历代志下 34
Chinese Union Version, punctuated (Simplified)
Judson Burmese Bible (1840)
1约西亚 登基的时候年八岁,在 耶路撒冷 作王三十一年。
1ယောရှိ သည် အသက် ရှစ် နှစ်ရှိသော်နန်း ထိုင်၍ ယေရုရှလင် မြို့၌ သုံးဆယ် တ နှစ် စိုးစံ လေ၏။
2他行耶和华眼中看为正的事,效法他祖 大卫 所行的,不偏左右。
2ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကိုပြု ၍ ၊ လက်ျာ ဘက်လက်ဝဲ ဘက်သို့ မ လွှဲ ၊ အဘ ဒါဝိဒ် လိုက်သောလမ်း သို့ လိုက် လေ၏။
3他作王第八年,尚且年幼,就寻求他祖 大卫 的 神。到了十二年才洁净 犹大 和 耶路撒冷 ,除掉邱坛、木偶、雕刻的像,和铸造的像。
3အသက် တော်ငယ်စဉ် ၊ နန်းစံ ရှစ် နှစ် တွင် ၊ အဘ ဒါဝိဒ် ၏ ဘုရားသခင် ကို ဆည်းကပ် စ ပြု၏။ တဆယ် နှစ် နှစ် တွင် ယုဒ ပြည်၊ ယေရုရှလင် မြို့၌ ရှိသောကုန်း ၊ အာရှရ ပင်၊ ထု သောရုပ်တု၊ သွန်း သောရုပ်တုတို့ကို သုတ်သင် ပယ်ရှင်းစ ပြု၏။
4众人在他面前拆毁 巴力 的坛,砍断坛上高高的日像,又把木偶和雕刻的像,并铸造的像打碎成灰,撒在祭偶像人的坟上,
4ဗာလ ဘုရားတို့ ယဇ် ပလ္လင်များကို ရှေ့ တော်၌ ဖြိုချ ၍ ၊ ယဇ်ပလ္လင်ပေါ်တွင် အမြင့်တင်ထားသော ရုပ်တု တို့ကို ခုတ်လှဲ ကြ၏။ အာရှရ ပင်များနှင့် ထု သောရုပ်တု၊ သွန်း သောရုပ်တုများကိုချိုးဖဲ့ ၍ ညက်ညက် ချေပြီးလျှင် ၊ ယဇ် ပူဇော်သောသူတို့၏ သင်္ချိုင်း ပေါ် မှာ ဖြန့်ဖြူး တော်မူ ၏။
5将他们祭司的骸骨烧在坛上,洁净了 犹大 和 耶路撒冷 ;
5ယဇ်ပုရောဟိတ် တို့အရိုး ကို ထိုယဇ် ပလ္လင်တည်ရာအပေါ် မှာ မီးရှို့ ၍ ၊ ယုဒ ပြည်နှင့် ယေရုရှလင် မြို့ကို စင်ကြယ် စေတော်မူ၏။
6又在 玛拿西 、 以法莲 、 西缅 、 拿弗他利 各城,和四围破坏之处, 都这样行 ;
6ထိုအတူ မနာရှေ ခရိုင် ၊ ဧဖရိမ် ခရိုင်၊ ရှိမောင် ခရိုင်၊ နဿလိ ခရိုင် တိုင်အောင် ၊ အရပ်ရပ် မြို့များတို့၌ ပေါက်တူး နှင့်လုပ်လျက်၊
7又拆毁祭坛,把木偶和雕刻的像打碎成灰,砍断 以色列 遍地所有的日像,就回 耶路撒冷 去了。
7ယဇ် ပလ္လင်နှင့် အာရှရ ပင်တို့ကို ချိုးဖဲ့ ၍ ၊ ဣသရေလ ပြည် တလျှောက်လုံး ၌ ရှိသမျှ သောရုပ်တု ဆင်းတုတို့ကို ခုတ်လှဲ ၍ ညက်ညက် ချေပြီးမှ ယေရုရှလင် မြို့သို့ ပြန် တော်မူ၏။
8约西亚 王十八年,净地净殿之后,就差遣 亚萨利雅 的儿子 沙番 、邑宰 玛西雅 、 约哈斯 的儿子史官 约亚 去修理耶和华—他 神的殿。
