိုး သောအမှုဖြစ်သတည်း။
Tip: use the ← and → keys to turn chapters.