8နန်းစံ ဆယ် ရှစ် နှစ် တွင် ၊ နိုင်ငံ တော်နှင့် ဗိမာန် တော်ကို စင်ကြယ် စေပြီးမှ ၊ မိမိ ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်ကို ပြုပြင် လိုသောငှါ ၊ အာဇလိ ၏ သား ရှာဖန် ၊ မြို့ဝန် မာသေယ ၊ ယောခတ် သား အတွင်းဝန် ယောအာ တို့ကို စေလွှတ် တော်မူ၏။
9他们就去见大祭司 希勒家 ,将奉到 神殿的银子交给他;这银子是看守殿门的 利未 人从 玛拿西 、 以法莲 ,和一切 以色列 剩下的人,以及 犹大 、 便雅悯 众人,并 耶路撒冷 的居民收来的。
9ထိုသူတို့သည် ယဇ် ပုရောဟိတ်မင်း ဟိလခိ ထံ သို့ သွား ၍ ၊ ဗိမာန် တော်သို့ လူများဆောင်ခဲ့သောငွေ၊ မနာရှေ အမျိုးသား၊ ဧဖရိမ် အမျိုးသား၊ ကျန်ကြွင်း သော ဣသရေလ အမျိုးသားရှိသမျှ ၊ ယုဒ အမျိုးသား၊ ဗင်္ယာမိန် အမျိုးသား၊ ယေရုရှလင် မြို့သူမြို့သားအပေါင်း တို့လက် မှ တံခါး စောင့် လေဝိ သားတို့ခံ သော ငွေ ကိုယူ ၍၊
10又将这银子交给耶和华殿里督工的,转交修理耶和华殿的工匠,
10ဗိမာန် တော်ကို ကြည့်ရှု ပြုစုသောသူတို့ ၌ အပ် သဖြင့် ၊ သူတို့သည် ဗိမာန် တော်ကို ပြုပြင် ခြင်းငှါ လုပ်ဆောင် သောသူ၊
11就是交给木匠、石匠,买凿成的石头和架木与栋梁,修 犹大 王所毁坏的殿。
11ဗိသုကာနှင့် လက်သမား လုပ် သည့်အတွက် ၊ ယုဒ ရှင်ဘုရင် ဖျက်ဆီး သော အဆောင် တို့ကို ပြင်စရာ ဘို့ ဆစ်သောကျောက်များနှင့် ထုပ်လျောက်ရနယ်များကို ဝယ် သည်အတွက် ပေး ကြ၏။
12这些人办事诚实,督工的是 利未 人 米拉利 的子孙 雅哈 、 俄巴底 ;督催的是 哥辖 的子孙 撒迦利亚 、 米书兰 ;还有善于作乐的 利未 人。
12လုပ်ဆောင် သူ တို့သည် သစ္စာ စောင့် ကြ၏။ လေဝိ အမျိုး၊ မေရာရိ အနွယ် ၊ ယာဟတ် နှင့် ဩဗဒိ ၊ ကောဟတ် အနွှယ် ၊ ဇာခရိ နှင့် မေရှုလံ အစ ရှိသော တူရိယာ မျိုးကို တီးမှုတ်လျက် ၊ သီချင်းဆိုတတ်သော လေဝိ သားအပေါင်း တို့သည် ကြည့်ရှု နှိုးဆော်ကြ၏။
13他们又监管扛抬的人,督催一切做工的。 利未 人中也有作书记、作司事、作守门的。
13ထိုသူတို့သည် ဝန်ထမ်း သောသူမှစ၍ ၊ အလုပ် မျိုးကို လုပ်ဆောင် သော သူအပေါင်း တို့ကို ကြည့်ရှုအုပ်ချုပ် ကြ၏။ လေဝိ သားအချို့တို့သည်လည်း စာရေး ၊ တရားသူကြီး ၊ တံခါးစောင့် လုပ် ကြ၏။
14他们将奉到耶和华殿的银子运出来的时候,祭司 希勒家 偶然 得了 摩西 所传耶和华的律法书。
14ဗိမာန် တော်သို့ ဆောင် ခဲ့သောငွေ ကို ထုတ် သောအခါ ၊ ယဇ်ပုရောဟိတ် ဟိလခိ သည် မောရှေ ရေးထားသော ထာဝရဘုရား ၏ ပညတ္တိ ကျမ်းစာစောင် ကို တွေ့ ၍၊
15希勒家 对书记 沙番 说:「我在耶和华殿里得了律法书。」遂将书递给 沙番 。
15တွေ့ ကြောင်းကို စာရေး တော်ရှာဖန် အား ပြော လျက် ထိုကျမ်းစာကို အပ် ပေး၏။
16沙番 把书拿到王那里,回复王说:「凡交给仆人们办的都办理了。
16ရှာဖန် သည် ရှင်ဘုရင် ထံသို့ ယူသွား ၍ ၊ ကိုယ်တော် ကျွန် တို့သည် မှာ ထားတော်မူသမျှ အတိုင်း ပြု ကြ ပါ၏။
17耶和华殿里的银子倒出来,交给督工的和匠人的手里了。」
17ဗိမာန် တော်၌ တွေ့ သောငွေ ကို မှုတ် ၍ ၊ အုပ်ချုပ် သောသူနှင့် လုပ်ဆောင် သောသူတို့၌ အပ် ပါပြီဟူ၍၎င်း၊
18书记 沙番 又对王说:「祭司 希勒家 递给我一卷书。」 沙番 就在王面前读那书。
18ယဇ်ပုရောဟိတ် ဟိလခိ သည် ကျွန်တော် ၌ စာစောင် ကို အပ် ပါပြီဟူ၍၎င်း ကြားလျှောက် လျက် ၊ ရှင်ဘုရင် ရှေ့ တော်၌ ဘတ်ရွတ် လေ၏။
19王听见律法上的话,就撕裂衣服,
19ရှင် ဘုရင်သည် တရား စကား ကိုကြား လျှင် ၊ မိမိ အဝတ် ကိုဆုတ် ၍၊
20吩咐 希勒家 与 沙番 的儿子 亚希甘 、 米迦 的儿子 亚比顿 、书记 沙番 ,和王的臣仆 亚撒雅 说:
20ယဇ်ပုရောဟိတ်ဟိလခိ ၊ ရှာဖန် သား အဟိကံ ၊ မိက္ခါ သား အာဗဒုန် ၊ စာရေး တော်ရှာဖန် ၊ မိမိကျွန် အာသာယ ကို ခေါ် ၍၊
21「你们去为我、为 以色列 和 犹大 剩下的人,以这书上的话求问耶和华;因我们列祖没有遵守耶和华的言语,没有照这书上所记的去行,耶和华的烈怒就倒在我们身上。」
21ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့ အတွက် ဣသရေလ ပြည်နှင့် ယုဒ ပြည်၌ ကျန်ကြွင်း သေးသောသူတို့ အတွက် ထာဝရဘုရား ၌ မေးလျှောက် ကြပါ။ ဘိုးဘေး တို့သည် ထာဝရဘုရား ၏ အမိန့် တော်ကို နား မ ထောင်၊ ဤ ကျမ်းစာ ၌ ရေးထား သမျှ အတိုင်း မကျင့် ဘဲ နေသောကြောင့်၊ ထာဝရဘုရား သည် ငါ တို့၌ ပြင်းစွာ အမျက် ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။
22于是, 希勒家 和王所派的众人都去见女先知 户勒大 。 户勒大 是掌管礼服 沙龙 的妻, 沙龙 是 哈斯拉 的孙子、 特瓦 的儿子。 户勒大 住在 耶路撒冷 第二区;他们请问于她。
22ထိုကာလတွင်၊ ဟရဟတ် သား ဖြစ်သော တိကဝ ၏သား အချုပ်ဝန်ရှလ္လုံ ၏မယား ၊ ပရောဖက်မ ဟုလဒ သည် ယေရုရှလင် မြို့၌ နေ သည်ဖြစ်၍၊ ဟိလခိ နှင့် ရှင်ဘုရင် ၏လူ တို့သည် ထိုမိန်းမ ထံသို့ သွား၍ ပြောဆို ကြ၏။
23她对他们说:「耶和华— 以色列 的 神如此说:『你们可以回复那差遣你们来见我的人说,
23မိန်းမကလည်း၊ ငါ့ ထံသို့ စေလွှတ် သော သူ ထံသို့ သင် တို့ပြန်၍ ဆင့်ဆို ရသော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရ ဘုရား၏ အမိန့် တော်ဟူမူကား၊
24耶和华如此说:我必照着在 犹大 王面前所读那书上的一切咒诅,降祸与这地和其上的居民;
24ယုဒ ရှင်ဘုရင် ရှေ့ မှာ ဘတ် ရသော ကျမ်းစာ ၌ ရေးထား သမျှ သောအကျိန် စကားပြည့်စုံစေခြင်းငှါ၊ ငါသည်ဤ အရပ် ၌ ၎င်း ၊ ဤ အရပ် သားတို့၌ ၎င်း ဘေး ရောက် စေမည်။
25因为他们离弃我,向别神烧香,用他们手所做的惹我发怒,所以我的忿怒 如火 倒在这地上,总不息灭。』
25အကြောင်း မူကား၊ သူတို့သည် ငါ့ ကိုစွန့် ကြပြီ။ မိမိ လုပ် သော အရာတို့ဖြင့် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါ ၊ အခြား တပါးသော ဘုရား တို့ရှေ့ မှာ နံ့သာပေါင်း ကို မီးရှို့ကြပြီ။ ထိုကြောင့်ဤ အရပ် ၌ ငါ့ အမျက် မီးသည် မ ငြိမ်း ဘဲလောင် ရလိမ့်မည်ဟု မိန့်တော်မူ၏။
26然而差遣你们来求问耶和华的 犹大 王,你们要这样回复他说:『耶和华— 以色列 的 神如此说:至于你所听见的话,
26ထာဝရဘုရား ကို မေးလျှောက် စေခြင်းငှါ ၊ သင် တို့ကိုစေလွှတ် သော ယုဒ ရှင်ဘုရင် ကြား သော ကျမ်းစကား ကို ရည်ဆောင် ၍ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူကြောင်း ကို ထိုရှင်ဘုရင်အား တဖန်ပြန်လျှောက်ရမည်ကား၊
27就是听见我指着这地和其上居民所说的话,你便心里敬服,在我面前自卑,撕裂衣服,向我哭泣,因此我应允了你。这是我—耶和华说的。
27ဤ အရပ် ကို ၎င်း ၊ ဤအရပ်သားတို့ကို၎င်း၊ ငါခြိမ်းချောက်သော စကား ကို သင် သည်ကြား သောအခါ ၊ နူးညံ့ သောစိတ်ရှိ၍ ၊ ဘုရားသခင့်ရှေ့ တော်၌ ကိုယ်ကိုနှိမ့်ချ ခြင်း၊ ကိုယ် အဝတ် ကိုဆုတ် ခြင်း၊ ငါ့ ရှေ့ မှာ ငိုကြွေး ခြင်းကိုပြုသောကြောင့် ၊ သင့်စကား ကို ငါ နားထောင် ၏။
28我必使你平平安安地归到坟墓,到你列祖那里,我要降与这地和其上居民的一切灾祸,你也不至亲眼看见。』」他们就回复王去了。
28ငါ သည် သင် ကို ဘိုးဘေး စုဝေး ရာသို့ ပို့ဆောင်၍၊ သင် သည် ငြိမ်ဝပ် စွာ သင်္ချိုင်း သို့ရောက် ရလိမ့်မည်။ ဤ အရပ် ၌ ၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ငါ ရောက် စေအံ့သော ဘေး ကို သင့် ကိုယ်တိုင် မ တွေ့ မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း၊ သူတို့သည် ရှင်ဘုရင် အား ပြန် လျှောက် ကြ၏။
29王差遣人招聚 犹大 和 耶路撒冷 的众长老来。
29ထိုအခါ ရှင် ဘုရင်သည် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားအသက်ကြီး သူအပေါင်း တို့ကို ခေါ် ၍၊
30王和 犹大 众人,与 耶路撒冷 的居民,并祭司 利未 人,以及所有的百姓,无论大小,都一同上到耶和华的殿;王就把殿里所得的约书念给他们听。
30ယုဒ ပြည်သူ ယေရုရှလင် မြို့သား ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ လူ အကြီး အငယ် အပေါင်း တို့နှင့်တကွ ၊ ဗိမာန် တော်သို့ တက် ၍ ဗိမာန် တော်၌တွေ့ သော ပဋိညာဉ် ကျမ်းစာ ရှိသမျှ ကို သူ တို့ရှေ့ မှာ ဘတ် တော်မူ၏။
31王站在他的地位上,在耶和华面前立约,要尽心尽性地顺从耶和华,遵守他的诫命、法度、律例,成就这书上所记的约言;
31ရှင်ဘုရင် ကလည်း ၊ ထာဝရဘုရား ကို ဆည်းကပ် ပါမည်။ စီရင် ထုံးဖွဲ့ချက်ပညတ် တရားကို စိတ်နှလုံး အကြွင်းမဲ့စောင့်ရှောက် ပါမည်။ ဤ ကျမ်းစာ ၌ ပါ သောပဋိညာဉ် စကား အတိုင်း ကျင့် ပါမည်ဟု မိမိ နေရာ ၌ ရပ် ၍ အဓိဋ္ဌာန် ပြု ၏။
32又使住 耶路撒冷 和 便雅悯 的人都服从 这约 。于是 耶路撒冷 的居民都遵行他们列祖之 神的约。
32စည်းဝေးသော ယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုးသား အပေါင်း တို့သည်၊ ထိုအဓိဋ္ဌာန်ကို ဝန်ခံရမည် အကြောင်းစီရင်တော်မူ၏။ ယေရုရှလင် မြို့သား တို့ သည်လည်း ၊ ဘိုးဘေး တို့ကိုးကွယ်သော ဘုရားသခင် ၏ ပဋိညာဉ် တရားအတိုင်း ကျင့် ကြ၏။
33约西亚 从 以色列 各处将一切可憎之物尽都除掉,使 以色列 境内的人都事奉耶和华—他们的 神。 约西亚 在世的日子,就跟从耶和华—他们列祖的 神,总不离开。
33ယောရှိ မင်းသည်လည်း ၊ ရွံရှာ ဘွယ်သောအရာရှိသမျှ တို့ ကို ဣသရေလ အမျိုးသား ပိုင်သော ပြည်အရပ်ရပ် တို့မှ ပယ်ရှား၍၊ ဣသရေလအမျိုးသားပိုင်သော ပြည်အရပ်ရပ်တို့မှ ပယ်ရှား၍၊ ဣသရေလပြည်၌ နေသောသူအပေါင်းတို့သည်၊ မိမိ တို့ဘုရားသခင် ထာဝရဘုရား ကို ဝတ်ပြု ရမည်အကြောင်း ၊ စီရင်တော်မူသဖြင့်၊ လက်ထက် တော်ကာလပတ်လုံး သူတို့သည် မ ဖောက်ပြန် ၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား နောက်တော်သို့ လိုက်လျက်နေကြ၏။
Tip: use the ← and → keys to turn chapters.